သီချင်းစာမျက်နှာ(၄) မှာ တောင်းဆိုထားတဲ့သီချင်းတွေထပ်တင်ပေးထားပါတယ်။
| .......................................... |
|
Showing posts with label အသိပေးခြင်း. Show all posts

Thursday, 24 July 2014
Wednesday, 7 May 2014
Saturday, 30 November 2013
သူငယ်ချင်းများသို့ အသိပေးစာ
ကျွန်တော်ဒီဆိုဒ်လေးကို လာရောက် လည်ပတ်ကြတဲ့ သူငယ်ချင်းတွေကို ကြိုတင်ပြီး အသိပေးချင်တာလေး ရှိပါတယ်။
အဲဒါကတော့ 02/01/2014 နေ့ကျရင် ကျွန်တော် မြန်မာပြည်ကို အပြီးပြန်တော့မယ့်အကြောင်းပါ။ ဒီနေ့ မနက်လေးကပဲ
လေယာဉ်လက်မှတ် ဖြတ်ထားပါပြီ။ ပြန်ဖို့ရက်ကတော့ ၁ လလောက် လိုပါသေးတယ်။ ဒီကြားထဲမှာ တတ်နိုင်သလောက်
ပို့စ်လေးတွေ တင်ပေးပါဦးမယ်။ နောက်ပိုင်းကျရင်တော့ သူငယ်ချင်း မိုးကဗျာက သူ ကောင်းမယ်ထင်တဲ့ ပို့စ်လေးတွေ
ဆက်တင်ပေးပါလိမ့်မယ်။ သူကတော့ Flash Song လုပ်တာကျွမ်းတော့ Flash Song နဲ့ပက်သက်တဲ့ နည်းပညာတွေ ၊
Flash Effect တွေ ၊ ပုံလေးတွေ များများတင်ပေးနိုင်ပါလိမ့်မယ်။ အသုံးဝင်မယ့် ဆော့ဝဲလ်တွေနဲ့ ၊ Mp3 သီချင်းလေးတွေ

Monday, 4 November 2013
English Mp3 သီချင်းများ ဒေါင်းရန်
အားလုံးပဲ မင်္ဂလာပါ။ English Mp3 သီချင်းတွေ နားထောင်ချင်တဲ့ ၊ လိုချင်တဲ့သူငယ်ချင်းတွေအတွက် ဒီနေ့တော့
English Mp3 သီချင်းများ ဒေါင်းရန် ဆိုတဲ့ စာမျက်နှာတစ်ခုဖွင့်ထားပါတယ်။ လောလောဆယ်မှာ 2013 ခုနှစ်အတွင်း
အကောင်းဆုံး သီချင်းတွေနဲ့ Avril Lavigne ရဲ့ Avril Lavigne ဆိုတဲ့ Album ထဲကသီချင်းတွေရော အားလုံးပေါင်းဆိုရင်
65 ပုဒ် ကျော်ကို ဒီနေရာလေးမှာ စုတင်ပေးထားပါပြီ။ အင်္ဂလိပ် သီချင်းတွေက Copyright ရှိတာကြောင့် ပို့စ်အဖြစ်နဲ့
မတင်တော့ပါဘူး။ အဲဒီစာမျက်နှာမှာလည်း Hide လုပ်ပြီးတော့ပဲ တင်ထားပါတယ်။ ဒါ့ကြောင့် သီချင်းတွေကို ပေါ်ဖို့
Show/hide ဆိုတဲ့ Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။ နောက်ထပ် အင်္ဂလိပ် Mp3 သီချင်းတွေ လိုချင်တာရှိရင်လည်း
Mp3 သီချင်းများ တောင်းဆိုရန် ဆိုတဲ့စာမျက်နှာမှာ သွားရောက် ပြောထားနိုင်ပါတယ်။ Album လိုက်တော့ မတင်ပါ။
အင်တာနက်လိုင်း မကောင်းတဲ့အတွက်ကြောင့်ပါ။ နောက်နေ့ကျရင် သီချင်းရှာနည်း ဒေါင်းနည်းတွေ တင်ပေးပါမယ်။

Thursday, 31 October 2013
သီချင်း ချစ်သူများအတွက် သတင်းကောင်း
ကျွန်တော် ဆိုဒ်မှာ Mp3 သီချင်းတွေကို Album လိုက်ဖြစ်ဖြစ် အဆိုတော် တစ်ယောက်ရဲ့ သီချင်းတွေ သီးသန့်စုစည်းမှု
တစ်ခုဖြစ်ဖြစ် လုပ်ပြီး တင်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ Mp3 သီချင်းတွေ တင်ပေးနေတဲ့ ဆိုဒ်တွေကတော့
အများကြီးပါ။ သူတို့က သီချင်းကို ကွာလတီကောင်းကောင်း အနည်းဆုံး 128 kbps နဲ့ တင်ပေးတာကြတာ များတယ်။
တစ်ချို့ဆို 192 kbps နဲ့ နောက် 320 kbps နဲ့ပါ တင်ပေးတဲ့ဆိုဒ်တွေလည်း ရှိပါတယ်။ အဲဒီတော့ သီချင်းတစ်ပုဒ်တင်
4 MB, 7 MB , 10 MB အဲလိုတွေ ဖြစ်နေတာဆိုတော့ လိုင်းမကောင်းတဲ့ သူငယ်ချင်းတွေအတွက် အဆင်မပြေနိုင်ဘူး။
ကျွန်တော်ကတော့ mp3 သီချင်းတွေကို 64 kbps နဲ့ ဆိုဒ်ချုံ့လိုက်တော့ အလွန်ဆုံး 3 MB လောက်ပဲ ရှိတော့တယ်။
တစ်ချို့သီချင်းတွေဆို 1 MB ကျော်ကျော်လေးပါပဲ။ ကွာလတီက သိပ်တော့မကွာပါဘူး။ အသံလေးပဲ နည်းနည်းလေး
တိုးသွားတာ ဖြစ်နိုင်ပါတယ်။ တစ်ပုဒ် နှစ်ပုဒ်က မသိသာပေမယ့် သီချင်းတစ်ပုဒ်ကို 4 MB နဲ့ 10 ပုဒ် ဒေါင်းမယ်ဆိုရင်

