Monday 12 November 2012

Software ဒေါင်းသူများနှင့် Win RAR ပြဿနာ


ကဲ ဒီနေ့တော့ ကျွန်တော့်ဆိုဒ်ကနေ SWiSH Max ဆော့ဝဲလ်တွေနဲ့ တစ်ခြား Effect တွေ

ဒေါင်းသွားကြတဲ့ သူငယ်ချင်း တစ်ချို့က ပြောပါတယ်။ ဆော့ဝဲလ်တွေ ဒေါင်းပြီးတော့ ဖိုင်ကို ဖွင့်လိုက်တာ

WordPad နဲ့ ပေါ်လာတယ်တဲ့။ တစ်ချို့ကလည်း ပြောပြန်ပါတယ်။ ဆော့ဝဲလ်တွေ အဖက်တွေ ဒေါင်းတာ

စာအုပ်ပုံလေးတွေပဲ ရတယ်တဲ့ :P..အဲဒါက ဒီလိုပါ ကျွန်တော် ခုနောက်ပိုင်း တင်ပေးထားတဲ့

ဆော့ဝဲလ် ဘာပဲဖြစ်ဖြစ်ပါ ဒေါင်းလုပ်ဆွဲဖို့ တင်ပေးမယ့်ဟာဆို အကုန် Win RAR နဲ့ ချုပ်ပြီး ပေးပါတယ်။

တစ်ခြား Blogger တော်တော်များများလည်း အဲလိုပဲ လုပ်ပေးကြတာ များပါတယ်။

သူများတွေတော့ မသိဘူး။ ကျွန်တော်ဘာလို့ အဲလို လုပ်ပေးကြတာလဲဆိုတော့ ဆော့ဝဲလ်

တစ်ခုတည်းဆိုရင် ဒါရိုက် အဲဒါကိုပဲ Upload တင်လို့ ရပါတယ်။ ဒါပေမယ့် တစ်ခြား ဆော့ဝဲလ်တစ်ခု၊

ပုံတို့ NotePad လေးတွေနဲ့ ကိုယ်ပြောချင်တာလေးတွေ ထည့်ပေးမယ်ဆိုရင်တော့ ဒီ Win Rar နဲ့

ချုပ်ပြီး ပေးတာက ပိုအဆင်ပြေပါတယ်။နောက်ထပ် Win RAR ရဲ့ အထူး လုပ်ဆောင်ချက် တစ်ခုကတော့

သူက ဖိုင်တွေကို ခွဲလို့ ဆက်လို့ပါ ရတာပါပဲ။ အဲဒါက ဘယ်လိုလဲဆိုတော့ သူတို့ငယ်ချင်းတို့

ဖိုင်တွေကို Ning ဆိုဒ်ကနေ လင့်ချိတ်မယ်ဆိုရင် အောက်ကပုံလေးတွေကိုကြည့်ပါ။













အဲလို နည်းနဲ့ Flash Song တွေ လင့်ထုတ်တာ၊ ဆော့ဝဲလ်တွေ ဒေါင်းဖို့ လင့်ထုတ်တာ ပုံစသည်ဖြင့်

ဖိုင်တွေကို တင်လို့ လင့်ချိတ်လို့ ရပါတယ်။ ဖူးစာရှင်လေး ဆိုဒ်မှာက 7 MB အထိ တင်လို့ပါတယ်။

ချစ်သူမြို့တော် လည်း 7 MB ရပါတယ်။ MM-Flash Songs ဆိုဒ် ကတော့ 5 MB အထိပဲ ရပါတယ်။

Flash Song လုပ်တာ ဆိုဒ်ကြီးသွားလို့ လင့်ချိတ်မရဘူးဆိုတဲ့ သူငယ်ချင်းတွေ အဲဒီဆိုဒ်တွေမှာ

သွားချိတ်နိုင်ပါတယ်။ကျွန်တော်လည်း နောက်ပိုင်းကျရင် Flash ဖိုင်တွေကို ဖိုင်ဆိုဒ်ကြီးကြီးနဲ့

တင်လို့ ရမယ့် နည်းရော ဆိုဒ်ရောကို ရှာနေပါတယ်။ ဒါပေမယ့် Flash Song တွေကတော့

MB အရမ်းများလို့ မကောင်းပါ။ ဖိုင်ဆိုဒ်ကြီးတဲ့အတွက် Loading ကလည်း အရမ်းကြာပါတယ်။

အဲဒီတော့ လိုင်းမကောင်းတဲ့လူတွေကျတော့ တော်တော်နဲ့ မပွင့်တော့ဘူးပေါ့ဗျာ။

အဲဒါက စကားစပ်မိလို့ ပြောတာပါ။ အဲဒီတော့ Ning ဆိုဒ်တွေမှာက ဖိုင်ဆိုဒ် အများဆုံး တင်နိုင်တာက

