Saturday 25 August 2012

SWiSH Max3 & 4 ကို Patch ဖိုင်ထည့်ပြီး သုံးနည်း

သူငယ်ချင်းများ အားလုံး မင်္ဂလာပါနော်.. ကျွန်တော် ဒီနေ့ ပြောချင်တာက သူငယ်ချင်းတို့ရော

ကျွန်တော်လည်း ပါပါတယ်..အရင်တုန်းကဆို Flash Song ဆိုတာကို ပျင်းတဲ့အခါ စိတ်ညစ်တဲ့အခါ

အများဆုံးကတော့ ပျင်းတဲ့အခါတွေမှာလောက်ပဲ နားထောင်ဖြစ်တာ များပါတယ်..

ဒီလိုနဲ့ ကျွန်တော်တို့ သူများလုပ်ထားတာကို နားထောင်ရင်းကနေ

ကိုယ်တိုင် အဲလို လုပ်ကြည့်ချင်တဲ့စိတ်လေးတွေ ဖြစ်လာကြတယ်ပေါ့..ကိုယ်ချစ်တဲ့သူတွေ ဘာတွေ ရှိရင်လည်း

ခံစားချက်လေးတွေကို ကိုယ်တိုင်ဖန်တီးပြီး ပြောပြလို့ရတာလည်း ပါတယ်လေး)


အဲဒါနဲ့ ကျွန်တော်တို့ Flash Song ကို ကိုယ်တိုင် လုပ်မယ်ဆိုပြီးတော့ Flash Song လုပ်တဲ့

SWiSH Max ဆော့ဝဲတွေဒေါင်းရပါတယ်..SWiSH Max2 / SWiSH Max3 /SWiSH Max4 သုံးမျိုးရှိပါတယ်...

အဲဒါအပြင်ကိုပဲ ဆော့ဝဲလ်တွေက Install လုပ်ပြီးမှ သုံးလို့ ရတာနဲ့ ဒေါင်းပြီး ဒါရိုက်သုံးလို့ရတဲ့ Protable

နှစ်မျိုး ထပ်ကွဲသွားပါတယ်..ဆော့ဝဲ တစ်မျိုးစီမှာ အားနည်းချက် အားသာချက်တွေ ရှိပါတယ်..


တတ်တဲ့သူတွေပြောတာတော့ ဒီလိုလေးဗျ..ကျွန်တော်က တစ်ဆင့် ပြန်ပြောပြတာပေါ့နော်..

SWiSH Max2 က သီချင်းစာသားထည့်တာမှာ လုပ်ရတာ အဆင်ပြေဆုံးဖြစ်ပြီးတော့

Mouse Effect တို့ အဖွင့်အပိတ် Button တို့ Effect တွေ ထည့်လို့ အဆင်မပြေဘူး။



SWiSH Max3 က Effect တော်တော်များများကို ထည့်လို့ရတယ်..တစ်ချို့ အဖက်တွေတော့ ထည့်လို့

မရတာတွေ ရှိပါတယ်..စာသားထည့်ရတာ သိပ်အဆင်မပြေပေမယ့် အဲဒီ ဆော့ဝဲ တစ်ခုတည်းနဲ့လည်း

Flash Song တစ်ပုဒ်ကို တော်တော်လေး လှအောင် လုပ်လို့ ရပါတယ်..



Swish Max4 ကတော့ Version မြင့်တဲ့အတွက် Animation တွေ ထည့်ရတာ ကောင်းပါတယ်...

သူကတော့ အကောင်းဆုံးလို့ပြောလို့ ရပါတယ်..Effect တွေ အားလုံးထည့်လို့ ရပါတယ်..အားနည်းချက်ကတော့

စာသားထည့်တဲ့နေရာမှာတော့ သိပ်အဆင်မပြေဘူးလို့ ပြောကြပါတယ်...

Flash Song လုပ်တာ ကျွမ်းကျင်သူတွေကတော့ SWiSH Max2 နဲ့ သီချင်းစာသား ထည့်ပြီး

Swish Max4 နဲ့ Effect တွေ ထည့်ပါတယ်တဲ့..ပြီးမှ Swish Max4 ထဲကို ခုနစာသားထည့်ထားတာကို

ပေါင်းထည့်ပြီး Flash Song တစ်ပုဒ် လုပ်လိုက်တာပေါ့နော်..



