Flash Mp3 Music Player လေး တစ်ခု လုပ်ချင်နေခဲ့တာ ကြာပါပြီ။ ဒီနေ့ သိချင်တာလေး တစ်ခု Google မှာ
ရှာရင်းကနေ မမျှော်လင့်ပဲ ဒီနည်းလေး ရခဲ့တဲ့အတွက် အရမ်းဝမ်းသာပြီး ပျော်မိပါတယ်..ကျွန်တော် အဲလို လုပ်ချင်တာ
လးက အကြောင်း ရှိပါတယ်။ သူငယ်ချင်းတို့တော့ စဉ်းစားမိချင်မှလည်း စဉ်းစားမိပါလိမ့်မယ်။ မလိုအပ်ဘူးလို့
ထင်ချင်လည်း ထင်မယ်။ ကျွန်တော် ဘာကြောင့် ဒီ Mp3 သီချင်းနဲ့ Flash Mp3 Player လေး လုပ်ချင်တာလဲဆိုတော့
နောက် လုပ်မယ့် Album လေးတွေအတွက် သီချင်းတွေကို ဒေါင်းလုပ်ပေးတဲ့အခါမှာ Flash ဖိုင်နဲ့ မဟုတ်ပဲ MP3 ဖိုင်
ဒါရိုက် ဒေါင်းလို့ ရအောင် လုပ်ပေးချင်တယ်။ အရင်တုန်းက လုပ်သလို လုပ်မယ်ဆိုရင် နားထောင်ဖို့က Flash ဖိုင်
တစ်ခုနဲ့ ဒေါင်းလုပ်ဆွဲဖို့ MP3 ဖိုင် ၂ ခု လုပ်နေရမယ်ပေါ့နော်.. တစ်ကယ်လို့ အဲဒီ MP3 လင့်နဲ့ပဲ နားထောင်ဖို့
Player လည်း လုပ်လို့ ရမယ်။ ဒေါင်းလုပ်ပေးဖို့ရော ဒီတစ်ခုတည်းနဲ့တင် တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောပေါ့နော်။
ဖိုင်တွေ Upload လုပ်ဖို့ကလည်း အခေါက်ခေါက် အခါခါ မလုပ်ချင်တော့ပါဘူး။ ခုနည်းလေးက ဘာဆော့ဝဲလ်မှလည်း
သုံးစရာမလိုတော့ဘူးလေ..။ ကိုယ်လုပ်ချင်တဲ့ MP3 သီချင်းကို လင့်လေး ထုတ်ပြီး သူပေးထားတဲ့ ကုတ်လေးနဲ့
ထည့်လိုက်ရင် နားထောင်လို့ ရနေပါပြီ။ ကျွန်တော် မောင်သူရိန်လင်း ငပျင်းကတော့ ဘယ်လို လုပ်ရင် သက်သာမလဲ
ဆိုတာကိုပဲ ရှာကြံနေတာပါ :D အဲဒီတော့ ကျွန်တော့်လိုပဲ လွယ်ကူပြီး သက်သာမယ့်လမ်း လိုက်ချင်တဲ့ ဘော်ဘော်တွေ
အတွက်ပေါ့နော်.. ဟို အရင်တွေ့ခဲ့တဲ့ Player တစ်ချို့က အလုပ်မလုပ်တာတို့တစ်ခြား အဆင်မပြေမှုလေးတွေ
ရှိတာကြောင့် အဲဒီထက် ကောင်းတာလေးတွေ့တာနဲ့ အသစ်ပြန်ရေးပြီး တင်ပေးလိုက်ပါတယ်နော်.. ပထမဦးဆုံး
သူငယ်ချင်းတို့ နားလည် သွားအောင် ပြောရမယ်ဆို Flash Song တွေကို Web Page ထဲမှာထည့်ချင်တယ်ဆိုရင်
Flash Song ထည့်တဲ့ကုတ်နဲ့ HTML ကုတ် အလုပ်လုပ်တဲ့ နေရာမှာ ထည့်မှ အဲဒီ Flash သီချင်းက ပေါ်ပါတယ်။
မသိသေးရင် အောက်က ကုတ်ကို ကြည့်ပါ...........။
Flash Song လင့်ထည့်ရန် ဆိုတဲ့နေရာမှာ သူငယ်ချင်းတို့ လုပ်ထားတဲ့ (သို့) ကိုယ်ထည့်ချင်တဲ့
သီချင်းလင့် http://.........../.swf ကို ထည့်ပြီးတော့ HTML ကုတ် အလုပ်လုပ်တဲ့ နေရာမှာ ထည့်ရင်
အဲဒီသီချင်းပေါ်ပါတယ်။ဒါက လူတိုင်းလိုလို သိပြီးသားတွေပါနော်..။ ခု ကျွန်တော် ပြောမှာက
SWF ဖိုင်မဟုတ်ပဲ Mp3 သီချင်းကို လင့်ထုတ်ပြီး ထည့်တာပါ။ သူငယ်ချင်းရဲ့ စက်ထဲမှာ ရှိတဲ့
Mp3 သီချင်းတစ်ပုဒ်ကို Flash Song တွေ လင့်ထုတ်သလို ထုတ်လိုက်မယ်ဆိုရင် ဒီလိုလေး ရလာပါမယ်။
http://.........../.mp3 အဲဒီလို ရလာတဲ့လင့်ကို ဖွင့် ကြည့်လိုက်မယ်ဆိုရင် Flash Song တွေလို ဒါရိုက်
နားထောင်လို့ မရပါဘူး။ Download ပဲ တန်းကျပါတယ်..။ ဒါကို ကျွန်တော်တို့က Web Page ပေါ်မှာ
နားထောင်လို့ ရအောင် Flash Song တွေ ထည့်တဲ့ကုတ်လိုပဲ ဒီ MP3 Audio Files တွေ အလုပ်လုပ်တဲ့
ကုတ်လေးကို အသုံးပြုပြီး ထည့်မယ်ဆိုရင်တော့ အဆင်ပြေပါပြီ။ ပထမဦးဆုံး ကျွန်တော် တွေ့ခဲ့တဲ့
Embed MP3 Player ကုတ်လေးကို တင်ပြပေးပါမယ်။နမူနာ သီချင်းလေးကိုတော့ အနော်ကြိုက်တဲ့
Bobby Soxer ရဲ့ "မင်းသဘော" ဆိုတဲ့ သီချင်းလေးနဲ့ တင်ပေးသွားပါမယ်နော်..း)