Friday, 4 October 2013
Reply For You
သူငယ်ချင်းများအားလုံး မင်္ဂလာပါနော်.. ဒီနေ့တော့ ကျွန်တော့်ဆီကို အကြောင်းအမျိုးမျိုးနဲ့ ဆက်သွယ်ကြတဲ့သူတွေကို
လိုအပ်ရင် ပြန်ပြောဖို့ ဒီစာမျက်နှာလေး လုပ်လိုက်ပါတယ်။ အဓိက ဆိုဒ်မှာ တင်ထားတဲ့ ပို့စ်တွေနဲ့ ပက်သက်ပြီးတော့
ကျွန်တော့်ကို ပြောလာတာလေးတွေရယ် တစ်ခြား အကြောင်း ကိစ္စတွေနဲ့ မေးမြန်း ပြောဆိုထားတာလေးတွေကိုရော
ဒီနေရာလေးမှာ ပြန်ဖြေပေးပါမယ်။ ခုလာလောဆယ်တော့ အနော်ပြောစရာလေးတစ်ခု ရှိတယ်။ Mp3 သီချင်းလေးတွေ
လာနားထောင်တဲ့ ၊ ဒေါင်းယူကြတဲ့ သူငယ်ချင်းတစ်ချို့ တင်ပေးထားပြီးသား သီချင်းတစ်ပုဒ်ကို ၅ ခါ ၆ ခါလောက်အထိ
ထပ်ထပ်တောင်းနေကြလို့ပါ။ အဲဒီကိစ္စနဲ့ ပက်သက်ပြီး Mp3 သီချင်းများ တောင်းဆိုရန် နေရာမှာ ပြောထားပြီးသားပါ။
သီချင်းတစ်ပုဒ်ကို ၂ ခါမတောင်းဖို့နဲ့ တင်ထားပြီးသား သီချင်းကို ထပ်မတောင်းဖို့။ သေသေချာချာ ရှာကြည့်ဖို့ပါ။
ခုအနော့်ဆိုဒ်မှာ Mp3 သီချင်းတွေကို တင်ပေးထားတာ ၂ မျက်နှာ ရှိပါတယ်။ တစ်မျက်နှာကို အပုဒ် ၁၅၀ စီတင်မှာပါ။
ပြည့်သွားရင် နောက်ထပ် စာမျက်နှာ တစ်ခု ထပ်လုပ်ပြီး တင်ပေးပါမယ်။ နောက်ရက်ကျရင် ဓမ္မတေးတွေ တင်ဖို့လည်း

Saturday, 31 August 2013
Flash Song များ၏ Resolution နှင့် ပက်သက်၍ အကြံပေးခြင်း
ကျွန်တော် အခုတလောမှာ Flash Song တွေရဲ့ Resolution နဲ့ ပက်သက်ပြီးတော့ နည်းနည်း လိုက်ပြီး လေ့လာမိတယ်။
Flash Song လုပ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် သီချင်းတွေလုပ်တဲ့အခါ Width နဲ့ Height တွေ မတူကြပါဘူး။
တစ်ချို့က ကိုယ်ထည့်မယ့် ပုံတွေ ၊ Effect တွေနဲ့ အဆင်ပြေမယ့် Width, Height နဲ့ လုပ်ကြတယ်။ တစ်ချို့ကျတော့
ကိုယ်လေးစား အားကျတဲ့ Flash Song Creator တွေ လုပ်တဲ့ Width, Height ကို ကြည့်ပြီး လုပ်ကြတာလည်း ရှိပါတယ်။
နောက်ပြီး ကိုယ်တိုင်ပဲ Width, Height တွေ လိုက်စမ်းကြည့်ပြီး ကိုယ်ကြိုက်တဲ့ Resolution နဲ့ လုပ်တာတွေရောပေါ့..။
အဲဒီလို ကြည့်တဲ့ နေရာမှာလည်း ကိုယ့် ကွန်ပျူတာ ၊ ကိုယ် သုံးနေတဲ့ Browser တွေ အပေါ် မူတည်ပြီး Resolution က
ပေါ်တာချင်း မတူတာပါဘူး။ ကိုယ်ကတော့ ကိုယ့်ကွန်ပျူတာနဲ့ ဖွင့်ကြည့်ပြီး ဒီဆိုဒ်ကတော့ ကြည့်လို့ကောင်းတယ်ဆိုပြီး
လုပ်လိုက်ပေမယ့် တစ်ခြား Resolution မတူတဲ့ ကွန်ပျူတာ တစ်ခုက ကြည့်မယ်ဆိုရင်တော့ ကြည့်ရတာ ကောင်းချင်မှ
ကောင်းတော့မှာပါ။ အဲဒီတော့ ကွန်ပျူတာတိုင်းမှာ ကြည့်လို့ အဆင်ပေမယ့် Resolution တစ်ခုတော့ ရှိသင့်တယ်ဆိုပြီး

