Friday 8 February 2013

Firefox V13.0 & V17.0 [ Portable ]



ကျွန်တော်တို့ Flash Song တွေ နားထောင်ရတာ ကြိုက်တဲ့ သူတွေအတွက် Web Browser ထဲမှာဆိုရင် Firefox က အကောင်းဆုံး

 ဖြစ်မှာပါ။ ဝဘ်ဆိုဒ်တွေထဲက Flash ဖိုင်တွေကို ဖွင့်တဲ့အခါ Firefox က အဆင်ပြေဆုံးပါပဲ။တစ်ချို့ Web Browser တွေမှာ ဆိုရင်

Flash ဖိုင်တွေ မပေါ်တာမျိုးတွေ ဖြစ်တတ်လို့ပါ။ နောက်ပြီးတော့ Flash Song တွေ ဒေါင်းချင်ရင်လည်း တစ်ခြား ဘာဆော့ဝဲလ်မှ မသုံးပဲ

အလွယ်တစ်ကူ ဒေါင်းယူနိုင်ပါတယ်။You Tube ဗွီဒီယိုတွေဆိုရင်လည်း Add On လေးထည့်ပြီးတော့ ကိုယ်ကြိုက်တဲ့ ဖော်မက် မျိုးစုံနဲ့

ဒေါင်းလို့ ရနေတာပါ။ ဝဘ်ဆိုဒ်တွေမှာ ထည့်ထားတဲ့ ကြော်ငြာတွေကိုလည်း မျက်စိနောက်လို့ ပိတ်ချင်ရင် ရပါသေးတယ်။


ကိုယ်လိုချင်တဲ့ အသုံးဝင်တဲ့ Add On တွေ မြောက်များစွာ ထည့်ပြီး သုံးနိုင်သလို HTML CSS လေ့လာတဲ့ သူတွေအတွက်လည်း

အရမ်းကို အသုံးဝင်ပါတယ်။ ခုနောက်ပိုင်း သူငယ်ချင်းတစ်ချို့ Firefox Version မြင့်လာလို့ Update လုပ်တဲ့အခါ ဝဘ်ဆိုဒ်တွေထဲက

ခေါင်းစီး စာလုံးတွေနဲ့ မေးလ်ထဲက စာတွေအားလုံး Unicode နဲ့ ရေးထားတဲ့ ဆိုဒ်လို ဖြစ်နေလို့ဆိုပြီးတော့ သိပ်မသုံးကြတာလည်း ရှိတယ်။

တစ်ခြား Web Browser တွေပြောင်းသုံးတော့လည်း သုံးနေကျ မဟုတ်တော့ သိပ်အဆင်မပြေဘူးပေါ့နော်..

တစ်ကယ်လို့ သင့်မှာ Firefox Web Bowser မရှိသေးဘူးဆိုရင်တော့ အောက်က လင့်လေးကနေ သွားပြီး ဒေါင်းယူလိုက်ပါ။

Download Firefox from FileHippo.com

ဒါက ကျွန်တော် Upload တင်ပေးထားတဲ့ Firefox Portable လေးတွေပါ။

သုံးချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်...။

Download: Firefox V13.0 Portable


Download: Firefox V17.0 Portable


Firefox ကိုအမြဲ သုံးနေတဲ့ သူငယ်ချင်းတွေ Version အသစ် Update ဖြစ်သွားပြီး မြန်မာဖောင့်တွေ ကောင်းကောင်းမပေါ်ရင်

အောက်မှာ ပုံလေးတွေနဲ့ သေချာရှင်းပြပေးထားပါတယ်...။

ဒါကတော့ Firefox Update ဖြစ်နေတဲ့ ပုံပါ.......



မေးလ်ထဲက စာတွေအားလုံး ဒီအတိုင်း ဖြစ်သွားတယ်......



Firefox Menu ဘားက Tools >> Options ကို နှိပ်ပါ။



အောက်ကလို ဘောက်လေး ပေါ်လာရင် Content ကို နှိပ်ပါ။ Default font: မှာ Zawgyi-One ကို ရွေးပေးပါ။ ပြီးရင် နောက်ထပ်

Adanced ကို ထပ်နှိပ်ပြီးတော့ အထဲက ဖောင့်နေရာတွေမှာ Zawgyi-One ကို လိုက်ရှာပြီး ပြောင်းပေးလိုက်ပါ။



ဒီအောက်ကအတိုင်း ဖြစ်ရင် အိုကေပါပြီ။
အဲဒါဆိုရင် မေးလ်ထဲက စာတွေအားလုံး ခုလို ပုံမှန် ဖြစ်သွားပြီပေါ့။ နောက်ထပ် Update ဖြစ်လည်း အဲလို ထပ်လုပ်ပေးလိုက်ရုံပါပဲ။




ဒါက Firefox ကို သုံးရတာ ကြိုက်ပေမယ့် မြန်မာဖောင့် အခက်အခဲဖြစ်နေတာကြောင့် စိတ်ပျက်ပြီး မသုံးချင်တော့တဲ့ သူငယ်ချင်းတွေအတွက်

ရှင်းပြပေးတာပါ။အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ ပုံလေးတွေကို ကြည့်ပြီး လုပ်လိုက်ပေါ့နော်.. ဘာမှ မခက်ပါဘူး။


No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။