7 MB အထိပဲပေါ့နော်။ သူငယ်ချင်း တင်ပေးချင်တဲ့ ဆော့ဝဲလ်ပဲ ထားပါတော့။ အဲဒီဖိုင်က

8 MB ရှိနေတယ်ဆို သူငယ်ချင်းအနေနဲ့ အဲဒီဆော့ဝဲလ်ကို လုံးဝ (လုံးဝ) တင်လို့ မရတော့ပါဘူး။

www.mediafire.com ဆိုရင်လည်း ကျွန်တော်တို့ Free သမားတွေ အများဆုံး တင်နိုင်တာ

MB 50 အထိပဲ ရပါတယ်။ အဲဒီထက် ဖိုင်ဆိုဒ်ကြီးသွားတာဆို လုံးဝ လက်မခံတော့ပါဘူး။

အဲဒီလို အခက်အခဲတွေဖြစ်နေတာမျိုးကို ဒီ Win RAR ဆော့ဝဲလ်နဲ့ ဖိုင်တွေကို ကိုယ်လိုချင်သလောက်

MB တွေ ခွဲထုတ်လို့ ရပါတယ်။ သူငယ်ချင်းရဲ့ 8 MB ရှိနေတဲ့ ဆော့ဝဲလ်ကို 4 MB စီ ၂ဖိုင်

ခွဲထုတ်လိုက်မယ်ဆိုရင် Ning ဆိုဒ်မှာ Dance ကပြီးတော့တောင် တင်လို့ ရပါသေးတယ် :D


အဲလို လုပ်ဖို့အတွက်က သူငယ်ချင်းရဲ့ စက်ထဲမှာ Win RAR ဆော့ဝဲလ်ကို Install လုပ်ထားဖို့ လိုပါမယ်။

ဆော့ဝဲလ်ကို အောက်က လင့်ကို နှိပ်ပြီးတော့ ဒေါင်းယူနိုင်ပါတယ်။

WinRAR  (32-bit)


WinRAR  (64-bit)

၂ မျိုး တင်ပေးထားပါတယ်။ ကိုယ့်စက်က  32-bit လား 64-bit လား ဆိုတာကိုတော့ ဒီလို ကြည့်နိုင်ပါတယ်။



ပထမဦးဆုံး Computer ပေါ်ကို Right Click ထောက်ပြီးတော့ အောက်ဆုံးက Prorerties ကို နှိပ်ပါ။






ခုအတိုင်းဆိုရင်တော့ 64-bit ဆိုတာ သိလောက်ပြီ ထင်ပါတယ်။

Win RAR နဲ့ ချုပ်ထားတဲ့ ဖိုင်ကို ဒီ Win RAR ဆော့ဝဲလ်နဲ့ ပြန်ဖွင့်လို့ ရပါမယ်။

လောလောဆယ် ကျွန်တော် SWiSH Max4 Protable ဆော့ဝဲလ်ကို .part1.rar, .part2.rar ဆိုပြီးတော့

၂ ဖိုင် ခွဲပြပါမယ်။ သူ့ရဲ့ ဖိုင်ဆိုဒ်က 60.7 MB ရှိတဲ့အတွက် 50 MB အထိပဲ တင်လို့ ရတာဆိုရင်

ဖိုင်က ခွဲတင်မှကို ဖြစ်မှာလေ။ ကဲ အဲဒီတော့ ဖိုင်ခွဲတာလေး စလိုက်ရအောင်။

ဖိုင်ခွဲနည်း

ပထမဦးဆုံး
SWiSH Max4 ဆော့ဝဲလ်ပေါ်ကို မောက်နဲ့ တစ်ချက်ထောက်လိုက်ပါ။

ပြီးရင် Right Click >> Add to archive.. ကို နှိပ်ပါ။



ဒီအောက်ကပုံစံမျိုး ပေါ်လာပါမယ်။  SWiSH Max4 Protable 60.7 MB ကို ၂ ဖိုင်ခွဲမှာဆိုတော့

ကျွန်တော် 31 MB ပဲ လွယ်လွယ် ထားလိုက်တယ်။ အောက်က ပုံမှာ နမူနာ ကြည့်ပါ။




OK နှိပ်ပြီးရင်တော့ SWiSH Max4.part1၊ SWiSH Max4.part2 ဆိုပြီးတော့ ၂ ဖိုင်ပေါ်လာပါမယ်။



SWiSH Max4 Protable က 60.7 MB ရှိပေမယ့် ဖိုင်ခွဲအပြီးမှာ Part1 က 31 MB နဲ့ Part2 က 20.7MB ပဲ

