Wednesday 26 September 2012

Ning Theme အလန်းဇယား များ သုံးချင်သူများ အတွက်

ကျွန်တော်လည်း ခုတစ်လော ဘာမှကို လုပ်ချင်စိတ်မရှိဘူး ဖြစ်နေတာနဲ့ ပျင်းကလည်း ပျင်းဆိုတော့

အားရင်လည်း ဒီအတိုင်း ထိုင် မနေချင်ပါဘူး။ အဲဒါနဲ့ ဝါသနာပါတဲ့ ဝဘ်ဆိုဒ်နဲ့ ကုတ်လေးတွေကို

ကလိနေတာပေါ့။ ဒီနောက်ပိုင်း Ning ဆိုဒ်တွေထဲမှာ MM-Flash Songs ဆိုဒ်ကိုပဲ အဝင်များပါတယ်။

ခု သုံးနေတဲ့ လိုင်းက သိပ်မကောင်းတော့ တစ်ခြားဆိုဒ်တွေနဲ့ စာရင် အဲဒီဆိုဒ်က Loading မြန်တာလည်း

ပါတယ်ပေါ့လေ။ ကျွန်တော်တို့ Flash Song ဝါသနာရှင်တွေနဲ့ Ning ဆိုဒ်ဆိုတာ ခွဲခြားလို့ မရပါဘူး။

ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ လုပ်ထားတဲ့ Flash Song တွေကို ဒီ Ning ဆိုဒ်တွေမှာပဲ

လင့်ချိတ်ရတာပါ။  သူများတွေတော့ မသိဘူး..ကျွန်တော်ကတော့ ကိုယ့်အိမ်လေးမှာပဲ လင့်ချိတ်ပါတယ်။

အဲဒီတော့ ကိုယ့် အိမ်လေးကို ဘယ်အချိန်ဝင်ဝင် လှလှပလေး ဖြစ်နေတော့ ကြည့်ရ မြင်ရတာ

စိတ်ချမ်းသာတာပေါ့နော်..    ဒီနေ့တော့ ကျွန်တော့် ဆိုဒ်ကို လာလည်ကြတဲ့ သူငယ်ချင်းတွေ အတွက်

Ning Theme လေး ၂ ခု တင်ပေးလိုက်ပါပြီ။ လွန်ခဲ့တဲ့ ၂ ရက်လောက်ကပဲ စမ်းကြည့်ရင်း

အဆင်ပြေသွားတာနဲ့ပါ။ဒီဇိုင်းကတော့ တော်တော်လေး လန်းပါတယ်..သူငယ်ချင်းတို့ တစ်ခြားဆိုဒ်တွေမှာ

လျှောက်ပြီး ကြည့်လိုက်ပါ..ကျွန်တော်ခုတင်ပေးတဲ့ Theme ကို သုံးတဲ့လူ မရှိသလောက်ပါပဲ.....။

အရင် တင်ပေးခဲ့တဲ့ Theme လေးကိုပဲ နည်းနည်း ထပ်ပြင်လိုက်တာပါ..အရင်ဆုံး သုံးကြည့်ကြဖို့ပဲ

ပြောချင်ပါတယ်..ကြိုက်တယ်ဆို ဆက်သုံးပေါ့နော်..အောက်မှာ နမူနာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်...






Css ကုတ်ယူရန်



====================================================




Css ကုတ် ယူရန်




သူငယ်ချင်းများ အားလုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ..အဆင်မပြေတာလေးတွေ

ရှိရင်လည်း ပြန်ပြောနိုင်ပါတယ်..ကျွန်တော် တင်ပေးထားတဲ့ Theme လေးကို သုံးကြမယ်ဆိုရင်တော့

အရမ်းပျော်မိမယ် ထင်ပါတယ်..နောက်နေ့ကျရင်လည်း Theme အသစ် အလန်းလေး တစ်ခု

တင်ပေးပါဦးမယ်..အဲဒီ Theme ကိုတော့ ဘယ်သူမှ မသုံးသေးဘူးဆိုတာ အာမခံပါတယ်ဗျာ..

မကြာမီ လာမည် မျှော်ပေါ့ .. စိတ်ပါရင် ပါသလို ကလိပြီး တင်ပေးသွားပါမည်.........။





1 comment:

  1. အခုလိုနည်းပညာတွေမျှဝေပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ဗျာ့
    မသိတာလေးတွေရှိရင်
    လည်းမေးမယ်နော်

    ReplyDelete

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။