Saturday 22 December 2012

ကိုယ်ပိုင်လုပ်ထားတဲ့ Swf File ကို Onlineပေါ်ဘယ်လိုတင်ရပါသလဲ


ကိုယ်ပိုင်လုပ်ထားတဲ့ Swf File ကို Onlineပေါ်ဘယ်လိုတင်ရပါသလဲ? 

သူငယ်ချင်းများ အားလုံးပဲ မင်္ဂလာပါ.ဟိုအရင်နေ့တုန်းက Ko Htun Linn မေးထားတဲ့ မေးခွန်းလေးတွေကို

ပြန်ဖြေပေးတာပါ။သူကတော့ အဆင်ပြေသွားပြီလို့ ပြောပါတယ်။ ဒါပေမယ့် နောက်ထပ် မသိသေးတဲ့

သူတွေ ရှိရင် တစ်ခါတည်း သိသွားအောင်လို့ ဗဟုသုတသဘောလေးပေါ့နော်..အသစ် ထပ်ရေးလိုက်ပါတယ်။

ကျွန်တော် ပထမဦးဆုံး ရေးတင်ပေးထားတာလေးက ဒီနေရာလေးမှာ တင်ထားပါတယ်။

Flash Song လုပ်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေ သီချင်းတစ်ပုဒ်ကို ဘယ်လောက် အချိန်ပေးပြီး လုပ်ရတယ်..

ဘယ်လို အခက်အခဲတွေ ကြုံရတယ်ဆိုတာ ကိုယ်တိုင် လက်တွေ့ ကြုံဖူးပါတယ်။ ကျွမ်းတဲ့လူတွေ မပါပေါ့နော်..။

ဆော့ဝဲလ် ဒေါင်းတဲ့အချိန်ကစပြီးတော့ သီချင်းတွေ လုပ်ပြီးလို့ လင့်ချိတ်တဲ့အထိ အဆင်မပြေတာတွေ အများကြီး


ရှိပါတယ်။လောလောဆယ်တော့ ကျွန်တော် ကိုယ်ပိုင်လုပ်ထားတဲ့ Flash Song ကို လင့်ချိတ်နည်းပဲ ရေးပေးပါမယ်။

Flash Song တွေ လင့်ချိတ်နိုင်တဲ့ ဝဘ်ဆိုဒ်တွေ ကျွန်တော် သိသလောက် ၁၀ ဆိုဒ် မက ရှိပါတယ်..

အများစုကတော့ Ning ဆိုဒ်တွေမှာပဲ လင့်ချိတ်ကြပါတယ်..အဲဒီက လင့်ချိတ်ရတာ အရမ်းလွယ်ပြီး

 ကိုယ်ဝါသနာပါတာတွေလည်း လေ့လာလို့ ရတယ်။ မသိတာရှိရင်လည်း မေးလို့ ရတယ်။ လူအများကြီး ရှိတော့

သိတဲ့လူ တစ်ယောက် ယောက်က ပြန်ဖြေပေးကြမယ်လို့ ထင်ပါတယ်။ ကိုယ်သိထား တတ်ထားတာလေးတွေ

 မျှဝေလို့လည်း ရတယ်လေ။ အပျော်သဘော Chat ချင်တယ်ဆိုရင်လည်း Chat Box ရှိတော့ မိုက်တာပေါ့ဗျာ..:)

Ning ဆိုဒ်တွေရဲ့ အဓိက အားနည်းချက် တစ်ခုကတော့ ဖိုင်ဆိုဒ် ကန့်သတ်မှု ပါပဲ။ ဆိုဒ်တော်တော်များများမှာ

5 MB ပဲ ရပါတယ်။ Pro ဆိုဒ်တွေတော့ 7 MB အထိ တင်လို့ ရတယ်လို့ သိရပါတယ်..Flash Song လင့်ချိတ်တာ

အဲလောက်ဆိုလည်း မဆိုးပါဘူး။ Flash Song တစ်ပုဒ်က 5 MB က အများဆုံးလောက်ပဲ ကောင်းမှာပါ။

တစ်ကယ် ကျွမ်းတဲ့လူတွေ ပြောတာကတော့ [ 3 MB ထက် မကျော်လေ ကောင်းလေ ပါပဲ ] တဲ့...