ရှိပါတော့တယ် ။ ဒါပေမယ့် အဲဒီ ဖိုင် ၂ ခုကို ပြန်ပေါင်းပြီးရင်တော့ နဂို မူလ
60.7 MB အပြည့်

ပြန်ဖြစ်သွားပါလိမ့်မယ်။
ကဲ SWiSH Max4 Protable မရှိသေးလို့ လိုချင်တဲ့သူငယ်ချင်းတွေလည်း

လိုချင်တယ်ဆိုရင် တစ်ခါတည်း ဆွဲသွားနိုင်ပါပြီ။ ခု ဒီပို့စ်လေးရေးရင်းနဲ့ တင်ပေးလိုက်တာပါ။


SWiSH Max4.part1 (31 MB)


SWiSH Max4.part2 (20.7MB)


ဖိုင်ပြန်ပေါင်းနည်း ဆက်နည်း


ပထမဦးဆုံး အပေါ်မှာ တင်ပေးထားတဲ့  Part1,Part2 ၂ ဖိုင်စလုံးကို အရင် ဒေါင်းပါ။

သူငယ်ချင်းတို့မှာ မရှိသေးရင် လိုချင်ရင် ပြောပါတယ်။ ခုက နမူနာသဘော ပြောရင်းနဲ့

လုပ်ပြတဲ့ သဘောပါပဲ။ တစ်ခြားဖိုင်တွေကိုလည်း ဒီနည်းအတိုင်းပဲ လုပ်ရပါတယ်။

ပြီးရင် ၂ ဖိုင်စလုံးကို Selete မှတ်ပြီးတော့ Right Click >> Extract Here ကို နှိပ်လိုက်ပါ။



တစ်ကယ်လို့ ဒီအောက်ကလို ဘောက်စ်လေး တစ်ခု တက်လာရင်တော့ Yes to All ကို နှိပ်ပေးပါ။

ကျွန်တော် အရင် Window 7 ( 32 bit ) တုန်းက အဲလို မပေါ်ပါဘူး။ ( 64 bit ) ကျတော့ ပေါ်လာပါတယ်။

အဲဒီတော့ သူငယ်ချင်းတို့စက်မှာ ပေါ်ရင် ခုနပြောတာလေး နှိပ်ပေးလိုက်ပါ။ မပေါ်ရင် မလိုဘူးပေါ့နော်။



အဲဒါတွေ အားလုံး လုပ်ပြီးသွားပြီဆိုရင်တော့ နဂို ဆော့ဝဲလ် သူ့မူရင်း [ 60.7 MB ] ဆိုဒ်အပြည့်အတိုင်း

သပ်သပ်ထွက်လာပါလိမ့်မယ်။ ရိုးရိုး Win RAR နဲ့ ချုပ်ထားတဲ့ ဖိုင်တွေကိုလည်း ဒီနည်းအတိုင်း

ဖွင့်နိုင်ပါကြောင်း....


မှတ်ချက်။         ။ ဒီပို့စ်လေးကို ကျွန်တော် တစ်မနက်လုံး အချိန်ပေးပြီး ရေးထားတာပါ။

ခု လုပ်ပြရင်းတင်ပေးထားတဲ့ SWiSH Max4 Protable ကိုလည်း ကျွန်တော် ကိုယ်တိုင်

Upload တင်ပေးထားတာပါ။ အဲဒီတော့ ပြောချင်တာက သူငယ်ချင်းတို့ တစ်ခြားဆိုဒ်တွေမှာ

ပြန်လည်မျှဝေမယ်။ တင်မယ်ဆိုရင် ကျွန်တော်ဆိုဒ် http://itwebcrazyboy.blogspot.com ကို

ပြန်လည် လင့်ညွှန်းပေးဖို့ မေတ္တာရပ်ခံပါတယ်။ အားလုံးအတွက် ရည်ရွယ်ပြီး လုပ်ပေးထားတာမလို့

စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကျွန်တော့်ဆိုဒ်လင့်လေးကို ဖော်ပြပေးစေချင်တဲ့သဘောပါ။

သူငယ်ချင်းများ အားလုံး အစစ အရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်...

1 comment:

  1. အစ်ကိုကူညီပါဦးနော်
    အစ်ကို ဆောလ်ဝဲတွေဒေါင်းလုပ် ဆွဲပြီးတာနဲ့လေ runလုပ်ပါတယ်
    runပြီးတော့ သုံးမယ်လုပ်ကြည့်ဆိုတော့ သုံးလို့မရဘူးဖြစ်နေလို့လေနော် အစ်ကို .............
    try
    buy
    unlock
    တဲ့ အစ်ကိုရာဘယ်လိုလုပ်ရမလဲနော်
    ကူညီပါဦိးနော် .............ကျေးဇူးတင်လျှက် ... l.aung07ပါအစ်ကို

    ReplyDelete

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။