Thursday 2 May 2013

SWiSH Max ဆော့ဝဲလ်များကို Patch သုံးပြီး Full Version ဖြစ်အောင် လုပ်နည်း


Flash Song လုပ်ချင်ကြတဲ့ သူငယ်ချင်းတွေ SWiSH Max2,3,4 ဆော့ဝဲလ်တွေကို Install လုပ်ပြီး ဖွင့်သုံးမယ်လုပ်တော့

အပေါ်က ပုံတွေလို ပေါ်ပြီး သုံးမရဘူးဆိုတဲ့ သူငယ်ချင်းတွေအတွက်ပါ။ SWiSH Max ဆော့ဝဲလ်တွေကို ထုတ်တဲ့ဆိုဒ်

http://www.swishzone.com က အစကတည်းက ရောင်းစားဖို့ ထုတ်ထားတာပါ။ Full Version မဟုတ်ပါဘူး.....။

Full Version လိုချင်ရင် ဝယ်သုံးခိုင်းတယ်။ ဒါမှမဟုတ် Try ကို နှိပ်ပြီး  သူ့ဆိုဒ်မှာ ကိုယ့်မေးလ်လိပ်စာဖြည့်ပြီး လုပ်ရင်

Unlock Key ပေးပြီး ၁၅ ရက် Free ပေးသုံးပါတယ်။ သူပေးထားတဲ့ရက်ပြည့်ရင်တော့ Unlock Key ပြန်တောင်းနေမှာပါ။

ဒါကို ကျွန်တော်တို့က အမြဲတမ်းသုံးလို့ရအောင် Patch ဖိုင်သုံးပြီး Full Version ဖြစ်အောင် လုပ်ပါမယ်။ အောက်က

အဝါရောင်နဲ့ Patch ဖိုင်တွေက SWiSH Max2,3,4 ကို Patch ဖိုင်တစ်မျိုးစီပါ။ ညာဘက်အောက်ဆုံးက အဖြူရောင်

Patch ဖိုင်လေးက  swishzone.com က ထုတ်တဲ့ ဆော့ဝဲလ်မှန်သမျှကို Full Version ဖြစ်အောင် လုပ်နိုင်ပါတယ်။


ကျွန်တော် Patch ဖိုင်တွေ အကုန်လုံးစုပြီး Upload တင်ပေးထားပါတယ်။ Anti Virus ဆော့ဝဲလ် ရှိရင် ပိတ်ပြီးတော့မှ

ဒေါင်းပါ။ Patch ဖိုင်ကို Anti Virus ဆော့ဝဲလ်တွေက Virus အဖြစ် သတ်မှတ်ထားလို့ အသုံးပြုနေချိန်မှာပါ ပိတ်ထားပါ။

Download: SWiSH Max Patch

SWiSH Max ဆော့ဝဲလ်တွေ မရှိသေးရင် http://flashsongcreators.blogspot.com/ မှာ သွားဒေါင်းလိုက်ပါ။

ပထမဦးဆုံး ကိုယ်သုံးမယ့် SWiSH Max2,3,4 ဆော့ဝဲလ်တစ်ခုခုကို Install လုပ်လိုက်ပါ။ Patch လုပ်ပုံချင်း အတူတူပါပဲ။

ကျွန်တော် SWiSH Max4 နဲ့ နမူနာ လုပ်ပြပါမယ်။ Install လုပ်ပြီးတော့ Desktop ပေါ်က SWiSH Max ဆော့ဝဲလ်ကို

ဖွင့်ကြည့်လိုက်ပါ။ ဒီအောက်က ပုံလို ပေါ်နေတယ်ဆို ပိတ်ထားလိုက်ပါ။ ဘာမှ မလုပ်ပါနဲ့.......



Desktop ပေါ်က SWiSH Max4 Shortcut လေးကို Right Click ထောက်ပြီးတော့ အောက်ဆုံးက Properties ကို နှိပ်ပါ။



ခုလိုပေါ်လာပြီဆိုရင် Open File Location ကို နှိပ်ပါ။



ကိုယ် Install လုပ်ထားတဲ့ SWiSH Max4 Program ဖိုင်ဆီကို ရောက်သွားပါလိမ့်မယ်။ ဒေါင်းထားတဲ့ Patch ဖိုင်ထဲက

 swishzone.all.productpatch ဆိုတာလေးကို ကော်ပီလုပ်ပြီး အဲဒီအထဲမှာ Paste ချလိုက်ပါ။ REA ဆိုတဲ့ အနက်ရောင်

ပုံလေးနဲ့ပါ..။ Patch ဖိုင်က မောက်နဲ့ ဖိဆွဲပြီးတော့ ထည့်လည်းရပါတယ်။ အဆင်ပြေသလို ထည့်လိုက်ပါရန်......



ပြီးရင် အဲဒီ Patch ဖိုင်ကို Right Click ထောက်ပြီး Run as administrator ကို နှိပ်ပါ......။



အောက်က ပုံမျိုးလေး တက်လာပြီဆိုရင် PATCH ကို နှိပ်ပေးပါ။



ခုနက Patch ဖိုင်ထည့်ခဲ့တဲ့ Folder ထဲက SWiSH Max4 ပုံလေးကို ရွေးပြီး Open နှိပ်လိုက်ပါ ။



ခုလို *PATCHING DONE* ဆိုတဲ့ ပုံလေး တက်လာပြီဆိုရင် Patch လုပ်တာ အောင်မြင်သွားပါပြီ။



Desktop ပေါ်က SWiSH Max ဆော့ဝဲလ်ကို ပြန်ဖွင့်ကြည့်ပါ။ ခုလို တက်လာတာကို တွေ့ရပါလိမ့်မယ်။

ဒါဆိုရင်တော့ သူငယ်ချင်းတို့ လုပ်ချင်နေတဲ့ Flash Song တွေကို အချိန်မရွေး လုပ်လို့ ရပါပြီခင်ဗျာ..



 SWiSH Max2,3 နဲ့ တစ်ခြား ဆော့ဝဲလ်တွေကိုလည်း Patch လုပ်နည်းက ဒီနည်းအတိုင်း အတူတူပဲ ဖြစ်ပါတယ်။

swishzone.all.productpatch ဆိုတဲ့ Patch ဖိုင်လေးက SWiSH Max2,3,4 အားလုံးကို Full Version ဖြစ်အောင်

လုပ်လို့ ရပါတယ်။ သူငယ်ချင်း မောင်နှမများ အားလုံး အစစရာရာ အဆင်ပြေ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။

မှတ်ချက်။         ။ Patch ဖိုင် ဒေါင်းလုပ်လင့်ပျက်နေတာကို 24/10/2013 မှာ အသစ်ပြန်တင်ပေးထားပါပြီ။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။