Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Friday, 5 September 2014

ကွန်ပျူတာက Download Manager မှာ ဆွဲထားတဲ့ဖိုင်တွေ Resume မရပါက ရအောင်လုပ်နည်း(Reshare Post)

အသုံးဝင်တဲ့ ပိုစ့်လေးမို့ပြန်share လိုက်ပါတယ်။

IDM ကတော့ Downloader တွေထဲမှာ အသုံးများဆုံးနဲ့ အကောင်းဆုံး downloaderပါပဲ။

{Credit >>>>http://www.winkabarkyaw.net/2014/08/download-manager-resume.html

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.....

ဒီနေ့ PC က IDM မှာ ဆွဲထားတဲ့ဖိုင်တွေ Resume Download လုပ်လို့မရတော့တဲ့အခါ ရအောင်လုပ်မည့်နည်းလေးကို တင်ပေးလိုက်ပါတယ် ။

တကယ်ရပါတယ်နော် ပြောထားသလိုပဲ လုပ်ကြည့်လိုက်ပါ။

ကဲစရအောင် ပထမဆုံးသားတို့Resume လုပ်ချင်တဲ့ ဖိုင်ဆီကို Download Manager ကနေတဆင့်သွားလိုက်ပါ ။

Saturday, 4 January 2014

စာမျက်နှာမှာသီချင်းရှာနည်း

ဒီနေ့တော့ သူငယ်ချင်းတို့အတွက် စာမျက်နှာမှာမိမိ လိုချင်သောသီချင်းရှိ မရှိရှာနည်းလေးရေးတင်လိုက်ပါတယ်။

အရင်ဆုံးသီချင်းတွေရှိတဲ့စာမျက်နှာကိုသွားပါ။ ဥပမာအနေနဲ့ဒီအောက်ကလင့်လေးကိုသွားလိုက်ပါ။

http://itwebcrazyboy.blogspot.com/p/blog-page_19.html

Friday, 27 December 2013

Google မှာ ပုံတူရှာနည်း



ဒီပို့စ်ကို ကျွန်တော်စာမရေးတော့ပါဘူး။ ပုံရှာနည်းကို ပုံတွေနဲ့ပဲ ပြပေးထားပါတယ်း) ။ နားလည်မယ်လို့ ထင်ပါတယ်..။

Saturday, 21 December 2013

FlashSongထဲတွင် video file ထည့်နည်း

ဒီနေ့တော့ flashsong ၀ါသနာရှင်သူငယ်ချင်းတွေအတွက် flashsong ထဲမှာ video ထည့်နည်းလေးကိုရေးသားပေးပါမယ်။

အရင်ဆုံး မိမိ ထည့်ချင်တဲ့ video ကို edit လုပ်ပေးဖို့လိုပါတယ်။

video မူရင်းအတိုင်းထည့်လို့ရပေမယ့် flashsong size ကတော့ကြီးသွားမှာပါ။

Thursday, 28 November 2013

Format Factory ဖြင့် သီချင်း size သေးအောင်လုပ်နည်း

သူငယ်ချင်းတို့ flashsongလုပ်တဲ့အခါမှာ သီချင်းကို size သေးအောင် ချုံ့ချင်ရင်

ဒီ format factory software လေးက ကောင်းပါတယ်။

software ကတော့ဒီနေရာကဒေါင်းယူလိုက်ပါ။

သီချင်းချုံ့နည်းကတော့ format factory ကိုဖွင့်ပြီး

FlashSong လုပ်နည်း အပိုင်း(၁)

ဒီနေ့တော့ flashsong သီချင်းကိုယ်တိုင်လုပ်လိုတဲ့ သူငယ်ချင်းတွေအတွက်

flashsong လုပ်နည်းအပိုင်း(၁)ကိုရေးပေးလိုက်ပါတယ်။

swissmax 4 software မရှိသေးရင် ဒီမှာ သွားဒေါင်းလိုက်ပါ။

software ကိုဖွင့်ပြီး ပုံထဲကအတိုင်း new ကိုနှိပ်လိုက်ပါ။


..................................................................................................
ပြီးရင် movie size သတ်မှတ်ရပါမယ်။ 800/460ကအဆင်ပြေဆုံးပါပဲ။ ပုံမှာ 480ဖြစ်နေပါတယ်။

Tuesday, 12 November 2013

Blog မှာ ပို့စ်တွေကို ခေါက်တင်နည်း (သို့) Read More ထည့်နည်း



မိမိ Blog ပင်မစာမျက်နှာ Loading မြန်စေဖို့နဲ့ သေသပ်လှပဖို့အတွက် ပို့စ်တွေ တင်တဲ့အခါ အရမ်းရှည်နေရင်