အဓိက ဘာလို့လဲဆိုတော့ MB များတဲ့အခါကျတော့ လင့်ချိတ်ရတာရော ကိုယ့်သီချင်းကို ဖွင့်ပြီး နားထောင်မယ့်

လူက MB အရမ်းများနေတော့ Loading စောင့်ရတာ စိတ်မရှည်ဖြစ်ပြီး နားထောင်မှာ မဟုတ်တော့ပါဘူး..။

လင့်ချိတ်ရတာရော လိုင်းမကောင်းတဲ့လူဆို အရမ်း ကြာနေပါလိမ့်မယ်။ အဲဒီအတွက် Flash Song လုပ်မယ်ဆို

အရင်ဆုံး ကိုယ်လုပ်မယ့် သီချင်းကို ဖိုင်ဆိုဒ် ချုံ့ပေးရတာပါ။ မသိသေးရင်  ဒီနေရာ နဲ့ ဒီနေရာမှာ သွားဖတ်ပြီး

လုပ်ကြည့်ပေါ့နော်.. ။ Flash Song လင့်ချိတ်မယ်ဆိုရင် ပထမဦးဆုံး Ning Site တစ်ခုမှာ မန်ဘာဝင်လိုက်ပါ။

 ဘယ် Ning ဆိုဒ်မှာ မဆို လင့်ချိတ်လို့ ရတဲ့ နေရာ ၃ နေရာ ရှိပါတယ်။ ဘလော့ပို့စ် တင်တဲ့နေရာ

သူငယ်ချင်းတွေရဲ့ စာမျက်နှာ နဲ့ ကိုယ်ပိုင် စာမျက်နှာ တွေမှာ တင်လို့ ရပါတယ်။

[ဘလော့ပို့စ် အသစ်တင်ရန် နေရာ ]

ကိုယ်မန်ဘာဝင်ထားတဲ့ ဆိုဒ်က ဘလော့ပို့စ် တင်ရန်ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် ဘလော့ ရေးတင်ဖို့

စာမျက်နှာ တစ်ခု ကျလာပါလိမ့်မယ်။နောက်ထပ် အောက်က မြားထိုးပြထားတဲ့ နေရာလေးက

အဲလိုပုံစံလေးကို နှိပ်ပါ။


ဒီအောက်က ပုံလိုလေး တက်လာပြီဆိုရင် Browse.. ကို နှိပ်ပါ။



ကိုယ်လုပ်ထားထားတဲ့သီချင်း ဘယ်နေရာမှာ သိမ်းထားလဲ? အဲဒီနေရာကို သွားပြီး ကိုယ် လင့်ချိတ်မယ့် သီချင်းကို

ရွေးပြီး တစ်ချက် ကလစ် Open ကို ဆက်နှိပ်ပေးပါ။



ကိုယ်လုပ်ထားထားတဲ့သီချင်း ရဲ့ MB Size နဲ့ အင်တာနက် လိုင်း အပေါ်မူတည်ပြီး Loading ဖြစ်နေတာကို

စောင့်ရပါတယ်။ ပြီးသွားပြီဆိုရင်တော့ အောက်က ပုံလိုလေးပေါ့။



Link Url ရဲ့ နောက်က လင့်လေးကို Ctrl+A >> Ctrl+C [သို့] Right Click >> Select All >> Copy လုပ်ပါ။

အဓိက လင့်တွေ အကုန်လုံးကို ကော်ပီ လုပ်ယူဖို့ပါပဲ။ တစ်လုံး ကျန်ခဲ့ရင်တောင် အဲဒီလင့်က အလုပ်လုပ်မည်

မဟုတ်ပါ။အဲဒါဆိုရင်တော့ ကိုယ်လုပ်ထားတဲ့ Flash Song တွေကို ဘယ်လို လင့်ချိတ်ရတယ်ဆိုတာ အားလုံးပဲ

သိကြလောက်ပြီ ထင်ပါတယ်။ သူငယ်ချင်းတွေရဲ့ စာမျက်နှာနဲ့ ကိုယ်ပိုင်စာမျက်နှာမှာ လင့်ချိတ်ချင်ရင်လည်း

အပေါ်က လုပ်ပြထားသလိုပဲ လုပ်ကြည့်လိုက်ပါ။ နေရာကွာတာပဲ ရှိပါတယ်။ လုပ်ရတာချင်းက အတူတူပါပဲ...။

ကျွန်တော် လင့်ချိတ်ထားတာလေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ကြည့်လိုက်ပါ။


[ သူငယ်ချင်း တစ်ယောက်ရဲ့ စာမျက်နှာ ]




[ ကိုယ်ပိုင် စာမျက်နှာ ] ကိုယ်ပိုင် စာမျက်နှာရဲ့ ကွန်မန့်ဘောက်စ်ကိုတော့ မြားပြထားတဲ့ နေရာကို နှိပ်ပေးပါ။

Ko Htun Linn မေးထားတာက အဲဒါလေးပါပဲ ခင်ဗျား.....

