Flash Song တစ်ပုဒ်မှာဆိုရင် သီချင်း စာသားကလည်း အတော်လေးကို အရေးကြီးပါတယ်။ အချိန်အပေးရဆုံးနဲ့
စိတ်ရှည်မှု အလိုဆုံးလို့ပြောရင်လည်း မမှားပါဘူး။ စာသား အဝင်အထွက် မှန်ကန် တိကျအောင် လုပ်ဖို့က အနည်းဆုံး
Effect ကို ၂ ခါလောက် စမ်းကြည့်မှ သိရပါတယ်။ SWiSH Max3 နဲ့SWiSH Max4 က သီချင်းစာသား ထည့်ပြီး
စမ်းတဲ့နေရာမှာ Loading အမြဲ ဖြစ်လေ့ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သီချင်းတစ်ပုဒ်လုပ်ရင် လိုအပ်တာထက်
အချိန်တွေ ပိုကုန်နေရပါတယ်။ SWiSH Max2 ကတော့ အဖက်ကို Play လုပ်လိုက်တာနဲ့ ချက်ချင်း တန်းလာပါတယ်။
အဲဒါက SWiSH Max2 ရဲ့ အဓိက အားသာချက် ပါပဲ။ Flash Song လုပ်တာ ကျွမ်းကျင်တဲ့သူတွေရဲ့ ပြောပြချက်အရ
သူတို့ကတော့ သီချင်းတစ်ပုဒ်လုပ်ရင် SWiSH Max2 နဲ့ စာသားထည့်ပြီး တစ်ခြား Flash Effect တွေ Animation ပုံတွေ၊
စာသား Text-Shadow တွေကို SWiSH Max4 နဲ့ ထည့်ပြီး လုပ်တာပါတဲ့။ SWiSH Max2 က Version နိမ့်တဲ့အတွက်
အဲဒါတွေမှာတော့ သိပ်မရပါဘူး။ ဒါပေမယ့် စာသားထည့်တဲ့နေရာမှာတော့ အကောင်းဆုံးလို့ ပြောလို့ရတဲ့အတွက်
ဒီနေ့ SWiSH Max2 Full & Final လေး တင်ပေးလိုက်တာပါ။ လိုချင်တယ်ဆိုရင်တော့အောက်မှာ ဒေါင်းယူနိုင်ပါတယ်။
Download: SWiSH Max2 Full & Final
အခု တင်ပေးတဲ့ SWiSH Max2 ဆော့ဝဲလ်ကို Install စလုပ်တာကစပြီး အသုံးပြုလို့ ရတဲ့အဆင့်အထိကို ပုံလေးတွေနဲ့
သေချာရှင်းပြပေးသွားပါမယ်။ Patch ဖိုင်ထည့်ရမှာဆိုတော့ လူတိုင်း မလုပ်တတ်မှာစိုးလို့ပါ။ ပထမဦးဆုံး
အပေါ်မှာ တင်ပေးထားတဲ့ လင့်ကနေ SWiSH Max2 ဆော့ဝဲလ်ကို Download လုပ်ယူလိုက်ပါ။
Download ဖိုင်ထဲက SetupSwishmax2 ကို ၂ ချက်ကလစ်ပြီးတော့ Next ကို နှိပ်ပါ။

Yes ကို ဆက်နှိပ်ပါ။

Next ကို ဆက်နှိပ်ပါ။

ဒါဆိုရင်တော့ SWiSH Max2 ဆော့ဝဲလ်ကို Install လုပ်တဲ့အဆင့် ပြီးပါပြီ။ အောက်ကပုံလေးလို တက်လာမယ်ဆိုရင်
ပိတ်လိုက်ပါ။ Patch ဖိုင် ထည့်ပြီးမှ Full Version အဖြစ် သုံးလို့ ရမှာ ဖြစ်ပါတယ်။

Computer Desktop ပေါ်က SWiSH Max2 ပုံလေး [ Icon ] ကို မောက်နဲ့ တစ်ချက်နှိပ်ပြီး Right Click လုပ်ပြီးတော့
Properties ကို နှိပ်လိုက်ပါ။

အောက်က ဘောက်စ်လေး တက်လာပြီဆိုရင် Open File Loction ကိုနှိပ်ပါ။

အဲဒါဆိုရင်တော့ ဟောဒီလို Install လုပ်ထားတဲ့ဖိုင်က တန်းပွင့်လာပါလိမ့်မယ်။ အဲဒီအထဲကို Download ဖိုင်ထဲက Patch
ဖိုင် အနက် ရောင်လေးကို မောက်နဲ့ ဖိဆွဲပြီးတော့ ထည့်လိုက်ပါ။

Patch ဖိုင်ကို Right Click လုပ်ပြီးတော့ Run as administrator ကို နှိပ်ပါ။

Patch ကို နှိပ်ပေးလိုက်ပါ။

SwishMax2 ကို ရွေးနှိပ်ပြီးတော့ Open လုပ်ပါ။

ဒီလိုပေါ်လာရင်တော့ Patch လုပ်တာ အောင်မြင်သွားပါပြီ။

Desktop ပေါ်က SWiSH Max2 ကို ဖွင့်ကြည့်လိုက်ပါ။ အရင်လို Try, Buy, Unlock Box တက်မလာတော့ပါဘူးနော်..

ဒီ SWiSH Max2 ဆော့ဝဲလ်က တစ်ခြား SWiSH Max3, SWiSH Max4 တို့နဲ့ လုပ်ရတာ ပုံစံတူပါတယ်။

ဒီအောက်က ပုံကတော့ SWiSH Max2 Version အဟောင်းပုံပါ။ ကျွန်တော်တော့ မလုပ်တတ်ဘူး :D
ခု အပေါ်မှာ တင်ပေးထားတဲ့ SWiSH Max2 Full & Final က အရင်အဟောင်းထက် ပိုကောင်းပါကြောင်း.........

ဒီပို့စ်လေးကို ကူးယူမျှဝေမယ်ဆိုရင် ကွန်တော့်ဆိုဒ် http://itwebcrazyboy.blogsot.com ကို Credit ပြန်ပေးပါ။
No comments:
Post a Comment
Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။