နောက် တစ်ခု ရှိသေးတယ်ဗျ..ကျွန်တော် သိပ်မကြာသေးခင်က လွန်ခဲ့တဲ့ ၁ လလောက်ကပေါ့

Swish Max4 Install လုပ်ပြီးမှ သုံးလို့ရတဲ့ဆော့ဝဲလ်ပါ..ဒေါင်းထားတာကတော့ ကြာပါပြီ

ဟိုအရင်တုန်းက တစ်ခါ စမ်းလုပ်ကြည့်ဦးမယ်ဆိုပြီးတော့ Install လုပ်ပြီး ဆော့ဝဲလ်လည်း ဖွင့်လိုက်ရော

Unlock Key တောင်းနေလို့ ကျွန်တော်လည်း ဘယ်လိုလုပ်ရမှန်း မသိ ဆိုတော့ ဒီအတိုင်းပဲ ထားလိုက်ရတာပေါ့နော်..


နောက် ကွန်ပျူတာ ဗိုင်းရပ်စ်ထိပြီး ဝင်းဒိုး အသစ်ပြန်တင်လိုက်ရတော့ ပျက်သွားတာပေါ့နော်..

ဒေါင်းထားတဲ့ဆော့ဝဲလ်ကိုတော့ မန်မိုရီ စတစ်ထဲထည့်ပြီး သိမ်းထားလိုက်ပါတယ်..

အဲဒါလေးကို လွန်ခဲ့တဲ့ တစ်လလောက်က Flash Song လုပ်တာ ဝါသနာ အရမ်းပါနေတာနဲ့ပဲ Install ပြန်လုပ်ပြီး

လျှောက်ကလိကြည့်လိုက်တော့ အဆင်ပြေသွားတယ်..Key ထည့်လိုက်တာပါ..သုံးလို့တော့ ရသွားပါတယ်..

ဒါပေမယ့် သူက ရက် အကန့်အသတ်ရှိပါတယ်..၁၅ ရက်လောက်လား မသိဘူးး အဲလောက်ပဲ ရပါတယ်..

နောက်ပိုင်း သုံးလို့ မရတော့ပါဘူး..

ကျွန်တော် အရင် မာတီပလိုင်း ဆိုဒ် http://thurainlin89.multiply.com မှာတော့ မလုပ်တတ်တဲ့သူတွေ

အဆင်ပြေအောင်ဆိုပြီးတော့ တင်ပေးထားပါသေးတယ်..အခု အဲဒီထက် ကောင်းတဲ့နည်း သိလိုက်ရလို့

သူငယ်ချင်းတွေအတွက် စေတနာလေးနဲ့ ခုပို့စ်လေးကို ရေးလိုက်တာပါ..

Swish Max4 ကို Install လုပ်ပြီးမှ သုံးလို့ရတာနဲ့ Protable ဆော့ဝဲလ် Flash Song လုပ်ရတာ ဘာကွာလဲ???

သူငယ်ချင်းတို့ အဲဒါကို သတိထားမိကြလား မသိဘူး..မသိသေးရင် စမ်းကြည့်ပါ Swish Max4 Protable မှာ

ထည့်လို့ မရတဲ့ Effect တစ်ချို့က Swish Max4 Install လုပ်ပြီးမှ သုံးလို့ရတဲ့ ဆော့ဝဲလ်မှာ အားလုံး

ထည့်လို့ရတယ် ဆိုတာပါပဲ။

ဒါကြောင့် နောက်ပိုင်းတော့ မသိပါ..လောလောဆယ်မှာတော့ အကောင်းဆုံးက Swish Max4 Install လုပ်ပြီးမှ

သုံးလို့ရတဲ့ ဆော့ဝဲလ်က အကောင်းဆုံးလို့ ပြောချင်ပါတယ်..ခုန အပေါ်မှာရေးခဲ့တဲ့ Key တောင်းတာကို ဖြေရှင်းပေးနိုင်မယ့်

နည်းကို ပြောပြပါမယ်..ကျွန်တော်တို့ အဲဒီနည်းကို မသိခဲ့လို့ Key ထည့်ခဲ့တာပါ..ခုတော့ အားလုံး အဆင်ပြေသွားပါပြီ..


အဲဒီတော့ သူငယ်ချင်းတို့ အရင်ဆုံး ဒီအောက်မှာ Swishmax 4 exe ဆိုတာကို ဒေါင်းလိုက်ပါ ။

Download : SWiSH Max4 [Installer ]

Install လုပ်ရပါမယ်..အဲဒါက မခက်ပါဘူး..လုပ်တတ်လောက်မယ်လို့ ထင်ပါတယ်..

တစ်ကယ်လို့ မလုပ်တတ်ဘူးဆိုရင်လည်း ပြောခဲ့ပါ..နောက်နေ့ ကျွန်တော် ပို့စ်သပ်သပ် တင်ပေးပါမယ်..