အပေါ် ၃ ပုံ ၁ ပုံလောက်ကနေ ခေါက်တင်သင့်ပါတယ်။ နည်းပညာပို့စ်တွေဆိုရင် ပုံတွေ အများကြီးနဲ့ ရှင်းပြရတာ။

တစ်ခါတစ်လေ Video ဖိုင်တွေ ၊ SWF ဖိုင်တွေတောင် ပါသေးတယ်။ ပို့စ်တစ်ပုဒ်လုံးကို ဒီအတိုင်းတင်လိုက်တဲ့အခါ

Thursday, 7 November 2013

Firefox 22.0 နှင့် Update မတက်အောင် လုပ်နည်း



ကျွန်တော်တို့ အင်တာနက်သုံးပြီး ဝဘ်ဆိုဒ်တွေကို ဝင်ရောက်ကြည့်ရှုဖို့ အသုံးပြုကြတဲ့ Browser တွေထဲမှာဆိုရင်

လူသုံးအများဆုံးက Google Chrome နဲ့ Mozilla Firefox ပါ။ ကျွန်တော်ကတော့ အင်တာနက်စသုံးကတည်းက

Mozilla Firefox နဲ့ပဲ သုံးခဲ့တာ ခုထက်ထိ အဲဒါပဲ အမြဲ သုံးပါတယ်။ သုံးရတာ ရိုးရှင်းပြီး လွယ်ကူ အဆင်ပြေတယ်။

အရမ်းကို အသုံးဝင်တဲ့ Add On တွေ အများကြီးရှိတယ်။ ပြီးတော့ Theme လှလှလေးတွေလည်း အများကြီးပေါ့။

Friday, 1 November 2013

YouTube က Video တွေကို Mp3 Mp4 ဖော်မက်မျိုးစုံ လွယ်ကူစွာ ဒေါင်းယူနည်း

ကျွန်တော် ဒီနေ့ YouTube က Video တွေကို Mp3, Mp4 ကိုယ်လိုချင်တဲ့ ဖော်မက်မျိုးစုံ လွယ်ကူစွာ ဒေါင်းယူနည်းလေး

ပြောပြပေးပါမယ်။ ဘာ Downloader ဆော့ဝဲလ် ၊ ဘာ Add On မှ မသုံးပါဘူး။ ဆိုဒ်တစ်ခုမှာ သွားပြီး လုပ်ယူတာပါ။

YouTube to mp3 ပြောင်းပေးတဲ့ ဆိုဒ်တွေ အများကြီးရှိပါတယ်။ ဆိုဒ်တော်တော်များများက Convert လုပ်ရတယ်။

ပြီးတော့ 128kbps နဲ့ပဲ ဒေါင်းဖို့ပေးတာများတယ်။ အနော့်လိုင်းလည်း အရမ်းကြီးမဆိုးပေမယ့် သိပ်တော့မမြန်ပါဘူး။

မလိုအပ်ပဲ Convert လုပ်နေရတော့ လိုင်းစားသလို အချိန်လည်း ကုန်တယ်။ ပြီးတော့ ဖိုင်ဆိုဒ်ကြီးနေတော့ ပိုဆိုးပြီ။

Downloader ဆော့ဝဲလ်တွေကလည်း ကြောင်တောင်တောင် ၊ Add On တွေကလည်း Browser Version မြင့်လာတော့

အလုပ်မလုပ်တော့တာလည်း ရှိတယ်။ ခုပြောမယ့် ဆိုဒ်လေးက Convert လည်းမလုပ်နေဘူး။ Mp3 သီချင်းဆိုရင်လည်း

64kbps, 96kbps, 128kbps, 320kbps စတဲ့ Audio Qualities မျိုးစုံကို ကြိုက်တာနဲ့ ရွေးပြီး ဒေါင်းယူလို့ရတယ်။ ပြီးတော့

Thursday, 31 October 2013

PhotoShop ဖြင့်ပုံဖြတ်ယူနည်း

Flash Song ဖန်တီးနေတဲ့ သူငယ်ချင်းတွေတွက် ဒီပုံဖြတ်နည်းလေးကိုရေးမယ် ရေးမယ်နဲ့ အပျင်းထူနေလို့ခုမှပဲ