Monday, 19 August 2013
Flower Flash Effectများ ဒေါင်းရန် ၁
ကျွန်တော် ဒီနေ့တော့ Flower Flash Effect လေးတွေ တင်ပေးလိုက်ပါတယ်နော်။ Flash Song တွေ ဖန်တီးနေတဲ့
သူငယ်ချင်းတွေအတွက် အရမ်းကို အသုံးဝင်မယ်လို့ ထင်ပါတယ်။ Effect တွေကို ဒေါင်းယူရတာ လွယ်အောင်ရယ်
Effect လေးတွေကို ကြည့်ပြီးမှ ဒေါင်းယူချင်တဲ့ သူငယ်ချင်းတွေအတွက်ရော ၂ ခုစလုံးအဆင်ပြေအောင် ကျွန်တော်
Google Site ကနေ Upload တင်ပေးထားပါတယ်။ ကြည့်မယ်ဆိုရင် Flash ဖိုင် နာမည်လေးတွေကို နှိပ် ကြည့်ပါ။
ဒေါင်းယူမယ်ဆိုရင် အောက်က ပုံလေးမှာ မြားထိုးပြထားတဲ့ Download မြားလေးတွေကို နှိပ်ပြီး ဒေါင်းယူလိုက်ပါ။
Wednesday, 24 July 2013
စာလုံး ဒီဇိုင်းအလန်းလေးတွေ ရေးချင်ရင်
ခုနောက်ပိုင်း သူငယ်ချင်းတွေ နာမည်လေးတွေကို ဒီလို စာလုံးဒီဇိုင်း အလန်းလေးတွေနဲ့ ရောစပ်ပြီး ရေးနေကြသလို
Flash Songs တွေ Photoshop တွေမှာလည်း သုံးနေကြပါတယ်။ ဝဘ်ဆိုဒ်တွေမှာ လည်း ကိုယ်ဒီဇိုင်း စဉ်းစားတတ်ရင်
ဒီပုံလေးတွေ အသုံးပြုပြီးတော့ အလန်းဇယားလေးတွေ ဖြစ်အောင် ဖန်တီးလို့ ရပါသေးတယ်။ ဒီပို့စ်လေးကိုတော့
Ning ဆိုဒ်တစ်ခုမှာ တင်ထားတာ တွေ့လို့ အသုံးဝင်တာနဲ့ သိမ်းထားတာ တော်တော် ကြာပါပြီ။ ဟိုတစ်လောက
သူငယ်ချင်းတစ်ယောက် ကျွန်တော့်ဆိုဒ်က Mp3 သီချင်းများ ဒေါင်းရန် စာမျက်နှာလေးမှာ သုံးထားတာလေးကို
သဘောကျလို့ မေးသေးတယ်။ ဒါ့ကြောင့် ဒီပို့စ်လေးကို ပြန်လည် မျှဝေပေးလိုက်တာပါ။ မူရင်းပို့စ်ပိုင်ရှင်ကိုတော့
ဘယ်သူလဲဆိုတာတော့ မမှတ်မိတော့ပါဘူး။ အခုလို စာလုံး ဒီဇိုင်းလေးတွေ စုံစုံလင်လင်လေးစုပြီး တင်ပေးတဲ့အတွက်
အထူးပဲ ကျေးဇူးတင်မိပါတယ်။ အောက်မှာမူရင်းပို့စ်အတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်..

Friday, 12 July 2013
Logo ဒီဇိုင်းအလန်းတွေ ဖန်တီးနိုင်တဲ့ ဝဘ်ဆိုဒ်
Blog ခေါင်းစီးပုံတွေ လင့်ချိတ်ဖို့ ပုံလေးတွေ စသည်ဖြင့် ကိုယ်လိုအပ်မယ့် နေရာတွေမှာ သုံးဖို့
ပုံလေးတွေ လိုအပ်မယ်ဆိုရင် http://www1.flamingtext.com/ ကိုသာ သွားလိုက်ပါ။ များပြားတဲ့
ဒီဇိုင်း ၊ အလွန် လွယ်ကူလှတဲ့ ဖန်တီးမှုတွေနဲ့ သင်ကြိုက်နှစ်သက်မယ့် ပုံလေးတွေ အမြန် လုပ်နိုင်ပါပြီ။
Wednesday, 10 July 2013
White Blogger Template
ဒီ Template ကို နည်းပညာ၊ ကဗျာ ၊ ဗဟုသုတ စတဲ့ စာပေတွေ ရေးတင်မယ့် သူတွေနဲ့ သီချင်းတွေ ဆော့ဝဲလ်တွေ
တင်ဖို့အတွက်ရော ရည်ရွယ်ပြီးတော့ ဖန်တီးလိုက်တာပါ။ ရိုးရှင်းပြီး သေသပ်လှပတဲ့ Template တစ်ခုဆိုတာ အထူး
ပြောပြစရာတောင် လိုမယ် မထင်ပါဘူး။ အထူးပြုလုပ်ချက်တွေ အနေနဲ့ကတော့ သင့်စက်ထဲမှာ ဇော်ဂျီဖောင့် မရှိလည်း
ဖတ်လို့ ရနိုင်မှာဖြစ်ပြီး Loading ပိုင်းလည်း အလွန် မြန်ဆန်ပါတယ်။ Layout ဒီဇိုင်း ကိုတော့ အကြိုက်ဆုံး ဖြစ်မှာပါ။
Tuesday, 21 May 2013
Flash Song ဝါသနာရှင်များအတွက် Flash ဆိုဒ်အသစ်တစ်ခု

