Showing posts with label Google Drive. Show all posts
Showing posts with label Google Drive. Show all posts

Saturday, 1 June 2013

Google Drive ကို Desktop ပေါ်မှာတင် သုံးလို့ ရပြီ

ပထမဦးဆုံး Google Drive ဆော့ဝဲလ်ကို ဒီနေရာမှာ နှိပ်ပြီး ဒေါင်းပါ။ ဖိုင်ဆိုဒ် 764 KB မျှသာ ရှိပါတယ်။

ဒေါင်းပြီးရင် ဆော့ဝဲလ်ကို Install လုပ်ပါ ။ အောက်က ပုံ ပေါ်လာပါလိမ့်မယ်။ Sign in now ကို နှိပ်ပါ။



သင့် Gmail Account နဲ့ Password ထည့်ပြီး Sign in လုပ်ပါ။

Friday, 17 May 2013

Google Drive မှ Flash Song များကို Upload တင်နည်း Video

ခုနောက်ပိုင်း Ning ဆိုဒ်တွေက Flash Song တွေ လင့်ချိတ်ဖို့ စိတ်မချရတော့ပါဘူး။ ကိုယ်က အဲဒီဆိုဒ်ကနေပြီးတော့

အပြီး ထွက်လိုက်လို့ လင့်ပျက်တာတွေနဲ့ ခု သူတို့ဆိုဒ်တွေ ပျက်တော့မှာဆိုတော့ Ning ဆိုဒ်တွေမှာ လင့်ချိတ်ဖို့က

ဘယ်လိုမှ မကောင်းတော့ပါဘူး။ ပြီးတော့ ဖိုင်ဆိုဒ်ကလည်း ကန့်သတ်ထားသေးတယ်။ ကိုယ့်သုံးနေတဲ့ အင်တာနက်

လိုင်းက သိပ်မကောင်းရင်လည်း လင့်က မကျတော့ပဲနဲ့ Error ပဲ တက်လာတတ်ပါတယ်။ Google Drive မှာက

အဲဒီ အချက်တွေအားလုံး ကောင်းပါတယ်။ လင့်တွေ ကြာရှည်ခံဖို့ စိတ်ချရတယ်။ ဖိုင်ဆိုဒ် အကြီးကြီးတွေပါ တင်လို့

ရတယ်။ Upload တင်နေရင်း လိုင်းနှေးသွားလို့ ပြုတ်မကျသွားပါဘူး။ Upload တင်တာ ပြီးတဲ့အထိ ဖြေးဖြေးချင်း

Loading ဖြစ်နေပေးပါတယ်။ Flash Song တင်မဟုတ်ပဲ ဆော့ဝဲလ်တွေ၊ mp3 သီချင်းတွေ၊ .css .js .html ဖိုင်တွေရော

အကုန် တင်လို့ ရပါတယ်။ သင့်အနေနဲ့ Gmail အကောင့် တစ်ခုရှိရုံနဲ့ 5GB အထိ Upload တင်လို့ ရပါတယ်နော်..

ကျွန်တော်အရင်က ရေးထားတဲ့ Files Upload & Sharing with Google Drive [ Second Edition ] ကိုလည်း သွားပြီး

ဖတ်စေချင်ပါတယ်။ အဲဒီမှာ ပုံတွေနဲ့ သေချာရှင်းပြပေးထားတာပါ။ ဒါပေမယ့် တစ်ချို့က သိပ်နားမလည်သေးဘူးဆိုလို့

Sunday, 5 May 2013

Files Upload & Sharing with Google Drive [ Second Edition ]

ကျွန်တော့်အနေနဲ့ ဖိုင်တစ်ခုခုကို Upload တင်တော့မယ်ဆိုရင် ကိုယ်တင်ထားတဲ့ဖိုင်လေးတွေ ရေရှည်ခံမှာလား၊

စိတ်ချရလား၊ ကိုယ် Upload တင်ရတာနဲ့  ဒေါင်းယူမယ့်လူတွေအတွက်ရော အားလုံး  လွယ်ကူအဆင်ပြေမှာလားဆိုတာ

အမြဲစဉ်းစားပါတယ်။ ဟိုအရင်တုန်းက ကျွန်တော် Mediafire ဆိုဒ်ကို သုံးခဲ့တယ်။ နောက်ပိုင်း Copyright ငြိတာတွေနဲ့

ခဏခဏ ဖိုင်တွေ အဖျက်ခံရတယ်။ ဥပမာ ဆော့ဝဲလ်တစ်ခုကို မူရင်းဆိုဒ်က ရောင်းစားတယ်။ အဲဒါကို ကိုယ်က

Patch ဖိုင်တွေနဲ့ တင်တာ၊ Portable လုပ်ပြီး တင်တာတို့ဆို ဖျက်ပါတယ်။ တစ်ခြားဖိုင်တွေဆိုလည်း တစ်နှစ်လောက်

ပြီးရင် ဖျက်ပစ်တာပါပဲ။ ဒါက  Mediafire ဆိုဒ်တင် မဟုတ်ပါဘူး။  Free File Hosting တိုင်းလိုလိုပဲ လုပ်နေကြတာ။

နောက် Flash Song တွေ Upload တင် [ လင့်ချိတ် ] တဲ့ သူငယ်ချင်းတွေ အများစုက Ning ဆိုဒ်တွေမှာပဲ သွားပြီး

လုပ်နေကြတာပါ။ ခုနောက်ပိုင်း Ning ဆိုဒ်တွေဆို အများကြီးကို ပေါ်လာနေပါတယ်။ လင့်ချိတ်တဲ့လူတွေကလည်း

အလွယ်တစ်ကူပါပဲ။ နောက် အဲဒီဆိုဒ်က အကြောင်းအမျိုးမျိုးကြောင့် ဆိုဒ်ပျက်သွားခဲ့ရင် ကိုယ်တင်ထားတဲ့ လင့်တွေက

အလုပ် မလုပ်တော့ပါဘူး။ ပြီးတော့ ကိုယ် အဲဒီဆိုဒ်ကို မဝင်ချင်တော့လို့ အပြီးထွက်ရင်လည်း လင့်တွေ ပျက်ပါတယ်။

Google Drive မှာ ကျွန်တော်တို့ Blogger တွေ၊ Flash Song Creator တွေအားလုံးအတွက် ဆော့ဝဲလ်တွေနဲ့

ဖလပ်သီချင်းတွေ Mp3 သီချင်းတွေ၊ ပုံတွေ၊ PDF ဖိုင်တွေ နဲ့ တစ်ခြား ဖိုင်တွေအားလုံးကို အွန်လိုင်းပေါ်မှာတင်