......... | ဒီနေ့တော့ Flash Song လုပ်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေ အတွက် မြန်မာဖောင့် အလှလေးတွေ တင်ပေးသွားပါမယ်.. အရင်ကလည်း တင်ထားတာတွေ ရှိပါတယ်.. ဖောင့်တွေတော့ သိပ်မစုံဘူးပေါ့နော်.. ခုတင်ပေးမယ့် ဖောင့်တွေကတော့ အစုံပါပဲ..
ကျွန်တော်အရင်တုန်းက ခုတင်ပေးတဲ့ Win Font တွေထဲက Win Dagon ဖောင့်လေး လိုချင်တာနဲ့ MM-Flash Song ဆိုဒ်က Flash Song Creator အစ်မတစ်ယောက်ဆီ တောင်းဖူးပါတယ်.. ဖိုင်ဆိုဒ်ကြီးနေလို့ ပေးလို့ မရပါဘူးတဲ့ ...စိတ်ထဲ တော်တော်မကောင်းဖြစ်သွားတယ်ဗျာ.. တစ်ကယ်ဆို ဒီဖောင့်လေးက 71 KB ပဲ ရှိတာပါ..ဒါပေမယ့်...ဒါပေမယ့်.....ကျွန်တော်မပြောတော့ပါဘူး အဲဒီအချိန်တုန်းက ကျွန်တော် မောင်စေတနာ http://mgsaytanar.blogspot.com/ ကဒေါင်းထားတဲ့ Win Fonts တွေတော့ ရှိပါတယ်..သိပ်တော့ မစုံဘူးပေါ့နော်..ခုပြောတဲ့ Win Dagon ဖောင့် မပါပါဘူး.. ဒါနဲ့ M2O Flash Song Net က ကျွန်တော်နဲ့ ခင်တဲ့ ကိုမျိုးဦးဆီကို ကျွန်တော် Win Dagon ဖောင့်လေး လိုချင်လို့ ပြောလိုက်တော့ သူက ခုတင်ပေးတဲ့ ဖောင့်တွေ အားလုံးကို ပေးခဲ့ပါတယ်.. ဒါကြောင့်လည်း ကျွန်တော် ဒီဖောင့်တွေကို သူငယ်ချင်းတွေဆီ ပြန်လည်မျှဝေနိုင်တာပါ.. ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို..ဒီဖောင့်တွေကို ပထမဦးဆုံး တင်ပေးတဲ့ www.aungkyaw.com က ကို အောင်ကျော်ကိုလည်း အထူးကျေးဇူးတင်ပါတယ်..ခက်ခက်ခဲခဲနဲ့ ရခဲ့တဲ့ ဖောင့်လေးတွေ ဖြစ်တာကြောင့် ကျွန်တော် အရမ်းတန်ဖိုးထားပါတယ်..ဒီဖောင့်လေးတွေကို သူငယ်ချင်းတို့ ဒေါင်းယူပြီး အသုံးပြုမယ်ဆိုရင်တော့ ဤဖောင့်တွေကို ဖန်တီးခဲ့သူ၊ မူလတင်ပေးခဲ့သူ၊ ပြန်လည်မျှဝေသူ အားလုံးက ဝမ်းသာ ကျေနပ်နေကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်..အားလုံးကို ကျေးဇူးတင်ပါတယ်... |
.......................................... |
|
Tuesday, 21 August 2012
မြန်မာဖောင့် အလှများ ၂
Labels:
Font
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။