ရေးဖြစ်ပါတော့တယ်၊ ဆော့ဝဲလ်ကတော့ရှိပြီးသားဖြစ်မှာပါ။ မရှိသေးဘူးဆို ဒီမှာ ဒေါင်းယူလိုက်ပါ။ ကဗျာအသုံးပြုမှာက

photoshopCS6ပါ ကျန်တဲ့ CS5တို့ CS2တို့နဲ့လည်းသုံးလို့ရပါတယ်။ မဆိုသလောက်လေးပဲ ကွာမယ်ထင်ပါတယ်။

ကဲစပါမယ် photoshopဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။ File ကနေ Openကိုနှိပ်ပြီး မိမိကြိုက်နှစ်သက်ရာပုံတစ်ပုံဖွင့်လိုက်ပါ။



ပြီးရင် မျှားထိုးပြထားတဲ့ Tool လေးကိုနှိပ်လိုက်ပါ။

Tuesday, 15 October 2013

Google Play Store က App တွေကို Google Chrome နဲ့ ဒေါင်းယူနည်း



ကျွန်တော် ဒီနေ့  Google Play Store က App တွေကို Google Chrome နဲ့ ဒေါင်းယူနည်းလေး ပြောပြပေးပါမယ်။

ကွန်ပျူတာ အသုံးများတဲ့သူတွေဆိုရင် ဖုန်းကို အသုံးပြုပြီး ကိုယ်သိချင်တာ လိုချင်တာ ရှာရတာ နည်းနည်းခက်ပါတယ်။

ဒီနည်းလေးကတော့ Google Chrome ကို Add On လေးတစ်ခု ထည့်ပြီး Play Store က App တွေကို ဒေါင်းယူတာပါ။

Friday, 11 October 2013

Google Play Store က Android App တွေကို ကွန်ပျူတာနဲ့ ဒေါင်းယူနည်း



ကျွန်တော် ဒီနေ့ Google Play Store က Android App တွေကို ကွန်ပျူတာနဲ့ဒေါင်းယူတဲ့နည်းလေးကို ပြောပြမှာပါ။

ပုံမှန်အတိုင်းဆိုရင် Google Play က App တွေကို ဖုန်းတွေနဲ့ပဲ တစ်ခါတည်း Install လုပ်တဲ့နည်းနဲ့ ဒေါင်းယူရပါတယ်။

တစ်ချို့ဆော့ဝဲလ်ကောင်းလေးတွေကျတော့ ပိုက်ပိုက်ပေးမှ ဒေါင်းလို့ရတာလေ။ ဒီဆော့ဝဲလ်လေးကတော့ အားလုံးကို

Tuesday, 17 September 2013

Website, Blog များကို Apk လုပ်နည်း



ဒီနောက်ပိုင်း Android ဖုန်းတွေ အသုံးများလာတော့ မိမိရဲ့ Website, Blog တွေကို Android App အဖြစ်ဖန်တီးပြုလုပ်

ပြီးတော့ တင်ပေးကြပါတယ်။ ကိုယ့်ဆိုဒ်ကို အမြဲလာဖြစ်တဲ့ သူတွေအနေနဲ့ အဲဒီကိုယ် လုပ်ပေးထားတဲ့ Apk လေးကို

Install လုပ်ပြီး အင်တာနက်သုံးပြီး တစ်ခါဖွင့်ထားလိုက်တာနဲ့ နောက်တစ်ခါကို Off line ကနေ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီတော့ ကိုယ့်ဆိုဒ်ကို သပ်သပ်လာစရာမလိုတော့ပဲ ကိုယ်အမြဲသုံးနေတဲ့ ဖုန်းကနေ အလွယ်တကူ ဖတ်လို့ရတာပေါ့။

အဲဒါနဲ့ ကျွန်တော်လည်း ကိုယ့် Blog လေးကို အမြဲ လာလည်နေတဲ့ သူငယ်ချင်းတွေအတွက် Android App လေးတစ်ခု

Sunday, 15 September 2013

Xilisoft YouTube Video Converter



ဒီ ဆော့ဝဲလ်လေးက YouTube Video တွေကို Download လုပ်နိုင်ပြီးတော့ ကွန်ပျူတာထဲက Video ဖိုင်တွေကိုလည်း

Convert လုပ်နိုင်ပါတယ်။ YouTube ကတော့ ကျွန်တော်တို့ ဇာတ်ကားတွေ ၊ သီချင်းတွေ ကြည့်ချင် ၊ ဒေါင်းချင်ရင်

အမြဲ သွားနေတာပဲ။  နိုင်ငံပေါင်းစုံကလူတွေ သုံးနေတာဆိုတော့ ဇာတ်ကားတွေ ၊ သီချင်းတွေကလည်း စုံတယ်လေ။

