Saturday 23 March 2013

Multiply ဆိုဒ်တွေ ပျက်ပြီ.. [ အသိပေးခြင်း ]

2012 ခုနှစ် ဒီဇင်ဘာလ 1 ရက်နေ့ရောက်ရင် သူ့ဆိုဒ်ကို ပိတ်တော့မယ်လို့ ကြေငြာထားတဲ့ Multiply ဆိုဒ်ကြီးက

သူပြောထားတဲ့ ရက်ရောက်ပြီး နောက်ထပ် ၃ လလောက် မပျက်သေးတော့ ကျွန်တော်တို့လည်း ရင်တစ်ထိတ်ထိတ်နဲ့

ဝမ်းသာနေတာပေါ့။ ကျွန်တော့်အရင် Flash Song ဆိုဒ် http://thurainlin89.multiply.com ကိုလည်း မရောက်ဖြစ်တာ

မနည်းကြာပြီ။ စိတ်ပျက်သွားတာလည်း ပါတယ်။ ပျက်တော့မယ်ဆိုတာ သိနေတော့ ဘာမှ ဆက်မလုပ်ချင်တော့ဘူးလေ။

သူပြောထားတဲ့ ရက်ထက် အချိန်တွေ အများကြီးနောက်ကျပြီးမှ ပိတ်ပေးတာကိုပဲ ကျေးဇူးတင်ရမလိုပါပဲ။ ဒီနေ့အမှတ်မထင်

ပြန်ဝင်ကြည့်လိုက်တော့ Web Page တစ်ခုလုံး ဘာမှမပေါ်တော့ဘူးဆိုတာတွေ့လိုက်တယ်။ ပျက်သွားတာပဲ ဖြစ်မှာပါ။

အဲဒီအရက်တွေတုန်းကဆို လာလည်ကြတဲ့ သူငယ်ချင်းတွေလည်း တစ်နေကုန်လိုလိုပါပဲ။ တစ်နေ့ကို လူ 150, 200 လောက်

ရှိမယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက လာလည်တဲ့လူတွေ သိပ်မရှိတာတော့ သတိထားမိသား။ ဆိုဒ်ထဲမှာ ထည့်ထားတဲ့


Visitor Counter မှာ  ကြည့်လို့ရတယ်လေ။ ခု ဒီဆိုဒ်မှာလည်း Flash Songs တွေ တင်ထားပါတယ်။ ဒါပေမယ့် ဘလော့ကို

လာလည်တဲ့လူတွေက နည်းတယ်လေ။ ကြည့်ရတာပဲ အဆင်မပြေလို့လား။ ဘာအခက်အခဲတွေ ရှိနေလဲတော့ မသိဘူးပေါ့။

တစ်ချို့ကျတော့လည်း သီချင်းအသစ်လေးတွေ တင်ပေးစေချင်ကြတယ်။ အဟောင်းတွေချည်းပဲ နေ့တိုင်း နားထောင်ရတော့

သူတို့လည်း အသစ်လေးတွေ မျှော်နေတာပေါ့။ ခက်တာက ကျွန်တော်ကိုယ်တိုင်က Flash Song မလုပ်ဖြစ်တာပါပဲ။ ဝါသနာက

နည်းပညာနဲ့ ဝဘ်ဆိုဒ်ကိုပဲ အားသန်နေတာကိုးး။ လေ့လာတာများလို့လည်း သိထား တတ်ထားတာလေးတွေလည်း မနည်းတော့

များလာပြီပြောလို့ ရပါတယ်။ အချိန်ရရင် ရသလို စိတ်ပါတာနဲ့ ကျွန်တော် ရေးတင်ပေးနေပါတယ်။ အပျင်းထူတာက များနေတော့

ပုံမှန်တော့ ဘလော့ပို့စ်တွေ မရေးဖြစ်ဘူးပေါ့။ ရေးလက်စ ပို့စ်၂ ပုဒ်လည်း ရှိပါတယ်။ နောက်ထပ် အသစ်တင်ပေးချင်တာလည်း