ကျွန်တော် ဒီဆိုဒ်လေးက လွန်ခဲ့တဲ့ ၅ ရက်လောက်ကမှ တွေ့ခဲ့တာပါ။ Flash နဲ့ ပက်သက်ပြီး အတော်လေးကို
စုံလင်တဲ့ ဆိုဒ်တစ်ခုပါပဲ။ စိတ်ရှည်ရှည်နဲ့ ရှာနိုင်ရင်၊ ရှာတတ်ရင် ၊ ရှာတတ်သလို ကိုယ်လိုချင်တာကို ရပါလိမ့်မယ်။
ဆိုဒ်ရဲ့ ညာဘက်မှာ Menu Tab တွေ ရှိပါတယ်။ အဲဒီကနေ အဆင့်ဆင့် အများကြီး ရှိပါသေးတယ်။ အချိန်ပေးပြီး
ရှာမယ်ဆိုရင် ဘယ်သူမှ မသုံးဖူးသေးတဲ့ Flash Effect သစ်တွေ သင့်လက်ထဲကို တစ်ပုံကြီး ရောက်လာမှာပါ....
ဒေါင်းရတာလည်း လွယ်ပါတယ်။ ဝဘ်ဆိုဒ်လင့်ကို အောက်မှာ ပေးထားပါတယ်နော်..သွားရှာပြီး ဒေါင်းလိုက်ပါဦး..
Friday, 17 May 2013
Google Drive မှ Flash Song များကို Upload တင်နည်း Video
ခုနောက်ပိုင်း Ning ဆိုဒ်တွေက Flash Song တွေ လင့်ချိတ်ဖို့ စိတ်မချရတော့ပါဘူး။ ကိုယ်က အဲဒီဆိုဒ်ကနေပြီးတော့
အပြီး ထွက်လိုက်လို့ လင့်ပျက်တာတွေနဲ့ ခု သူတို့ဆိုဒ်တွေ ပျက်တော့မှာဆိုတော့ Ning ဆိုဒ်တွေမှာ လင့်ချိတ်ဖို့က
ဘယ်လိုမှ မကောင်းတော့ပါဘူး။ ပြီးတော့ ဖိုင်ဆိုဒ်ကလည်း ကန့်သတ်ထားသေးတယ်။ ကိုယ့်သုံးနေတဲ့ အင်တာနက်
လိုင်းက သိပ်မကောင်းရင်လည်း လင့်က မကျတော့ပဲနဲ့ Error ပဲ တက်လာတတ်ပါတယ်။ Google Drive မှာက
အဲဒီ အချက်တွေအားလုံး ကောင်းပါတယ်။ လင့်တွေ ကြာရှည်ခံဖို့ စိတ်ချရတယ်။ ဖိုင်ဆိုဒ် အကြီးကြီးတွေပါ တင်လို့
ရတယ်။ Upload တင်နေရင်း လိုင်းနှေးသွားလို့ ပြုတ်မကျသွားပါဘူး။ Upload တင်တာ ပြီးတဲ့အထိ ဖြေးဖြေးချင်း
Loading ဖြစ်နေပေးပါတယ်။ Flash Song တင်မဟုတ်ပဲ ဆော့ဝဲလ်တွေ၊ mp3 သီချင်းတွေ၊ .css .js .html ဖိုင်တွေရော
အကုန် တင်လို့ ရပါတယ်။ သင့်အနေနဲ့ Gmail အကောင့် တစ်ခုရှိရုံနဲ့ 5GB အထိ Upload တင်လို့ ရပါတယ်နော်..
ကျွန်တော်အရင်က ရေးထားတဲ့ Files Upload & Sharing with Google Drive [ Second Edition ] ကိုလည်း သွားပြီး
ဖတ်စေချင်ပါတယ်။ အဲဒီမှာ ပုံတွေနဲ့ သေချာရှင်းပြပေးထားတာပါ။ ဒါပေမယ့် တစ်ချို့က သိပ်နားမလည်သေးဘူးဆိုလို့

