Tuesday 12 February 2013

၉၈-နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့



ကဲဗျာ အခုဆိုရင် ကျွန်တော်တို့လူငယ်တွေအားလုံး မျှော်လင့် ရင်ခုန်နေတဲ့ February 14-တော့ ရောက်တော့မယ်ဗျာ။

ဘာနေ့လဲဆိုတာ အသဲနှလုံးရှိသူ လူတိုင်းသိကြပါတယ်။ လူငယ်တိုင်းကအဲဒီနေ့အတွက် မျှော်လင့်ချက်တွေရင်ခုန်ခြင်းတွေနဲ့ပေါ့။

ကောင်းပါတယ်ဗျာ ချစ်တတ်ကြတာ။ ဒါပေမဲ့ ၀မ်းနည်းဖို့ ကောင်းတာ ရှိလို့ပါ၊ အဲဒီ February 14-မတိုင်ခင် တစ်ရက်က ဘာနေ့လဲ

ဆိုတာကို ကျွန်တော်တို့ မြန်မာလူငယ်အများစု မေ့နေတယ်ဗျာ။ February 13-ဟာ ကျွန်တော်တို့ အခုလို လွတ်လပ်စွာ


ရင်ခုန်နိုင်အောင် ကျွန်သဘောက်ဘ၀ကနေ လွတ်မြောက်အောင် ဦးဆောင်တိုက်ပွဲ ၀င်ခဲ့တဲ့ ကျွန်တော့်တို့နိုင်ငံရဲ့

ဖခင်ကြီးတစ်ပါး ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါ။အဲဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး စပ်ဆိုထားတဲ့ သီချင်းလေး

တစ်ပုဒ်ကို ပြန်ဝေမျှ လိုက်ပါတယ်။ သီချင်းလေးကတော့ ဗိုလ်ချုပ်မွေးနေ့ကို မမေ့ကြဖို့ လူငယ်တွေကို သတိပေးထားတာပါ။

ဘယ်လောက်ပဲ ခေတ်ကြီးနဲ့ အမှီယှဉ်ပြိုင်နေရလို့ အလုပ်ရှုပ်ပါစေ February 14-ကြရင်တော့ အားလုံးရင်ခုန်တတ်ကြပါတယ်။

ဒီလိုပဲ February 13-မှာလည်း ကျွန်တော်တို့ကို ဒီလို လွတ်လပ်စွာ ရင်ခုန်မှုတွေရအောင် အသက်နဲ့လဲကာ ပေးဆပ်ခဲ့တဲ့

မြန်မာပြည်ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်ဖွားမြင်လာသော နေ့ရက်ကို သင်တို့ရဲ့ ဖြူစင်သောနှလုံးသားဖြင့်

အသည်းနှလုံးထဲကနေ အမှတ်တရ ရင်ခုန်မှုအစစ် ပေးဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။



════════════════════════════════════
ဗိုလ်ချုပ်ဦးအောင်ဆန်း
══════════════════
အာရုံဦးက ကြယ်နီဖြာ ဗိုလ်ချုပ်အောင်ဆန်းပါ၊
ဒို့ဗမာပြည် အမှောင်ခွင်း သူခေါင်းဆောင်လို့လင်း၊
စိတ်ရင်းမှန်လို့ သစ္စာတည် ဗိုလ်ချုပ်အာဇာနည်၊
တိုင်းပြည်ကောင်းအောင် သူသယ်ပိုး သူ့ဂုဏ်ဘယ်မညှိုး၊
ရိုးသားဖြောင့်မတ် သူ့မူရာ ငယ်ငယ်တည်းကပါ၊
ဗမာပြည်သူ့အချစ်ပန်း ဗိုလ်ချုပ်ဦးအောင်ဆန်း။
                                                (ဆရာဦးတင်မိုး)
══════════════════
နံပါတ်တစ်- ဗိုလ်ချုပ်မွေးနေ့ သီချင်း
တေးဆို- မင်းသစ်
══════════════════
နံပါတ်နှစ် - ဗိုလ်ချုပ်မွေးနေ့ထက် ချစ်သူများနေ့ကို အဓိကထားနေသူတို့အတွက် သတိပေး သီချင်း
══════════════════
နံပါတ်သုံး- သားသားလေး ဖန်တီးထားတဲ့ ဗိုလ်ချုပ်မွေးနေ့ သီချင်း စာတန်းထိုး Flash Song
══════════════════
နံပါတ်လေး- သားသားလေး ဖန်တီးထားတဲ့ ဗိုလ်ချုပ်မွေးနေ့ သီချင်း စာတန်းထိုး Flash Song ပုံစံတမျိုး



