ဒီနေ့တော့ Flash ဝါသနာရှင်တွေအတွက် အသုံးဝင်မယ့် Flash mouse effect တွေနဲ့ Flash buttton လေးတွေ တင်တဲ့
ဆိုဒ်သစ်လေးတစ်ခုကို လမ်းညွှန်ပေးချင်ပါတယ်။ သူငယ်ချင်း တော်တော်များများလည်း လိုချင်မယ်လို့ ထင်ပါတယ်။
ဝဘ်ဆိုဒ် လိပ်စာကတော့ http://www.designload.net/ ဖြစ်ပါတယ်။ ခုနလေးကမှ Google မှာ ရှာရင်းနဲ့
တွေ့မိတာနဲ့ လက်တို့လိုက်တာပါ။ Mouse Effect တွေ တင်ထားတဲ့ စာမျက်နှာကို ဒီနေရာလေးကနေ သွားပါ။
Flash Button တွေ လိုချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပြီး သွားလိုက်ပါ။ အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ်။
Mouse Effect တွေက Flash Song တွေထဲမှာ ထည့်သုံးလို့ အဆင်ပြေသလို Flash Button တွေက Download လင့်တွေ
ထည့်ပေးချင်တာတို့ ဝဘ်ဆိုဒ်လင့်တွေ ညွှန်းချင်တာတို့ Flash Song Album လုပ်တဲ့အခါတွေမှာ သုံးလို့ အဆင်ပြေပါတယ်။
Flash နဲ့ ဆိုင်တာတွေ အပြင် တစ်ခြား လိုချင်စရာလေးတွေလည်း ရှိမယ်လို့ ထင်ပါတယ်။သေချာ သွားရှာပြီး ဒေါင်းလိုက်ပေါ့နော်။
တစ်ခု အသိပေးချင်တာက သူ Download ပေးထားတဲ့ လင့်က Register လုပ်ပြီးမှ ဒေါင်းလို့ ရတာပါ။ အဲဒါကြောင့် Download ရဲ့
ဘယ်ဘက်က Details ဆိုတဲ့ လင့်ကို နှိပ်လိုက်ပါ။ အဲဒီမှာ နမူနာ ပြထားပါတယ်။ အဲဒီကျရင် Firefox ရဲ့ Menu ဘားက Tools >>
Page Info >> Media ကို နှိပ်ပြီး အဲဒီအထဲမှာ http://www.designload.net/images/products/0/12/12.swf ဒီလို လင့်ကို
ရှာပြီး Save As ကို နှိပ်လိုက်ရင် ရပါပြီ။ လင့်ကို အရင် ဖွင့်ပြီးမှ ကိုယ်လိုချင်တာ ဟုတ်တယ်ဆိုမှ ဒေါင်းရင်လည်း ရပါတယ်။
Flash Song တွေနဲ့ တစ်ခြား Flash [ SWF ] ဖိုင်တွေ Download ဆွဲနည်းကို ဒီနေရာလေးမှာ သွားရောက် လေ့လာနိုင်ပါတယ်။
ဒါမှမဟုတ် Adblock Add-ons လေးနဲ့ အသုံးပြုပြီးတော့ ကိုယ် ဒေါင်းယူချင်တဲ့ Flash ဖိုင်ပေါ်ကို မောက်တင်လိုက် Block ဆိုတဲ့
စာသားလေးကို နှိပ်လိုက်ရင် Box လေး တစ်ခု တက်လာလိမ့်မယ်။ Adblock Add-ons ရဲ့ အသုံးဝင်မှုအကြောင်းကို ဒီမှာ ဖတ်ပါ။
Flash Song ဒေါင်းနည်းတွေ တင်ထားတာ တော်တော်များနေပါပြီ။ တစ်ခြား Flash [ SWF ] ဖိုင်တွေကို ဒေါင်းတာလည်း
သိပ်တော့ မကွာပါဘူး။ ခု ပြောပြတဲ့နည်းကတော့ Download ပေးမထားတဲ့ Flash ဖိုင်တွေကို ဒေါင်းရတာ အလွယ်ဆုံးပါပဲ။
နောက် http://www.fzwp.com/flash/transparent/Index.html မှာ Flash ဖိုင်တွေ မဒေါင်းတတ်လို့ပါဆိုပြီး ပြောလာတဲ့
သူတွေအတွက် ထပ်ပြီး ဖြေပေးလိုက်ပါမယ်။ ကျွန်တော့်အထင် သူတို့ စာလည်း သေချာမဖတ်ဘူး ထင်တယ်။
အောက်က ပုံကို သေချာကြည့်ပါ။ Download ဆိုပြီး အနီရောင်လင့်နဲ့ ပြထားတာတောင် မမြင်တာကတော့ အတော်ကို
မျက်စိမွဲနေပြီလို့ ယူဆရပါတယ်။ ဒါမှ မဟုတ်ရင်လည်း အဲဒီလင့်ရဲ့ ညာဘက်မှာ [ Right Save As ] ဆိုပြီးတော့ ရေးထားတဲ့
အဓိပ္ပါယ်ကို နားမလည်တာလားတော့ မသိ။ အနီရောင်နဲ့ ပြထားတဲ့ လင့်ကို Right Click >> Save Link As ကို နှိပ်ပြီး
ဒေါင်းယူလို့ ရပါတယ်ခင်ဗျား။ ကဲ အဲလောက်ဆိုရင်တော့ ဒေါင်းတတ်ပြီ ထင်ပါတယ်။ မသိသေးရင် တိုင်နဲ့ ခေါင်းနဲ့သာ
ပြေးဆောင့်တော့ :D ။ ဒါမှ မဟုတ် Adblock Plus Add-ons ကို အသုံးပြုပြီး ဒေါင်းကြပါလို့ အကြံပေးလိုက်ပါတယ်။
နောက်တစ်ခါ Flash Song ဒေါင်းနည်းတို့ Flash ဖိုင်တွေ ဘယ်လို ဒေါင်းရလဲတော့ လာမမေးနဲ့တော့နော်..
သူများတွေ ဒေါင်းပြီး သုံးလို့ ရိုးအီပြီး သိပ်တောင် မဒေါင်းကြတော့ဘူးဂျာ.. ကြည့်လည်း လုပ်ကြဦး..။
ခဏခဏ မေးလွန်းအားကြီးလို့ ကျွန်တော်လည်း စိတ်ပါညစ်နေပြီ...။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ......။

No comments:
Post a Comment
Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။