Thursday, 16 May 2013
Flash သီချင်း ချစ်သူများသို့ အထူးအသိပေးခြင်း..
ခုသတင်းလေးက သူငယ်ချင်းတို့နဲ့လည်း ဆိုင်နေတာဆိုတော့ အသိပေးဖို့က ကျွန်တော်မှာ တာဝန်ရှိတယ်လေ..
Flash Song လုပ်သူ အားလုံးလိုလို Ning ဆိုဒ်ကပဲ လင့်ချိတ်ကြတာဆိုတော့ ချစ်သူမြို့တော် ဆိုဒ်က လင့်ချိတ်ခဲ့တဲ့
လူတွေလည်း များလိမ့်မယ်လို့ ထင်ပါတယ်။မနေ့က ရွှေမြို့တော်မှာ အောက်က ပို့စ်လေး တင်ထားတာ တွေ့တယ်။
ရွှေ..မင်ဘာများအတွက်..သတင်းကောင်း( ဖတ်လိုက်ကြနော်..)
တစ်ကယ်လို့ ရွှေမြို့တော်ဆိုဒ်ကို ဆိုဒ်ပိုင်က ဖျက်သိမ်းမယ်ဆိုရင် အဲဒီဆိုဒ်က လင့်ချိတ်ထားတဲ့ Flash သီချင်းတွေလည်း

Sunday, 5 May 2013
Blog ကို Template အသစ်ပြောင်းလိုက်ပြီ..
ကျွန်တော် ဒီ Blog ကို Template အသစ်ပြောင်းဖို့ စဉ်းစားနေတာတော့ မနည်း ကြာပါပြီ။ ဒီနေ့ အချိန်ရနေတာနဲ့
လျှောက်ကလိရင်း ပြောင်းဖြစ်သွားတယ်။ ရိုးရှင်းပြီး လှပတဲ့ ဒီဇိုင်းမျိုးလေးဖြစ်အောင် အကောင်းဆုံး လုပ်ထားပါတယ်။
Blog ကို ဖွင့်ရင် Loading မြန်အောင်၊ သိပ်မလိုအပ်တာတွေကို ဖြုတ်ပစ်ထားပါတယ်။ ကြည့်ရတာ အဆင်ပြေအောင်၊
နောက်ခံ [ Background ] ၊ စာသားတွေ၊ လင့်တွေ နဲ့ ပုံတွေကို အစုံ လိုက်ကြည့်ပြီး သေချာလုပ်ထားပါတယ်.....။
ကျွန်တော်ကတော့ ကိုယ်လုပ်ထားတာကို ပြန်ကြည့်ပြီး တော်တော်ကြိုက်နေပြီေိေိ။ လုပ်တတ်သလောက်တော့
အကောင်းဆုံး ကြိုးစားပြီး လုပ်ထားတာပါ။ အဆင်မပြေတာလေးတွေ ရှိရင်ဝေဖန် အကြံဥာဏ်လေး ပေးသွားပါဦးနော်။

Monday, 29 April 2013
Google Drive မှ တင်ပေးထားသော ဆော့ဝဲလ်များကို ဒေါင်းနည်း
ကျွန်တော် ဒီနောက်ပိုင်း ဖိုင်ဆိုဒ် ကြီးတဲ့ ဆော့ဝဲလ်တွေဆိုရင် Google Drive ကပဲ တင်ပါတယ်။ အဲဒီက Upload တင်ရတာ
အရမ်းအဆင်ပြေသလို ကိုယ်တင်ထားတဲ့ ဆော့ဝဲလ်တွေလည်း ကြာကြာခံစေချင်လို့ပါ။ Flash Song ဝါသနာရှင်တွေအတွက်
http://flashsongcreators.blogspot.com/ မှာ တင်ပေးထားတဲ့ SWiSHMax2, 3, 4 Portable တွေကို ဒေါင်းကြတာ
မရဘူးဆိုတဲ့ သူငယ်ချင်းတွေအတွက် ဒီနေ့ Google Drive ကနေ ဘယ်လို ဒေါင်းလုပ် ဆွဲရတယ်ဆိုတာ ပြောပြပေးပါမယ်။
နမူနာအဖြစ် SWiSH Max3 Portable လေးကို ဒေါင်းပြပါမယ်။ ပထမဦးဆုံး ဒီလင့်လေးကို နှိပ်ပြီးတော့ သွားလိုက်ပါ။
No preview available ဆိုတဲ့အောက်က Download ကို နှိပ်ပါ။

နောက်ထပ် စာမျက်နှာ တစ်ခုကို ရောက်သွားပါလိမ့်မယ်။ အဲဒီမှာ ဒီအောက်က အတိုင်း ပေါ်နေပါလိမ့်မယ်။

Friday, 26 April 2013
Softwares For Flash Song Creators !
ခုနောက်ပိုင်း Flash Song လုပ်တာကို စိတ်ဝင်စားကြတဲ့ သူငယ်ချင်းတွေ တော်တော်များလာတာကို တွေ့ရပါတယ် ။
ဟိုအရင်တုန်းကတော့ Double Tun ရဲ့ Multiply ဆိုဒ်မှာ တင်ပေးထားတာတွေ တော်တော်စုံပါတယ်။ခုနောက်ပိုင်း
သူတင်ပေးထားတဲ့ ဆော့ဝဲလ်တွေ၊ Effect တွေ၊ Ebook တွေ၊ Video ဖိုင်တွေ အားလုံးလိုလို လင့်ပျက်ကုန်ပါပြီ။
ခုတော့ ကျွန်တော် Flash Song ဖန်တီးချင်တဲ့ သူငယ်ချင်းများအတွက် SWiSH Max ဆော့ဝဲလ်တွေနဲ့ Effect တွေ၊
Double Tun တင်ပေးထားတုန်းက ဒေါင်းခဲ့တာလေးတွေ အားလုံးကို အသစ် ပြန်လည် Upload တင်ပေးလိုက်ပါပြီ။
သွားရောက် ဒေါင်းယူရမယ့် ဆိုဒ်လင့်ကတော့ http://flashsongcreators.blogspot.com ဖြစ်ပါတယ်...။
ဒီ Web Page လေး ဖြစ်လာဖို့ ဆော့ဝဲလ်တွေ Upload တင်ရတာနဲ့ စိတ်ကြိုက် ဒီဇိုင်းလေးဖြစ်အောင် အချိန်တော်တော်
ပေးပြီး ပြုလုပ်ခဲ့ရပါတယ်။ Flash Song ဖန်တီးနေသူတွေ ဒီ Web Page ကို အချိန်မရွေး လာလို့လွယ်ကူအောင် ကျွန်တော်
Internet Shortcut လေး လုပ်ပေးထားပါတယ်။ ဒေါင်းယူပြီး စက်ထဲမှာ သိမ်းထားလိုက်ပေါ့နော်။ လာချင်ရင် ၂ ချက်ကလစ်ရုံပါပဲ။
Download: Softwares For Flash Song Creators ! [ Internet Shortcut ]

