Saturday 25 August 2012

Flash ပုံ လှလှလေးတွေ လိုချင်သူများအတွက်..
















ကျွန်တော် ဒီနေ့ Flash Song လုပ်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေကို သတင်းကောင်းလေး တစ်ခု ပြောချင်တယ်...

သိထားတာတော့ ကြာပြီဗျ..သေချာ မကြည့်ဖြစ်တာ သူငယ်ချင်းတို့တော့ စဉ်းစားမိကြလား မသိဘူး..

သူများတွေလုပ်ထားတဲ့ Flash Song လေးတွေဆို အထဲမှာ Flash ပုံ အရှင်လေးတွေ လှနေတာပဲလေ

သူတို့တွေ ဘယ်လိုလုပ်လဲ.??? အဲဒီပုံလေးတွေ ဘယ်က ရလဲဆိုတာပေါ့...

ကျွန်တော် ဒီနေ့ အလုပ်လည်း သိပ်မရှိတာနဲ့ သေချာလျှောက်ကြည့်လိုက်တော့....အားပါးး

နည်းတာ မဟုတ်ဘူး..သေချာရှာလေ တွေ့လေပဲ ဟိဟိ...ရှာဖွေ လေလေ တွေ့ရှိလေလေပေါ့နော်

ကျွန်တော် နမူနာနည်းနည်းတော့ ဆွဲလာခဲ့တယ်..သပ်သပ်တော့ တင်မပေးတော့ဘူးနော်..

သူငယ်ချင်းတို့ကိုယ်တိုင် ကိုယ်ကြိုက်တဲ့ ပုံလေးတွေ သွားရွေးပြီး ဒေါင်းယူလိုက်တော့နော်..

ဒီလင့်လေးပါပဲဗျာ... http://www.fzwp.com/flash/transparent/Index.html

Flash ပုံလေးတွေတင် မဟုတ်ဘူးနော် မောက်အဖက်တို့ ဖောင့် အလှတို့ တစ်ခြား အစုံပါပဲ..

ကျွန်တော်တောင် ရှာရှင်းနဲ့ ကြိုက်တာလေးတွေ တွေ့လို့ ဒေါင်းလိုက်တာ တော်တော်များတယ်..

သူငယ်ချင်းတို့လည်း အားရ ပါးရသာ သွားဒေါင်းဗျာ..ပိုက်ပိုက်ပေးရဘူးနော်..:D

2 comments:

  1. အကိုရေ...
    Fzwp.com အဖက်လေးတွေကို ဘယ်ဒေါင်းရတယ် ဆိုတာရယ်၊
    နောက်ပြီးဆော့ဝဲထဲမှာသုံးတဲ့အခါ အဖက်တွေကပုံမှန်အလုပ်မလုပ်
    ဘူးဖြစ်နေပါတယ်..Fzwp.com ဆိုက်လေးကိုလည်းရှာရင်းဖွေရင်း
    တွေ့ထားတာကြာပါပြီ...ဥပမာ အကိုတင်ထားတဲ့ သတို့သားသတို့
    သမီး အဖက်လေးကို ဆော့ဝဲထဲထည့်လိုက်ရင် အဖက်တွေကပုံမှန်မရ
    ဘဲ သတို့သမီးဝတ်တဲ့ ဇာအင်္ကျီနဲ့ ပုဝါက ပျောက်လိုက်ပေါ်လိုက်ဖြစ်နေ
    ပါတယ်...ကျွန်တော်ဒေါင်းလုပ်ဆွဲတာပဲမှားလားမသိဘူးခင်ဗျာ...
    နောက်ပြီးကျွန်တော်သုံးတာ SWiSH Max4 နဲ့ portable SWiSH Max4 4.0 ပါအကိုရေ...အသုံးပြုပုံလေးကိုတစ်ချက်လောက်ရှင်းပြပါ
    ခင်ဗျာ... yarzar.htwe5@gmail.com ကျွန်တော့်အကောင့်လေး
    ကိုအကိုအားတဲ့ အခါမေးလ်ပြန်ပို့ပေးပါ အကိုရေ...

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  2. အစ်ကိုရေ ဒီလင့်လေးကိုသာ နှိပ်ကြည့်လိုက်တော့..

    http://api.ning.com/files/2BUJDMe-3ypHuiNYkQKzbFQf2T4Ngrk1z8JGFizexp4NuZ1GbRQVnGkXiEnpbr7NkjlIJmanlVwoGzDNxUXhDwfvHi9szpOc/minanar4.swf

    အစ်ကိုသိချင်တာတွေ အားလုံး သိနိုင်လောက်တယ်..

    ကျွန်တော်လည်း Flash Song လုပ်တာကို စိတ်ဝင်စားပါတယ်..

    ဘာမှကို သေချာမသိသေးပါဘူး..လေ့လာသိရှိထားတာလေးတွေကို

    ပြန်လည်မျှဝေပေးတဲ့ သဘောပါ..

    လာလည်တဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်...

    ReplyDelete

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။