Swishmax 4 exe ဒေါင်းပြီးသွားရင် Swishmax 3 and 4 crack file ကို ထပ်ဒေါင်းလိုက်ပါ။

နောက်ထပ် Swishmax 3N4 crack ထည့်နည်း ဆိုတာကို ဒေါင်းချင်သေးရင် ဒေါင်းထားလိုက်ပါ..


ကျွန်တော်လုပ်တာတော့ သူပြောတာလောက်တောင် မခက် အလုပ်လည်း မရှုပ်ဘူး..၂ ဆင့် ၃ ဆင့်ပဲ

လုပ်လိုက်ရတယ်..အဲဒါလေး နည်းနည်းပြောပြပေးပါမယ်.. ကျွန်တော့် စက်က Window 7  ပါ ။

သူငယ်ချင်းတို့စက်နဲ့ တူမယ်ဆိုရင်တော့ အဆင်ပြေလောက်မယ်ထင်ပါတယ်

ပထမဦးဆုံး SWiSH Max4 ကို Install လုပ်လိုက်ပါ..အဲဒါဆိုရင်တော့ Desktop ပေါ်မှာ

SWiSH Max4 Icon ( ပုံလေး ) ပေါ်လာပါလိမ့်မယ်.. နှစ်ချက်နှိပ်ကြည့်လိုက်ပါ..

ဒီအောက်က ပုံလေးလို တက်လာပါလိမ့်မယ်..ဘာမှ ဆက်မလုပ်ပါနဲ့ ကြက်ခြေတ်ကိုသာ နှိပ်ပြီး

ပိတ်လိုက်ပါ..



ပထမဦးဆုံး သင့်စက်ထဲမှာ Anti Virus ဆော့ဝဲလ်ထည့်ထားရင် ခဏ ပိတ်ထားပါ။

သူက Crack ဖိုင် Patch ဖိုင်တို့ကို ဗိုင်းရပ်စ်လို့ သတ်မှတ်ထားလို့ပါ...မပိတ်ရင်တော့

Patch ဖိုင် ဖြေလို့ရမည် မဟုတ်ပါ...


ဒေါင်းထားတဲ့ Patch ဖိုင်ကို Right Click >> Run As Administrator ကိုနှိပ်လိုက်..



ဒီအောက်က ပုံလေးလို တက်လာရင် PATCH ဆိုတာကို နှိပ်ပေးပါ...






ပြီးရင် သင်ခုန Install လုပ်လို့ ပေါ်လာတဲ့ SWiSH Max4 ပုံလေးကို ရွေးနှိပ်လိုက်ပြီးတော့

Open ကို ထပ်နှိပ်ပေးပါ ...





အဲဒါဆိုရင်တော့ ဒီအောက်ကလိုလေး တက်လာပါလိမ့်မယ်..

PATCH ဖိုင်ဖြည်လို့ ပြီးသွားပါပြီ..



ကဲ အဲဒါဆိုရင်တော့ အားလုံး အဆင်ပြေသွားပါပြီ..ဆော့ဝဲလ်ကို ဖွင့်ကြည့်လိုက်ပါဦး..ပထမဦးဆုံးကလို

Unlock Key တောင်းတဲ့ ဘောက်စ်တက်မလာတော့ပါဘူး..ဒီလိုလေး တွေ့ရပါမယ်..

သူငယ်ချင်းတို့ လုပ်ချင်တဲ့ Flash Song လေးတွေ စပြီး လုပ်လို့ ရပါပြီနော်..






ကျွန်တော်ထင်တာတော့ ဒီအတိုင်း လုပ်ပြီးသွားရင် ဒီဆော့ဝဲလ်ကို ကိုယ်မဖျက်သရွေ့

သုံးလို့ ရလောက်တယ်..သေချာတော့ မသိပါ...အဆင်ပြေမယ်လို့ ထင်ပါတယ်။



မှတ်ချက်။      ။ ကျွန်တော် ရေးထားတဲ့ အတိုင်း လုပ်လို့ အဆင်မပြေဘူးဆိုရင် Double Tun ကိုယ်တိုင်

ရေးထားသော  Swishmax 3N4 crack ထည့်နည်း ဆိုတာကို ဒေါင်းလုပ်ဆွဲပြီး ဖတ်လုပ်ပါ။

မူရင်း ဆော့ဝဲလ်များနှင့် အဖက်ဒေါင်းလုပ်လင့်များပျက်သွားသဖြင့် ကျွန်တော်ကိုယ်တိုင်

ပြန်လည် Upload လုပ်ပြီး တင်ပေးထားပါသည်။အစစ အရာရာ အဆင်ပြေကြပါစေလို့ ဆန္ဒပြုလျှက် ..

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။