Saturday, 23 March 2013
Multiply ဆိုဒ်တွေ ပျက်ပြီ.. [ အသိပေးခြင်း ]
2012 ခုနှစ် ဒီဇင်ဘာလ 1 ရက်နေ့ရောက်ရင် သူ့ဆိုဒ်ကို ပိတ်တော့မယ်လို့ ကြေငြာထားတဲ့ Multiply ဆိုဒ်ကြီးက
သူပြောထားတဲ့ ရက်ရောက်ပြီး နောက်ထပ် ၃ လလောက် မပျက်သေးတော့ ကျွန်တော်တို့လည်း ရင်တစ်ထိတ်ထိတ်နဲ့
ဝမ်းသာနေတာပေါ့။ ကျွန်တော့်အရင် Flash Song ဆိုဒ် http://thurainlin89.multiply.com ကိုလည်း မရောက်ဖြစ်တာ
မနည်းကြာပြီ။ စိတ်ပျက်သွားတာလည်း ပါတယ်။ ပျက်တော့မယ်ဆိုတာ သိနေတော့ ဘာမှ ဆက်မလုပ်ချင်တော့ဘူးလေ။
သူပြောထားတဲ့ ရက်ထက် အချိန်တွေ အများကြီးနောက်ကျပြီးမှ ပိတ်ပေးတာကိုပဲ ကျေးဇူးတင်ရမလိုပါပဲ။ ဒီနေ့အမှတ်မထင်
ပြန်ဝင်ကြည့်လိုက်တော့ Web Page တစ်ခုလုံး ဘာမှမပေါ်တော့ဘူးဆိုတာတွေ့လိုက်တယ်။ ပျက်သွားတာပဲ ဖြစ်မှာပါ။
အဲဒီအရက်တွေတုန်းကဆို လာလည်ကြတဲ့ သူငယ်ချင်းတွေလည်း တစ်နေကုန်လိုလိုပါပဲ။ တစ်နေ့ကို လူ 150, 200 လောက်
ရှိမယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက လာလည်တဲ့လူတွေ သိပ်မရှိတာတော့ သတိထားမိသား။ ဆိုဒ်ထဲမှာ ထည့်ထားတဲ့

