Thursday 22 November 2012

Mp3 သီချင်းတွေက မလိုတာလေးတွေကို ဖြတ်ထုတ်ချင်ရင်


ကဲ ဒီနေ့တော့ Flash Song လုပ်နေတဲ့ သူငယ်ချင်းတွေအတွက် လိုအပ်မယ်ထင်တဲ့ ဆော့ဝဲလ်လေး တစ်ခု

 ပြန်လည်မျှဝေပေးချင်ပါတယ်။ တစ်ခါ တစ်လေ ကျွန်တော်တို့ Flash Song လုပ်မယ့် သီချင်းတွေမှာ

Love Show ခွေတွေမှာဆို အပါများပါတယ်။ သီချင်း မဆိုခင်မှာ မင်္ဂလာပါ ဘာညာပေါ့..ပြီးရင်လည်း

ကျေးဇူးတင်ပါတယ်... အဲလိုပြောတာလေးတွေကို ဖြတ်ထုတ်ချင်ရင် ဒီဆော့ဝဲလ်လေးကို

အသုံးပြုနိုင်ပါတယ်။ mp3DirectCut_v2.04 ပါ။ ဖိုင်ဆိုဒ်ကတော့ [ 160 KB ] ပဲ ရှိပါတယ်နော်..

အရမ်းကို သေးပါတယ်။ မနေ့ကမှ အင်တာနက်ပေါ်ကို လျှောက်မွှေရင်းနဲ့ တွေ့ခဲ့တာလေးပါ။

စမ်းကြည့်လိုက်တော့ တော်တော်လေး အဆင်ပြေတာတွေ့တာနဲ့ ပြန်ရှယ်ပေးလိုက်ပါတယ်နော်..

ကျွန်တော် R ဇာနည် ရဲ့ ကိုယ့်အနားရှိစေချင်ဆိုတဲ့ သီချင်းလေးကို နမူနာ စမ်းကြည့်ထားတာလေးပါ။

မူရင်းသီချင်းက ဒီနေရာလေးကို နှိပ်ပြီး နားထောင်ပါ ။ ဒါကတော့ ကျွန်တော် စမ်းထားတာလေးပါ။

လုပ်နည်းကတော့ အောက်မှာ ကြည့်လိုက်ပါ။ ကျွန်တော်ကတော့ အဲလို လုပ်ကြည့်တာ အဆင်ပြေပါတယ်။



[ 1 ] ကိုယ် ဖြတ်ထုတ်ချင်တဲ့ Mp3 သီချင်းတစ်ပုဒ်ကို ထည့်ပါ ။

[ 2 ] Play ခလုတ်ကို နှိပ်ပြီးတော့ နားထောင်ကြည့်ပါ။

[ 3 ] ကိုယ်လိုချင်တဲ့နေရာရောက်မှ Set begin ကို နှိပ်ပါ။ ( မင်္ဂလာပါ ဘာညာပြီးတဲ့အခါကို ပြောတာပါ )

[ 4 ] ကိုယ်လိုချင်တဲ့နေရာ ဆုံးပြီး ဆိုတာနဲ့ Set end ကို နှိပ်ပါ။ ( ကျေးဇူးတင်ပါတယ် မရောက်ခင် )

[ 5 ] ကိုယ်ဖြတ်ထုတ်ထားတဲ့ ဖိုင်ကို သိမ်းတာပါ ။

ခု ပြထားတဲ့ပုံကတော့ ကျွန်တော် လုပ်ကြည့်တဲ့အတိုင်းပြောပြတာပါ။ တစ်ခြားနည်းတွေလည်း

ရှိချင် ရှိမှာပါ။ Mp3 တွေကို Cutting လုပ်တာတွေတင် မဟုတ်ပဲ recoding လုပ်တာတွေပါ

ပါပါတယ်။ အဲဒါကိုတော့ သူငယ်ချင်းတို့ ကိုယ်တိုင်ပဲ စမ်းကြည့်လိုက်တော့နော်..

ဆော့ဝဲလ်ကိုတော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်။

Download : mp3DirectCut_v2.04

ကူးယူ မျှဝေမည်ဆိုပါက ကျွန်တော့်ဆိုဒ် http://itwebcrazyboy.blogspot.com ကို Credit ပြန်ပေးပါရန်။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။