(ကိုယ့်အိမ်မှာလည်း ကွန်မန့်ဘောက်စ်ရှိပါတယ်) အဲဒီ Box က ဘယ်ဟာကို ပြောတာပါသလဲခင်ဗျာ။ ပုံထဲကအတိုင်းမတွေ့လို့ပါ။






ဒီပို့စ်လေးနဲ့ တစ်ဆက်တည်း Ning Site ကွန်မန့်ဘောက်စ်တွေနဲ့ ပက်သက်ပြီး ကျွန်တော် သိထားသမျှ

ကုတ်လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်...ကိုယ့်စာမျက်နှာက ပြင်ဆင်ရင်ကို နှိပ်ပြီးတော့

Css Code ထည့်တဲ့ နေရာမှာ နှိပ်ပြီး ထည့်ပေါ့...

/*--- Ning Comment Box Style ---*/

/* Comment Box Background */
#xg_profiles_chatterwall_post_comment{
color: #92A821;
background-color:#000000;
background-image:url(http://i286.photobucket.com/albums/ll88/AnGella_/AnGellaDesigns/RequestImages/MW3Cmt.png) !important;
background-position: bottom center !important;
background-repeat: no-repeat;
background-attachment: relative;
font-size : 13px;
font-family: Zawgyi-One;
text-shadow: green 1px 1px 2px;
height:170px !important;
}

/* Scroll Bar for Comments */
 #xg_profiles_chatterwall_list{
width : 540px;
height : 450px;
overflow : auto;
position:relative;
margin : 3px;
text-align : center;
font-size : 13px;
}

/* Resize Comment Images */
.xg_widget_profiles_profile_show .xg_3col .xg_2col .comment img {
max-width:420px !important;
}

/*This is unable to be sent Flash Song & Player code*/
.xg_widget_profiles_profile_show .xg_3col .xg_2col .comment object,
.xg_widget_profiles_profile_show .xg_3col .xg_2col .comment embed {
display:none !important;
}
( ၁ ) ပထမဦးဆုံး ကုတ်က ကွန်မန့်ဘောက်စ် နောက်ခံအတွက်ပါ။

( ၂ ) ပေးထားတဲ့ ကွန်မန့်တွေ အများလာရင် Scroll Box လေးနဲ့ ချုံ့ထားတာပါ။

( ၃ ) ကွန်မန့်ပေးထားတဲ့ ပုံတွေကို ပုံဆိုဒ် ချိန်ပေးထားတာပါ။ ခုလိုဆိုတော့ တစ်ပိုင်းပြတ်တွေ မဖြစ်တော့ဘူးပေါ့။

( ၄ ) ကိုယ့်အိမ်ကို Flash Song လာပေးရင် မပေါ်အောင် လုပ်ထားတာပါ။ ဆူပါတယ်ဂျာ. :D

ကိုယ်သုံးချင်တာလေးတွေပဲ ယူသုံးချင်ရင် ယူသုံးပေါ့။ အကုန်လိုချင် အကုန်မသွားလိုက်..။

ချစ်သူမြို့တော်မှာ မန်ဘာဝင်ထားတယ်ဆိုရင် ဒီနေရာလေးကို နှိပ်ပြီး သွားပါ ။

MM-Flash Songs ဆိုဒ်မှာ မန်ဘာဝင်ထားသူများ ဒီနေရာကို ကလစ်ပါ။ အဆင်ပြေပါစေ..

အောက်က ပုံလေး အတိုင်းပါပဲ.. ကြည့်လုပ်လုပ်ပေါ့နော်..



အားလုံးပဲ အစစ အရာရာ အဆင်ပြေ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

ကျွန်တော် ခု ရေးထားတာလေးတွေထဲက အဆင်မပြေတာလေးတွေ အခက်အခဲလေးတွေ ရှိတယ်ဆိုရင်

အောက်မှာ ကွန်မန့်ပေးထားနိုင်ပါကြောင်းနဲ့ ဒီပို့စ်လေးကို ကော်ပီကူးတင်မယ်ဆို ကျွန်တော့်ဆိုဒ်လင့် လေးကို

ထည့်ပေးပါရန်။တစ်မနက်လုံး အချိန်ပေးပြီး ရေးထားရလို့ပါ။ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။