Friday 7 December 2012

Mp3 သီချင်းတောင်းဆိုရန်

သူငယ်ချင်းများ အားလုံးပဲ မင်္ဂလာပါ.. ကျွန်တော် အရင်တုန်းက ဒီစာမျက်နှာမှာ သီချင်းတောင်းဖို့ C-Box တစ်ခုလုပ်ပြီး

တင်ထားပါတယ်။ Flash Song လုပ်တဲ့ သူတွေနဲ့ တစ်ခြားသူငယ်ချင်းတွေရော ကိုယ်လိုချင်တဲ့ သီချင်းလေးတွေကို

 အွန်လိုင်းပေါ်မှာ ရှာဖွေ၊ ဒေါင်းယူရတာ ခက်ခဲနေတဲ့အခါ ကူညီချင်တဲ့ စိတ်နဲ့ပါ။ တောင်းဆိုထားတဲ့ သီချင်းတွေကို

 အတတ်နိုင်ဆုံး ရအောင်ရှာပြီး တင်ပေးခဲ့ပါတယ်။ ဒါပေမယ်.. တစ်ချို့လူတွေက တင်ထားပြီးသားသီချင်းတွေကို

ခဏ ခဏထပ်ပြီး ပြန်တောင်းနေသလို လိုချင်တဲ့သီချင်းတွေကိုလည်း အထပ်ထပ် အခါခါ မျက်စိနောက်လောက်အောင်

ရေးနေကြတဲ့အတွက် ကျွန်တော်ရဲ့စေတနာကို ခုတုံးလုပ်ပြီး ခုလို လာပြီး နှောက်ယှက်နေတယ်လို့ ခံစားမိလို့ ဒီနေ့..

C-Box ကို ဖြုတ်လိုက်ပါပြီ။ Mp3 သီချင်းတွေကို  ဒီနေရာလေးမှာ တင်ပေးထားတာ အပုဒ် 100 နီးပါးရှိနေပါပြီ...။

ကိုယ်လိုချင်တဲ့ သီချင်းတွေက အဲဒီစာမျက်နှာမှာ တင်ထားတာ မရှိမှသာ ဒီမှာ လာပြီးတော့ တောင်းပါ။

သီချင်းရှိမရှိရှာနည်းလေးကတော့ ဒီနေရာမှာဖတ်ကြည့်ပါ။

နောက်ပြီး..သီချင်းတစ်ပုဒ်ကို တစ်ခါသာ တောင်းဖို့ အထူးမေတ္တာရပ်ခံပါတယ်။ သီချင်းတောင်းဆိုလိုသူတွေအနေနဲ့ အောက်က

ဖောင်မှာ မိမိ နာမည်။ Email လိပ်စာ၊ ကိုယ်လိုချင်တဲ့ သီချင်းနာမည်နဲ့ အဆိုတော် နာမည်တွေကို သေချာဖြည့်ပြီးတော့

တောင်းဆိုနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ အတတ်နိုင်ဆုံး တွေ့အောင်ရှာပြီး တင်ပေးမှာပါ။ အချိန်နည်းနည်းလေးတော့

စောင့်ပေးစေချင်ပါတယ်။ အချိန်ရတာနဲ့ အမြန်ဆုံးတင်ပေးနိုင်ဖို့ ကြိုးစားပေးပါမယ်။အားလုံးကို ကျေးဇူးတင်ပါတယ်...။


.............

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။