Friday 15 February 2013

Adblock Plus Add-ons ရဲ့ အသုံးဝင်မှု အကြောင်း



ကဲ ဒီနေ့တော့ သူငယ်ချင်းတို့ အတွက် လိုအပ်မယ်လို့ ထင်တဲ့ Adblock Plus Add-ons ရဲ့ အသုံးဝင်မှု အကြောင်းလေးကို

နည်းနည်းရှင်းပြချင်ပါတယ်။ သူ့ရဲ့ အဓိက ဝန်ဆောင်မှုကတော့ ဝဘ်ဆိုဒ်တွေမှာထည့်ထားတဲ့ ကြော်ငြာတွေကို ပိတ်ပေးတာပါပဲ။

Mediafire ဆိုဒ်ကနေ Download ပေးထားတဲ့ စာမျက်နှာတွေမှာဆိုရင် အပေါ်က ပုံအတိုင်းပါပဲဗျာ.. မျက်စိတောင် နောက်တယ်။

တစ်ခြား ဆိုဒ်တော်တော်များများလည်း အဲလို ကြော်ငြာတွေ ထည့်ထားကြတာ သူငယ်ချင်းတို့လည်း မြင်ဖူးမယ် ထင်ပါတယ်။

သူ့တို့ကတော့ အဲလို ကြော်ငြာထည့်ထားရင် လာလည်တဲ့လူ ဦးရေအလိုက် Page View ဘယ်လောက်ဆို ပိုက်ဆံဘယ်လောက်


အဲလို ရကြတယ်ပြောတာပဲ။ ကိုယ်တွေအတွက်က လိုချင်တာ ဒေါင်းချင်တာက ဆော့ဝဲလ် မျက်စိရှေ့မှာ အပိုတွေ လာရှုပ်နေတာ။

အဲဒီတော့ မလိုအပ်တဲ့ အမှိုက်တွေကြောင့် မျက်စိရှုပ် အလုပ်ရှုပ် ဖြစ်နေတာမျိုး မကြုံချင်ဘူးဆိုရင်တော့ Adblock Plus ဆိုတဲ့

Add On လေး သုံးကြဖို့ တိုက်တွန်းလိုပါတယ်။ Mozilla Firefox သုံးသူများ ဒီနေရာလေးကို အရင်ဆုံး နှိပ်ပြီး သွားလိုက်ပါ။

နောက်ထပ် စာမျက်နှာ တစ်ခု ကျလာပါလိမ့်မယ်။ အောက်မှာ ပြထားတဲ့အတိုင်း Add to Firefox ကို နှိပ်ပါ။



ပြီးရင် Install Now ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ရပါပြီနော်။ ပုံမှန်ကတော့ [ Restart Now ] ဆိုတာလေး ထပ်နှိပ်ပေးရပါသေးတယ်။

ခု ကျွန်တော် ပြန်စမ်းကြည့်တာ Install Now ဆိုတာကို နှိပ်ပြီးတာနဲ့ ရပါပြီ။



ပြီးရင် ခုန စာမျက်နှာကို ပြန်ဖွင့်ကြည့်လိုက်ပါ။ အရင် တွေ့နေရတဲ့ ကြော်ငြာတွေ အားလုံး ပျောက်နေတာကို တွေ့ရပါလိမ့်မယ်။

ဒါဆိုရင်တော့ ကိုယ်လိုချင်တဲ့ ဆော့ဝဲလ် [သို့] တစ်ခြား ဖိုင်တစ်ခုတည်းကိုပဲ သီးသန့် စိတ်အေးအေးနဲ့ ဒေါင်းယူနိုင်ပါပြီ။



အဲဒါတွေက ဒီ Adblock Plus Add-on ရဲ့ အဓိက အသုံးဝင်မှုပဲ ဖြစ်ပါတယ်။ နောက်ထပ် သူက ကိုယ်မကြည့်ချင်တဲ့ Flash ဖိုင်တွေ

ပုံတွေကိုပါ Block ထားချင်ရင်လည်း ရပါသေးတယ်။ Flash ဖိုင်တွေပေါ်ကို မောက်နဲ့ ထောက်လိုက်ရင် ညာဘက် အပေါ်ထောင့်

သို့မဟုတ် အောက်ဘက်မှာ Block ဆိုတဲ့ စာလေး ပေါ်လာပါတယ်။ အောက်ပုံလေးတွေမှာ ကျွန်တော် မြားထိုးပြပေးထားပါတယ်။




Block ဆိုတာကို နှိပ်လိုက်ရင် အောက်က ပုံလေးအတိုင်း ဘောက်စ်တစ်ခု တက်လာပါလိမ့်မယ်။ Add filter ကို နှိပ်လိုက်တာနဲ့

အဲဒီ Flash ဖိုင်က ပျောက်သွားပါလိမ့်မယ်။ ကျွန်တော်ဆို Flash ဖိုင်တွေ အများကြီး ထည့်တဲ့ ဆိုဒ်တွေကို ဝင်ရင် Loading အရမ်း

ကြာပြီး မျက်စိနောက်လို့ အဲဒီနည်းလေးကို သုံးပြီး Block လုပ်ထားလိုက်တယ်။ အေးတာပဲ မျက်စိနောက် သက်သာတယ် :D





တစ်ချို့ဆိုဒ်တွေမှာ Radio လေးတွေ ထည့်ထားတတ်ကြတာကို တွေ့ဖူးမှာပါ။ ကိုယ်က ကိုယ့်အတွေးလေးနဲ့ ကိုယ်နေတဲ့အချိန်

ပြီးတော့ ညဘက်တွေမှာဆို သီချင်းသံ အကျယ်ကြီးကြားလိုက်ရရင် လန့်သွားတတ်ပါတယ်။ အဲလိုဟာမျိုး ကြုံလာခဲ့ရင်လည်း

ဒီ Adblock Plus Add-ons လေး သုံးပြီး Block လုပ်ထားလိုက်နိုင်ပါကြောင်း။ Google Chrome သုံးသူများအတွက် Add On ကို

ဒီနေရာလေးကနေ သွားပြီး လုပ်ပါ။ Opera သုံးသူများအတွက် Adblock Plus Add-on လေးကတော့ ဒီနေရာလေး မှာပါ။




ကိုယ်မကြည့်ချင်တဲ့ ပုံတွေကိုပါ Block ထားလို့ ရပါတယ်။ အောက်က ပုံလေးအတိုင်း လုပ်ပေးလိုက်ရုံပါပဲ..။

အားလုံးပဲ အဆင်ပြေကြပါစေလို့ ဆန္ဒပြုရင်းနဲ့ လာရောက် အားပေး ဖတ်ရှုတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါကြာင်း..။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။