Thursday, 15 November 2012
Flash Song လုပ်ဖို့ Effect ဆိုဒ်သစ်တစ်ခု တွေ့ပြီ
ကဲ ဒီနေ့တော့ Flash Song လုပ်တဲ့ သူငယ်ချင်းတွေအတွက် သတင်းကောင်းပဲပေါ့နော်..
ကျွန်တော်မနေ့က Flash Song Album လေးမှာ ထည့်ဖို့ မောက်ပုံလေး လိုချင်တာနဲ့
Google မှာ ရှာရင်းကနေ အမှတ်မထင် သွားတွေ့တာပါ။ အရင်က ဒီလို Effect လေးတွေသုံးပြီး
Flash Song လုပ်ထားတာ တွေ့မိပေမယ့် သူတို့ကလည်း ဝါသနာရှင် အချင်းချင်း ပြန်ပြီး
မျှဝေပေးတာ မတွေ့ပါဘူး ။ တစ်ချို့ကျတော့ တင်တော့ တင်ပေးတယ်။ မူရင်း ဆိုဒ်လင့်ကိုတော့
ချန်ထားပါတယ်။ ခု ကျွန်တော် တွေ့ခဲ့တဲ့ဆိုဒ်ကတော့ အရင်ဆိုဒ်တွေလို Free ပေးတာတော့ မဟုတ်ပါဘူး။
သူတို့က ရောင်းစားတာပါ။ $ 1.00 , $ 2.00 , $ 5.00 , $ 8.00 အထိတောင် တွေ့ပါတယ်။
နမူနာ Flash ဖိုင်ကို ပြထာားပါတယ်။ ကြိုက်ရင် ဝယ်ပေါ့နော်။ ကျွန်တော်ကတော့ ဝယ်ပါဘူး။
Flash ဖိုင်ကြီးတောင် မြင်နေမှပဲ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အကြံအဖန်ထုတ်ပြီး ဆွဲပါတယ် :P
ကျွန်တော် သဘောအကျဆုံး Flash တစ်ခုပါ။ စိတ်တွေ ရှုပ်ပြီး ပင်ပန်းနေတဲ့အချိန်မှာတောင်
အဲဒီ ရှုခင်းလေး ကြည့်လိုက်ရင် အမောပြေပါတယ်။ အင်မတန် သာယာ ကြည်နူးဖို့ ကောင်းပါတယ်။
ရောင်းဈေးကတော့ $5.00 ဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်က သူငယ်ချင်းတွေကို စေတနာလေးနဲ့ပေါ့
Free ပေးမှာပါ :P ဒီလင့်လေးကို နှိပ်ပြီး ဒေါင်းယူလိုက်ပါ။ အဲဒါ ကျွန်တာ် အဲဒီဆိုဒ်က ယူလာခဲ့တာပါပဲ။
အဲဒီ Flash စာမျက်နှာလင့်လေးကိုတော့ ဒီနေရာလေးကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။
http://www.buystockflash.com/Flash.html မူရင်း ဆိုဒ်လင့် ဖြစ်ပါတယ်။
Flash နဲ့ ပက်သက်တာတွေ တော်တော်များများ ရှိပါတယ်။ သေချာရှာကြည့်ဖို့ ပြောချင်ပါတယ်။
ဆိုဒ်လင့်ပေးထားပြီးပြီပဲ။ စိတ်ရှည်ရှည်နဲ့ ပိုက်စိပ် တိုက်သာ ရှာပေတော့။
ဒေါင်းနည်းကတော့ Flash Song ဒေါင်းနည်း အတိုင်းပါပဲ။ Tools>>Page Info>>Media ကိုနှိပ်ပြီးတော့
http://www.buystockflash.com/all_files/preview/BigStockFlash-8277/preview.swf
အဲဒီလင့်မျိုးကို ရှာပါ။ စာမျက်နှာ တစ်ခုမှာ Flash ဖိုင် တစ်ခုသာ တင်ထားတာမလို့ ကိုယ်လိုချင်တာကို
တန်းတွေ့ပါလိမ့်မယ်။ သေချာချင်တယ်ဆိုရင်တော့ အဲဒီလင့်ကို ကော်ပီကူးပြီး ဖွင့်ကြည့်ပေါ့ဗျာ..။
သူများစီးပွားရေး လုပ်နေတာကို နှောက်ယှက်သလိုများ ဖြစ်သွားပြီလား မသိဘူး။ ဒါပဲနော်......