ပထမဦးဆုံး တင်ပေးချင်တာက Google Reader MP3 Player လေးပါ။
တော်တော်လေးကို ပြည့်စုံမှု ရှိတယ်လို့လည်း ထင်ပါတယ်။ ကျွန်တော် နမူနာ စမ်းကြည့်ထားတာလေးကို
အောက်မှာ နားထောင်ကြည့်နိုင်ပါတယ်..

<center> <object height="400" width="550"><param name="allowScriptAccess" value="never" /> <param name="movie" value="song name.swf" /><embed wmode="opaque" allowscriptaccess="never" src=" Flash Song လင့်ထည့်ရန် " width="550" height="400"></embed> <param name="wmode" value="opaque" /></object> </center>
Flash Song လင့်ထည့်ရန် ဆိုတဲ့နေရာမှာ သူငယ်ချင်းတို့ လုပ်ထားတဲ့ (သို့) ကိုယ်ထည့်ချင်တဲ့
သီချင်းလင့် http://.........../.swf ကို ထည့်ပြီးတော့ HTML ကုတ် အလုပ်လုပ်တဲ့ နေရာမှာ ထည့်ရင်
အဲဒီသီချင်းပေါ်ပါတယ်။ဒါက လူတိုင်းလိုလို သိပြီးသားတွေပါနော်..။ ခု ကျွန်တော် ပြောမှာက
SWF ဖိုင်မဟုတ်ပဲ Mp3 သီချင်းကို လင့်ထုတ်ပြီး ထည့်တာပါ။ သူငယ်ချင်းရဲ့ စက်ထဲမှာ ရှိတဲ့
Mp3 သီချင်းတစ်ပုဒ်ကို Flash Song တွေ လင့်ထုတ်သလို ထုတ်လိုက်မယ်ဆိုရင် ဒီလိုလေး ရလာပါမယ်။
http://.........../.mp3 အဲဒီလို ရလာတဲ့လင့်ကို ဖွင့် ကြည့်လိုက်မယ်ဆိုရင် Flash Song တွေလို ဒါရိုက်
နားထောင်လို့ မရပါဘူး။ Download ပဲ တန်းကျပါတယ်..။ ဒါကို ကျွန်တော်တို့က Web Page ပေါ်မှာ
နားထောင်လို့ ရအောင် Flash Song တွေ ထည့်တဲ့ကုတ်လိုပဲ ဒီ MP3 Audio Files တွေ အလုပ်လုပ်တဲ့
ကုတ်လေးကို အသုံးပြုပြီး ထည့်မယ်ဆိုရင်တော့ အဆင်ပြေပါပြီ။ ပထမဦးဆုံး ကျွန်တော် တွေ့ခဲ့တဲ့
Embed MP3 Player ကုတ်လေးကို တင်ပြပေးပါမယ်။နမူနာ သီချင်းလေးကိုတော့ အနော်ကြိုက်တဲ့
Bobby Soxer ရဲ့ "မင်းသဘော" ဆိုတဲ့ သီချင်းလေးနဲ့ တင်ပေးသွားပါမယ်နော်..း)

ပထမဦးဆုံး တင်ပေးချင်တာက Google Reader MP3 Player လေးပါ။
တော်တော်လေးကို ပြည့်စုံမှု ရှိတယ်လို့လည်း ထင်ပါတယ်။ ကျွန်တော် နမူနာ စမ်းကြည့်ထားတာလေးကို
အောက်မှာ နားထောင်ကြည့်နိုင်ပါတယ်..
No comments:
Post a Comment
Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။