တစ်ချို့က သူတို့ ပြောပြချင်တဲ့ နည်းပညာလေးတွေကို  Video ရိုက်ပြီး Youtube မှာ Upload တင်တယ်။ ပြီးတော့မှ

Saturday, 14 September 2013

Notepad နှင့် Notepad++ မှာ မြန်မာလို ရေးလို့ ဖတ်လို့ရအောင် လုပ်နည်း

ကျွန်တော်တို့ ကွန်ပျူတာမှာ ကိုယ်မှတ်ထားချင်တဲ့ အကြောင်းအရာလေးတွေကို  NotePad နဲ့ အလွယ်တကူ ရေးမှတ်

ထားနိုင်ပါတယ်။ ဆော့ဝဲလ်တွေ Upload တင်ပေးတဲ့အခါတွေမှာလည်း ကိုယ်ပြောချင်တာလေးတွေကို NotePad ဖိုင်နဲ့

 ရေးထည့်ပေးတတ်ကြတယ်။ Web Page တွေ ရေးတဲ့အခါမှာလည်း ကုတ်တွေကို NotePad နဲ့ ရေးပြီး ဖန်တီးနိုင်တယ်။

 Flash Song တွေ လုပ်ကြတဲ့ သူငယ်ချင်းတွေဆိုရင် ကိုယ်ဖန်တီးမယ့် သီချင်းလေးရဲ့ စာသားတွေကို NotePad နဲ့အရင်

 ရေးထားပြီးမှ Swish Max ဆော့ဝဲလ်ထဲကို ကော်ပီကူးထည့်ရင် သီချင်း လုပ်တာ ပိုမြန်ပါတယ်။ အဲလိုရေးတဲ့အခါမှာ

 ပထမဦးဆုံး NotePad မှာ မြန်မာလို ရေးလို့ ရအောင် လုပ်ရပါတယ်။ နောက် အဲဒါကို သိမ်းပြီး ပြန်ဖွင့်ကြည့်တဲ့အခါ

မြန်မာလို ပေါ်အောင် လုပ်နည်းလည်း သိဖို့ လိုအပ်ပါတယ်။ ဒီအတိုင်း Save လုပ်လိုက်ရင်တော့ ?????????? တွေပဲ

ပေါ်နေမှာပါ။ ကဲ အခုတော့ အဲဒါတွေ အားလုံး အဆင်ပြေသွားအောင် ဘယ်လို လုပ်ရတယ်ဆိုတာ ပြောပြပေးပါမယ်။

 ပထမဦးဆုံး NotePad ကို Start >> All Programs >> Accessories >> NotePad ကို သွားပြီး ဖွင့်လိုက်ပါ။

Sunday, 8 September 2013

E.M. Total Video Converter - HD version 3.71



Converter တွေထဲမှာ E.M. Total Video Converter က ကျွန်တော် အကြိုက်ဆုံးထဲမှာ ပါပါတယ်။ Video ဖိုင်တွေကို

Audio ဖိုင် ပြောင်းတာ၊ တစ်ခြား Video ဖော်မက်တွေ ပြောင်းတဲ့နေရာမှာ ပြောင်းလို့ ရတဲ့ ဖော်မက်တွေ စုံလင်သလို

ဖိုင်ဆိုဒ်ပါ ချုံ့လို့ ရပါတယ်။ Flash သီချင်း လုပ်နေတဲ့ သူငယ်ချင်းတွေဆိုရင် mp3 သီချင်းကို ဖိုင်ဆိုဒ်သေးအောင် အရင်

ချုံ့ရပါတယ်။ ကိုယ့်မှာ mp3 သီချင်းမရှိလို့ Video တွေက mp3 ပြောင်းပြီး သုံးမယ်ဆိုရင်လည်း ဖိုင်ဆိုဒ်ပါ တစ်ခါတည်း

Friday, 6 September 2013

Sothink SWF Easy နဲ့ Flash Button လေးတွေ လုပ်ကြမယ်



ဒီဆော့ဝဲလ်လေးက Flash နဲ့ Album တွေ ၊ Banner တွေ ၊ Navigation Buttons တွေ လုပ်တဲ့နေရာမှာ သုံးတာပါ။

သူငယ်ချင်းတို့ ဆိုဒ်တော်တော်များများမှာ သုံးထားကြတာကို တွေ့ဖူး မြင်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ အောက်က