City View theme with beach

Tuesday, 23 October 2012
Flash Song လုပ်တတ်ချင်လို့ပါ..
ကဲ ဒီနေ့တော့ ကျွန်တော့်ကို အကောင့်လာအပ်ပြီး Flash Song လုပ်နည်းလေး သိချင်လို့ပါ။
Flash Song လုပ်တတ်ချင်လို့ပါဆိုတဲ့ သူငယ်ချင်းတွေအတွက်ပါ..ကျွန်တော်လည်း
ဒီ Flash Song ကို စိတ်ဝင်စားလို့ ဝါသနာပါလို့သာ Flash Song နဲ့ ပက်သက်တာလေးတွေကို
ရှာဖွေလေ့လာရင်းနဲ့ တွေ့ရှိ သိခဲ့တာလေးတွေကို တစ်ခြား ဝါသနာတူ သူငယ်ချင်းတွေအတွက်
တစ်နေရာတည်းမှာ အစုံ လာပြီးတော့ လေ့လာနိုင်အောင် ဆိုပြီးတော့ ဒီ ဆိုဒ်လေးကို လုပ်ဖြစ်ခဲ့တာပါ။
ကျွန်တော့်မှာ ရှိတာ သိတာဆို ဘာမှ ချန်မထားပါဘူး။ တစ်ခု သိရင်၊ ရှိရင် အဲဒါကို
ချက်ချင်း တင်ပေးပါတယ်။ အခုတစ်လော ကျွန်တော့်ကို အကောင့်လာအပ်ပြီးတော့
Flash Song လုပ်နည်းလေး သိချင်လို့ လုပ်တတ်ချင်လို့ ဆိုပြီးတော့ လာမေးကြတယ်။
ဒီဆိုဒ်မှာလည်း အရင် Flash Song လုပ်နည်းတွေ တင်ပေးထားတာ ရှိပါတယ်။
အဲဒါကို သေချာရှာမဖတ်ကြဘူးထင်တယ်။ ပြီးတော့ ပညာပဲ စမ်းချင်ကြတာလား ဘာလဲတော့
သေချာ မသိဘူးပေါ့။ ခဏ ခဏပါပဲ။ Flash Song ဒေါင်းနည်းကိုတောင် လာမေးနေတဲ့လူတွေက
ရှိပါသေးတယ်။ ဒီဆိုဒ်မှာဆိုရင် Flash Song နဲ့ ပက်သက်တာပဲ အဓိက ထားပြီး တင်တာပါ။
တစ်ခြား အပိုမဆလာတွေ ရှုပ်မှာစိုးလို့ Flash Song နဲ့ မဆိုင်တာဆို တင်ကို မတင်ပါဘူး။
ပြီးတော့ ကျွန်တော့် Gmail အကောင့်ကလည်း ဆိုဒ်မှာပဲ အခက်အခဲတစ်ခုခု ရှိရင်ပဲဖြစ်ဖြစ်
ကျွန်တော့်ကို ပြောချင်တာလေးတွေ ရှိရင် ဆက်သွယ်လို့ ရအောင်ဆိုပြီးတော့ ရေးပေးထားတာပါ။
အဲဒါကို အကောင့်တော့ လာအပ်ပြီး မင်းအပ်တာလား? ငါ့အကောင့် ဘယ်ကရတာလဲလို့တောင်
မေးတဲ့လူတွေ ရှိပါတယ်။ ပညာစမ်းချင်လို့ လာပြီး အကောင့်အပ်တာ မေးတာဆိုရင်တော့
Sorry ပါလို့ ခုကတည်းက ကြိုပြောထားချင်ပါတယ်။ ကျွန်တော် ဘာမှ မသိ၊ ဘာမှ မတတ်ပါဘူးလို့ပဲ
ဝန်ခံချင်ပါတယ်။ ဝါသနာနဲ့ စေတနာကို အဓိက ထားပြီးတော့ ကိုယ့်လိုပဲ ဝါသနာတူ သူငယ်ချင်းတွေ
Flash Song နဲ့ ပက်သက်ပြီး လေ့လာချင်တာတွေ လိုအပ်တာလေးတွေ အစုံ လိုချင်တဲ့အခါ
အစစ အရာရာ အဆင်ပြေအောင်ဆိုပြီးတော့ လုပ်ပေးနေတာပါ။ အဲဒီတော့ တစ်ကယ်ဝါသနာပါတယ်ဆိုရင်
ဒီ Flash Song ကို တစ်ကယ် လုပ်တတ်ချင်တယ်ဆိုရင် ကိုယ်တိုင် လေ့လာ စမ်းကြည့် လုပ်ကြည့်ပါ။
မသိလို့ မေးတာဆို သိတဲ့လူတွေကလည်း ပြောပြပေးမှာပါ။ ပညာစမ်းတာဆိုရင်တော့
မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ နောက် တစ်ကယ်အခက်အခဲရှိတဲ့လူတွေ မေးတဲ့အခါ
ဘယ်သူကမှ ဖြေပေးချင်တော့မှာ၊ ကူညီချင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တွေ အားလုံးက
ငွေကြောင့် လုပ်ပေးနေတာ မဟုတ်ပါဘူး။ စေတနာသပ်သပ်နဲ့သာ ဆိုတာကို သိစေချင်ပါတယ်။
အဲဒီတော့ Flash Song လုပ်နည်းသိချင် တတ်ချင်တဲ့သူတွေအတွက် ဒီ Myanmar Flash Song ဆိုတာကို
ပထမဦးဆုံး စတင်ပြုလုပ်ပြီး သူကိုယ်တိုင် Flash Song လုပ်တာကို တစ်ကယ် ကျွမ်းကျင်တဲ့
Flash Song Creator - Double Tun ရေးထားတဲ့ Flash Song လုပ်နည်းစာအုပ် ဒေါင်းပြီးဖတ်ပါ။
ဒါကတော့ ဘဝမီးအိမ် ဆိုဒ်က ကိုသူရ(မိုးသောက်ပန်း)ရေးထားတဲ့ Flash Song လုပ်နည်းစာအုပ် လေးပါ။
ဟောဒါကတော့ MM-Flash Songs ဆိုဒ်က ယစ်ထုပ်ကြီးရေးထားတဲ့ Flash Song လုပ်နည်း စာအုပ်ပါ။
အဲဒီမှာ Flash Song လုပ်နည်းစာအုပ်ကို ဒေါင်းပြီး ဖတ်။ ပြီးရင် စမ်းပြီး လုပ်ကြည့်ပါ။
နေရာတကာ လိုက်မေးမနေကြပါနဲ့။ ကိုယ်တိုင်လည်း နည်းနည်းပါးပါး ကြိုးစားပြီး လုပ်ကြပါဦး။
Flash Song လုပ်ဖို့ SWiSH Max ဆော့ဝဲလ်တွေနဲ့ Effect တွေကိုတော့ ဟောဒီနေရာမှာ သွားဒေါင်းပါ။
Flash Song ဒေါင်းနည်းက အဲဒီနေရာမှာ သွားပြီးဖတ်ပါ။သူများအသီးသီးက သိချင် လိုချင် တတ်ချင်လွန်းလို့
Google ကနေပြီးတော့တောင် သေချာ ရှာပြီးတော့ လာကြပါတယ်။ တစ်ချို့ကျတော့လည်း
ဆိုဒ်ထဲ ရောက်တာတောင် သေချာ မရှာကြည့်ကြပါဘူး။ ရော့  ဟောဒီမှာပါလို့ ပြမှ သဘောကျချင်တယ်လို့
ထင်ပါတယ်။ အဲလောက် အသက်သာကျိုးနေမယ်ဆိုရင် ဘာမှ မလုပ်ပဲ ထိုင်နေ။
ဒါမှမဟုတ် အိပ်နေလိုက်ပါ။ ဆိုဒ်ထောင်တာ ဘာရလဲလို့ မေးချင်ကြသေးတဲ့သူတွေ ရှိသေးရင်
ရပါတယ်လို့..အများကြီးကို ရနေတာပါ။ နောင်တတွေ ပါဂျာ ..:D
သူငယ်ချင်းများအားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ.....
စေတနာများစွာဖြင့်.. ဘာမှ မတတ်သော......Thurainlin

Subscribe to:
Posts (Atom)