Wednesday, 13 February 2013

Happy Valentine Day !



ဒီနေ့ February 14 ရက်နေ့ ချစ်သူများနေ့မှာ သူငယ်ချင်းများ အားလုံး ကိုယ်ချစ်တဲ့သူနဲ့ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့

ဆုတောင်း ပေးလိုက်ပါတယ်နော်..။ ကျွန်တော့်အတွက် ဒီနေ့က အရမ်းကို ပျော်ရတဲ့ ကောင်းတဲ့နေ့လေးပါ။ ၁ နှစ်ကျော်ကြာ

စောင့်ခဲ့ရတဲ့ ချစ်သူဆီက အဖြေရတဲ့ နေ့ ဖြစ်နေလို့ပါ။ အမှတ်တရ နေ့လေး တစ်နေ့ ဆိုလည်း မမှားဘူးပေါ့နော်။

ကျွန်တော့် သူငယ်ချင်းတွေလည်း ကိုယ်တစ်ကယ် ချစ်တဲ့ သူနဲ့ အဆင်ပြေစေချင်ပါတယ်။ ဒီနေ့ Valentine Day အတွက်


ကျွန်တော် ရည်ရွယ်ပြီး လုပ်ထားတဲ့ Album လေးလည်း တင်ပေးလိုက်ပါတယ်။  Valentine  Day သီချင်းလေးတွေနဲ့

အချစ်သီချင်းလေးတွေ သီချင်းပေါင်း ၁၃ ပုဒ် စုပြီး လုပ်ထားပါတယ်နော်။ သူငယ်ချင်းတို့ ကြိုက်ကြလိမ့်မယ်တော့ ထင်ပါတယ်။

ကျွန်တော် လိုင်းမကောင်းတဲ့ကြားက ၅ ရက်လောက် အချိန်ပေးပြီး လုပ်ထားရတာပါ။ နားထောင်ချင်ရင် ဒီနေရာလေးကို နှိပ်ပါ။

Download ဆွဲပြီး သိမ်းထားချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပါ။ နောက်ထပ် ကိုယ့်ချစ်သူကို လက်ဆောင်ပေးဖို့

ဆော့ဝဲလ်လေး တစ်ခုလည်း တင်ပေးလိုက်ပါတယ်။  အောက်က လူပျံပုံလေးနဲ့ပေါ့နော်။ သီချင်းတွေလည်း ဆိုပြပါသေးတယ်။

I Love You တို့ ဘာတို့ပေါ့ ဟီးး။ လိုချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းပါ။





အဲဒီပုံလေးနဲ့ Flash Song တွေ လုပ်တဲ့အခါ  Mouse Effect လေး လုပ်ပြီး သုံးချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ ဒေါင်းယူပါ။

ခု နောက်ထပ် တင်ပေးမယ့် ဆော့ဝဲလ်လေးကတော့ သူ့ကို ဖွင့်လိုက်တာနဲ့ ကွန်ပျူတာ Screen အပြည့် အသည်းပုံလေးနဲ့

 I Love You ဆိုတဲ့ စာသားလေးတွေ ပေါ်နေမှာ ဖြစ်ပါတယ်။ ကိုယ့်ချစ်သူကို လက်ဆောင်ပေးလို့ အကောင်းဆုံးပါပဲ။

လိုချင်တယ်ဆိုရင်တော့ ဒီကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်။ ကိုယ့်ချစ်သူ ကိုယ့်အပေါ် ဘယ်လောက်ချစ်လဲဆိုတာ သိချင်တယ်ဆိုရင်

ဟောဒီ အချစ်ဗေဒင်လေးနဲ့ မေးလို့ ရပါတယ်။ လူတိုင်း ကိုယ့်ချစ်သူကို အမြဲ ပြုံးပျော်နေတာကို မြင်တွေ့ချင်မှာပါ။ အဲဒီတော့

သူ စိတ်ညစ်နေတဲ့အချိန် သူ့နှုတ်ခမ်းက အပြုံးပန်းလေးတွေ ဝေသွားအောင်လို့ အပြုံးမျိုးစုံနဲ့ သင့်ချစ်သူကို လုပ်ပြမယ့်

Smiles ဆော့ဝဲလ်လေး လက်ဆောင်ပေးချင်ရင်တော့ ဒီမှာ ဒေါင်းယူသွားနိုင်ပါတယ်။ ခုရက်ပိုင်း Mp3 သီချင်းတွေ Upload

တင်ထားတာ တော်တော်များပါတယ်။ ခု တင်ပေးထားတဲ့ Album ထဲမှာ Download ဆွဲယူဖို့လည်း လင့်တွေ ပေးထားသလို

 Mp3 သီချင်းများ ဒေါင်းရန်
ဆိုတဲ့ စာမျက်နှာမှာ အရင် Album တွေထဲက သီချင်းတွေရော စုတင်ပေးထားပါတယ်။

နောက်ရက်တွေမှာ ဆော့ဝဲလ်အသစ်တွေနဲ့ Flash နဲ့ ပက်သက်တဲ့ နည်းပညာလေးတွေရော Effect အသစ်တွေရော

တင်ပေးဖို့ ရှိပါတယ်နော်။ အဲဒီကျရင်လည်း လာပြီး အားပေးကြပါဦးလို့တစ်ခါတည်း အသိပေးလိုက်ပါတယ်နော်...။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။