ရှိတယ်။ သူငယ်ချင်းတို့ သိချင်တာလေးတွေ မေးထားမယ်ဆိုရင်တော့ ပို့စ်အသစ်တွေ ပိုများလာမှာပေါ့။ ကျွန်တော် သိတာဆို

ဘာမှ ချန်မထားတော့ပါဘူး။ ဒီတစ်နှစ်ပဲ ဒီအလုပ်တွေကို လုပ်နိုင်မှာမလို့ပါ။ နောက်နှစ်ဆို ကျွန်တော်က မြန်မာပြည်ပြန်တော့မှာ။

Flash Song လုပ်တာ ကျွမ်းကျင်တဲ့သူ တော်တော်များများတွေ့ဖူးပါတယ်။ Website နဲ့ ပက်သက်တာတွေကျတော့ သိပ်မသိဘူး။

နည်းပညာပိုင်းတွေ အားနည်းတယ်ပြောရမယ်။ ကိုယ်ပိုင် Website ထောင်ချင်တဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။ နည်းပညာတို့

ဆော့ဝဲလ်တို့ ကဗျာတို့ Flash Song တို့ ဘာပဲ ဖြစ်ဖြစ်ပေါ့။ ကိုယ်ဝါသနာပါရာ လေးတွေ တင်ချင်ရင် တင်လို့ ရတယ်ပေါ့။

ကျွန်တော်ကတော့ အားပေးပါတယ်။ ဘာမှ မနာလို ဖြစ်စရာအကြောင်းလည်း မရှိဘူး။ နောက်နေ့ကျရင် ကျွန်တော့် ဒီဘလော့လို

ဘလော့လုပ်နည်း ပြင်နည်းတွေ လိုအပ်တာတွေ အားလုံး တင်ပေးတော့မယ်။ နောက်ပိုင်းကို Flash နဲ့ ပက်သက်ပြီး ဝါသနာပါတဲ့

ကူညီပေးနိုင်မယ့်လူတွေ အများကြီးပေါ်လာတယ်ဆိုရင်ပဲ ကျွန်တော်က ကျေနပ်ပါပြီ။ Flash Song နဲ့ ပက်သက်တဲ့ နည်းပညာ

နည်းနည်းပါးပါး သိထားတာလေး တစ်ချို့တော့ ရှိတယ်။ Website နဲ့ ပက်သက်တာ တော်တော်များများတော့ သိပါတယ်။

အထူးသဖြင့် blogspot.com တွေပေါ့။ ဆော့ဝဲလ်နဲ့ ပက်သက်တာတော့ သိပ်မရဘူး။ ဒီကြားထဲမှာ သူငယ်ချင်းတို့ ကျွန်တော့်ဆီက

သိချင်တာလေးတွေ လိုချင်တာလေးတွေ ရှိတယ်ဆိုရင်တော့ itwebcrazyboy@gmail.com ကို Add ထားနိုင်ပါတယ်။

သိတာဆို ပြောပြမည်။ ရှိတာ ပေးနိုင်တာဆို ပေးပါမယ်။ သြော် လက်စနဲ့ အသိပေးရဦးမယ်။ လောလောဆယ် ကျွန်တော်

http://thurainlin89.blogspot.com မှာ ပို့စ်အသစ်တွေ တင်ထားပါကြောင်းခင်ဗျာ..။ လာလည်ပြီး အားပေးကြပါဦးနော်..

1 comment:

  1. အဲ့ဒါလူတိုင်းသိပါတယ်။ မာတီပလိုင်းနဲ့ပတ်သတ်တာ http://techinblogging.blogspot.com/2013/04/social-networking-wwwmultiplycom.html မှာဖတ်လို့ရပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။ ခုလိုသတိပေးတာကလည်း။

    ReplyDelete

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။