ပုံထဲကလို Flash Button လေးတွေနဲ့ ဆော့ဝဲလ် Download လင့်တွေ ဝဘ်ဆိုဒ်လင့်တွေ ထည့်ပြီး ချိတ်ထားတာမျိုးပါ။

Wednesday, 4 September 2013

Media Player Classic နှင့် Screenshot ရိုက်နည်း



ဒီနည်းလေးက Video ဖိုင်တွေ တင်ပေးနေတဲ့ သူငယ်ချင်းတွေအတွက် လိုအပ်မယ်လို့ ထင်ပါတယ်။ ကိုယ်တင်ပေးတဲ့

ဇာတ်ကားတွေ ၊ သီချင်း စတဲ့ Video ဖိုင်တွေကို မကြည့်ခင်မှာ ပုံလေးတွေနဲ့ အမြည်းသဘော ပြထားတဲ့ ပုံစံလေးပေါ့။

ဖွင့် ကြည့်မယ့်သူတွေကိုလည်း ပိုပြီး စိတ်ဝင်စားမှု ဖြစ်စေမယ်လို့လည်း ထင်ပါတယ်။ Screenshot ရိုက်ဖို့အတွက်တော့

Media Player Classic ဆိုတဲ့ Player ဆော့ဝဲလ်လေး လိုအပ်ပါတယ်။ မရှိသေးဘူးဆိုရင်တော့ အောက်မှဒေါင်းယူလိုက်ပါ။

Saturday, 31 August 2013

Flash Song များ၏ Resolution နှင့် ပက်သက်၍ အကြံပေးခြင်း

ကျွန်တော် အခုတလောမှာ Flash Song တွေရဲ့ Resolution နဲ့ ပက်သက်ပြီးတော့ နည်းနည်း လိုက်ပြီး လေ့လာမိတယ်။

Flash Song လုပ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် သီချင်းတွေလုပ်တဲ့အခါ Width နဲ့ Height တွေ မတူကြပါဘူး။

တစ်ချို့က ကိုယ်ထည့်မယ့် ပုံတွေ ၊ Effect တွေနဲ့ အဆင်ပြေမယ့် Width, Height နဲ့ လုပ်ကြတယ်။ တစ်ချို့ကျတော့

ကိုယ်လေးစား အားကျတဲ့ Flash Song Creator တွေ လုပ်တဲ့ Width, Height ကို ကြည့်ပြီး လုပ်ကြတာလည်း ရှိပါတယ်။

 နောက်ပြီး ကိုယ်တိုင်ပဲ Width, Height တွေ လိုက်စမ်းကြည့်ပြီး ကိုယ်ကြိုက်တဲ့ Resolution နဲ့ လုပ်တာတွေရောပေါ့..။

 အဲဒီလို ကြည့်တဲ့ နေရာမှာလည်း ကိုယ့် ကွန်ပျူတာ ၊ ကိုယ် သုံးနေတဲ့ Browser တွေ အပေါ် မူတည်ပြီး Resolution က

ပေါ်တာချင်း မတူတာပါဘူး။ ကိုယ်ကတော့ ကိုယ့်ကွန်ပျူတာနဲ့ ဖွင့်ကြည့်ပြီး ဒီဆိုဒ်ကတော့ ကြည့်လို့ကောင်းတယ်ဆိုပြီး

လုပ်လိုက်ပေမယ့် တစ်ခြား Resolution မတူတဲ့ ကွန်ပျူတာ တစ်ခုက ကြည့်မယ်ဆိုရင်တော့ ကြည့်ရတာ ကောင်းချင်မှ

ကောင်းတော့မှာပါ။ အဲဒီတော့ ကွန်ပျူတာတိုင်းမှာ ကြည့်လို့ အဆင်ပေမယ့် Resolution တစ်ခုတော့ ရှိသင့်တယ်ဆိုပြီး

Sunday, 18 August 2013

DOCX to PDF Converter



ကျွန်တော် အရင်တုန်းက PDF ဖိုင် အရမ်းလုပ်တတ်ချင်ခဲ့ပါတယ်။ သူများတွေ မေးကြည့်တော့ Microsoft Word နဲ့

လုပ်တာလို့ ပြောကြတယ်။ PDF ဖိုင် လုပ်နည်း စာအုပ်တွေလည်း ဖတ်ဖူးပါတယ်။ အဲဒီ Microsoft Word ဆော့ဝဲလ်က

Microsoft Word 2007 တောင် 800 MB လောက် ရှိပါတယ်။ ပြီးတော့ ဆော့ဝဲလ် နောက်တစ်ခု ထပ်ထည့်ဖို့လည်း