Attachment: Gen 96.mp3
Attachment: Dont Forget.mp3
Attachment: 96Gen.rar
Attachment: BCAS+97.rar
ယခုနှစ် (၂၀၁၃)တွင် ကျရောက်သော အဘိုးဗိုလ်ချုပ်ရဲ့ ၉၈-နှစ်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့်

သားသားလေးဖန်တီးဂုဏ်ပြုထားတဲ့ Flash Song-လေးပါ။ မူရင်းအဆိုရှင်များကတော့ ကိုထွဏ်းထွဏ်းနှင့်အဖွဲ့လို့

ထင်တာပါ။ ၂၀၁၀-လောက်က သားသားလေး Mp3-သီချင်းအနေနဲ့ နားထောင်ဖူးခဲ့တဲ့ သီချင်းလေးပါ။

သီချင်းဆိုလိုတာကတော့ “ဖေဖော်ဝါရီ ၁၄-ချစ်သူများနေ့ကိုသာ အဓိကထားနေပြီး, ဖေဖော်ဝါရီ

၁၃-မှာကျရောက်တဲ့ အဘိုးဗိုလ်ချုပ်မွေးနေ့ကို မေ့ထားတဲ့သူများအတွက် စပ်ဆိုထားတဲ့” သီချင်းလေးပါ။

Attachment: 98BG.swf

ဒီပို့စ်လေးတွေကို သားသားလေးရဲ့ဆိုဒ် http://amaetharr.multiply.com/ က ကူးယူပြီး  ပြန်လည် မျှဝေပေးတာပါ။

အောင်ဆန်းဇာနည်ဆိုတဲ့ ကဗျာပုံလေးကိုတော့ ကျွန်တော်ကိုယ်တိုင် ဖန်တီးထားတာ ဖြစ်ပါတယ်။

နောက်ထပ် မမေသဇင် တင်ထားတဲ့ ပို့စ်လေးတစ်ပုဒ်ကိုပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကျွန်တော် ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ လုပ်ထားတာလေးကိုတော့  ဒီနေရာလေးကို နှိပ်ပြီး သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ စာအုပ်များ ဒေါင်းယူရန်

ပြည့်ထောင်စုနေ့(၁၂.၂.၂၀၁၃)င့် ဗိုလ်ချုပ်မွေးနေ့ (၁၃.၂.၂၀၁၃) အထိမ်းအမှတ် ဗိုလ်ချုပ်နဲ့ ပတ်သက်သည့် စာပေများ ၊

ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားခဲ့သည့် စာပေများကို တင်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ အလိုရှိသမျှ ဒေါင်းယူကြပါရှင်။





ဒေါင်းယူရန် ကလစ်ပါ




ဗမာ့အောင်ဆန်း (၁)

ဗမာ့အောင်ဆန်း (၂)

ဗမာ့အောင်ဆန်း (၃)




ဒေါင်းယူရန် ကလစ်ပါ





ဒေါင်းယူရန် ကလစ်ပါ




ဒေါင်းယူရန် ကလစ်ပါ




ဒေါင်းယူရန် ကလစ်ပါ




ဒေါင်းယူရန် ကလစ်ပါ

အမှတ်တရ အနေဖြစ် ဗိုလ်ချုပ်၏ မိန့်ခွန်း အသံဖိုင်တစ်ခုကို ထာဝရရင်ခွင်၏ ပို့စ်မှ ကူးယူလာခဲ့ပါတယ်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ မြို့တော်ခန်းမ မှ ဗိုလ်ချုပ်အောင်ဆန်း ပြည်သူလူထုကို မိန့်ခွန်းပြောသွားတဲ့
အသံဖိုင်လေးပါ။




No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။