ကျွန်တော်တို့လို ကိုယ်ပိုင် ဘလော့လေးတွေ လုပ်ပြီး ဆော့ဝဲလေးတွေ တင်၊ နည်းပညာ တိုလီမိုလီ တင်ရင်ပဲ ဖြစ်ဖြစ်
အသုံးပြုနည်း၊ လုပ်နည်းမျိုးစုံကို ရိုးရိုး ဒီအတိုင်း စာတွေနဲ့ပဲ ပြောပြီး တင်တာထက် ပုံလေးတွေနဲ့ သေချာရှင်းပြပြီး
တင်ပေးတာကို လာလည်ကြတဲ့သူတွေက ပိုပြီး စိတ်ဝင်စားသလို၊ နားလည် သဘောပေါက်လည်း လွယ်ကူပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ပုံလေးတွေနဲ့ ရှုင်းပြနိုင်အောင် Screenshot လေးတွေရိုက်၊ တစ်ချို့ကျတော့ အဲဒီပုံတွေကို
Photoshop တွေနဲ့ သေချာပြင်ပြီးတော့မှ ပို့စ်တစ်ပုဒ်ကို ခမ်းခမ်းနားနား တင်ကြတဲ့လူတွေလည်း ရှိပါတယ်။
Website တွေကို လှပအောင် ဒီဇိုင်းတွေနဲ့ အလန်းဇယား ဖြစ်သွားအောင် ပြင်မယ်ဆိုရင်လည်း ပုံတွေကို အသုံးပြုဖို့
လိုအပ်ပါတယ်။ အဲလိုတွေ လုပ်မယ်ဆိုရင် ကိုယ့်စက်ထဲမှာ ရှိတဲ့ပုံကို Upload တင်ရတာပါပဲ။နောက် ကိုယ့်ချစ်သူဆီကို
မေးလ်ကနေ ပုံလေးတွေ Attachments လုပ်ပြီး ပို့ပေးချင်တဲ့အခါမှာဆိုရင်ရောပေါ့.. ပုံရဲ့ Size အရမ်းကြီးနေတဲ့အခါ
Upload တင်ရတာ အရမ်းကြာသလို အဲဒီပုံကို တစ်ဖက်ကလူ ကြည့်မယ်ဆိုရင်လည်း အင်တာနက်လိုင်းသိပ်မကောင်းရင်
ပုံပေါ်တာ အရမ်းကြာတတ်ပါတယ်။ FastStone Photo Resizer ဆိုတဲ့ ဆော့ဝဲလ်လေးက ပုံတွေကို အလွန်သေးငယ်တဲ့
အထိ Size ချုံ့ပေးနိုင်သလို ပုံ Format လည်း ပြောင်းနိုင်ပါတယ်။ အသုံးပြုနည်းကတော့...
[ 1 ] ကိုယ် Size ချုံ့ချင်တဲ့ ပုံကို ရွေးပါ။
[ 2 ] Add >> ကို နှိပ်ပါ။ Folder တစ်ခုလုံးပြောင်းမယ်ဆိုရင်တော့ Add All >> ပေါ့။
[ 3 ] Setting ကို နှိပ်ပြီးတော့ ပုံရဲ့ ကွာလတီကို ချိန်ပါ။ 90 က Normal ပါ။ အဆင်ပြေသလို ပြောင်းလုပ်ကြည့်ပါ။
[ 4 ] Output Folder ကတော့ ပုံပြောင်းပြီးရင် သိမ်းမယ့် နေရာကို ရွေးပေးပါ။
[ 5 ] Convert ကို နှိပ်ပြီး ပြောင်းနိုင်ပါပြီ။

ပုံရဲ့ Size သေးအောင်ကတော့ Setting ကို နှိပ်ပြီး ဒီနေရာမှာ 90 အောက်ကို လျှော့လိုက်ပေါ့နော်...

ကျွန်တော် Normal 90 နဲ့တင် 1.05 MB ရှိတဲ့ ပုံတစ်ပုံကို Size ချုံ့ကြည့်တာ 237 KB ပဲ ရှိပါတော့တယ်။
ကြိုက်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းသွားနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ..
Download: FastStone Photo Resizer

No comments:
Post a Comment
Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။