Wednesday 16 January 2013

MP3 to SWF Converter [ Portable ]



Mp3 သီချင်းတွေကို Flash ဖိုင် အလွယ်တစ်ကူပြောင်းချင်တဲ့ သူငယ်ချင်းတွေအတွက် ဒီဆော့ဝဲလ်လေးက အရမ်းကို

အသုံးဝင်ပြီး ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဖိုင်ဆိုဒ် 1.30 MB ပဲ ရှိပြီး Portable လေးလည်း ဖြစ်တော့ သုံးရတာ

အဆင်ပြေဆုံး ဖြစ်မှာပါ။ MP3 သီချင်းတွေကို SWF ဖိုင်ပြောင်းရတာလည်း တော်တော်လေးကို လွယ်ကူပါတယ်။


ကျွန်တော် JustinBieber ရဲ့ " Baby " ဆိုတဲ့ သီချင်းလေးကို အစမ်းလုပ်ကြည့်ထားတာလေးပါ။

[ 1 ] ပထမဦးဆုံး Add Mp3/WAV ကို ကလစ်ပြီး ကိုယ် SWF ဖိုင် ပြောင်းချင်တဲ့ သီချင်း တစ်ပုဒ်ကို ရွေးပြီး Open လုပ်ပါ။



[ 2 ] Options ကို နှိပ်ပြီး ကိုယ်လိုချင်တဲ့ ပုံစံပြောင်းပေါ့။ Auto Play လာစေချင်တာလား။ ဖွင့်မှ လာစေချင်လား။

အရောင်ပြောင်းမလား။ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာတွေမှာပါ လိုချင်သလို ပြင်နိုင်ပါသေးတယ်။ ပြီးရင် OK ပေးလိုက်ပေါ့။



[ 3 ] Convert All ကို နှိပ်လိုက်တာနဲ့ MP3 သီချင်းကနေ SWF ဖိုင် ပြောင်းပါပြီ။ လုပ်ရတာ အရမ်းကို လွယ်ပါတယ်နော်...



သုံးချင်တဲ့ လိုအပ်မယ်ထင်တဲ့သူများ အောက်မှာ ဒေါင်းသွားနိုင်ပါတယ်။

Download: MP3 to SWF Converter


ကျွန်တော် စမ်းလုပ်ကြည့်ထားတဲ့ သီချင်းလေးပါ။ JustinBieber " Baby "




No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။