Monday 17 September 2012

Flash Song ကို ဘောင်ခတ်ပြီး ထည့်ချင်ရင်

သူငယ်ချင်း များ အားလုံးပဲ မင်္ဂလာပါနော်..ကျွန်တော် ဒီနေ့ ပြောမှာက အထူးအဆန်းမဟုတ်ပေမယ့်

လူတိုင်း သိပ်မသိသေးတာရယ် ၊သိပ်မသုံးကြသေးတာရယ်..နောက် ဒီလိုလေး ဘောင်ခတ်တာ

၂ ယောက်လောက် သုံးတာ တွေ့တာနဲ့ ကျွန်တော့် သူငယ်ချင်းတွေလည်း အဲလို လုပ်ချင်မလားလို့ပါ..

ဘာပဲဖြစ်ဖြစ် သိထားတော့ သုံးချင်တယ်ဆို သုံးလို့ ရအောင်ပါ..မလိုဘူးထင်ရင်လည်း သဘောပေါ့နော်..

ကဲ ကျွန်တော် နမူနာလေး တစ်ခုပြပါမယ်..အောက်မှာ ကြည့်လိုက်ပါ..



<div style="width:550px;height:400px;border:5px solid blue;"> ဒီနေရာမှာ Flash Song ထည့်တဲ့ကုတ် ထည့်လိုက်ပါ။ </div>

ဒီကုတ်ကို သင်နည်းနည်းပြင်နိုင်ပါတယ်..

width:550px;height:400px အလျား အနံ ကိုယ်သုံးချင်သလောက်အတိုး အလျော့ လုပ်ပါ။

border:5px ဘောင် အထူအပါးဖြစ်ပါတယ်.. 5 ကို ကိုယ်သုံးချင်သလောက်။

solid ဆိုတာကတော့ ဘောင်ပုံစံ ဖြစ်ပါတယ်.. blue ကတော့ ဘောင်အရောင်ပါ။

ကိုယ်သုံးချင်တဲ့ အရောင် ရေးပေါ့။ဘောင် ပုံစံတွေကတော့  ridge ၊ dotted ၊ dashed ၊ solid ၊ double ၊ inset ၊ groove ။

ကိုယ်ကြိုက်တဲ့ ဘောင် ပုံစံကို အသုံးပြုနိုင်ပါတယ်..



                border-style: ridge



               border-style: dotted


              border-style: dashed


              border-style: solid


               border-style: double

                
                 border-style: inset


                 border-style: groove

ကဲ ဒီတစ်ခါ ပြမယ့် ဘောင်ခတ်တဲ့ စတိုင်လ်လေး ကတော့ တော်တော် လန်းတယ်ဗျာ..

အောက်မှာ နမူနာ တစ်ခု ပြထားပါတယ်.. တစ်ချက်ကြည့်လိုက်ပါ..



ကြိုက်တယ်..သုံးချင်တယ်ဆိုရင်တော့ ဒီအောက်က ကုတ်လေးကို အသုံးပြုနိုင်ပါတယ်..

<div style="border-style: dotted dashed solid double; border-color:
yellow green red blue; border-width: 5px; width: 550px; height: 400px;"> ဒီနေရာမှာ Flash Song ထည့်တဲ့ကုတ် ထည့်လိုက်ပါ။ </div>


border-style: မှာ အပေါ်မှာ ရေးပေးထားတဲ့ ဘောင် ပုံစံတွေထဲက ၄ ခု ရေးလိုက်ပါ..

border-color: မှာ ကိုယ်သုံးချင်တဲ့ အရောင်နာမည် [သို့] ကုတ် ရေးထည့်လိုက်ပေါ့။

အဲဒါဆိုရင်တော့ ဘောင် စတိုင်လ် လေးမျိုးနဲ့ ကာလာ လေးမျိုး ရောထားတဲ့ အပေါ်က ပုံစံမျိုးလေး

ရပါပြီဗျာ..အဲဒီ “ဒီနေရာမှာ Flash Song ထည့်တဲ့ကုတ် ထည့်လိုက်ပါ။” ဆိုတဲ့နေရာမှာ  Flash Song

ကုတ်မှ မဟုတ်ပါဘူး ပုံတွေကိုလည်း ဘောင်လေးနဲ့ သုံးချင်ရင်လည်း ပုံကုတ် ထည့်ပေါ့။ စာရေးချင်လည်း

ရတယ်ဗျာ ... ကိုယ်စိတ်ကူးရှိသလိုသာ ပြင်ဆင်ပြီး သုံးကြပေါ့နော်.. သူငယ်ချင်းများ အားလုံး အစစ

အဆင်ပြေ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။