Monday 27 May 2013

Blog မှာ မောက် Cursor ထည့်ချင်ရင်


ကျွန်တော်ဒီနေ့တော့ Blog မှာ မောက် Cursor ထည့်နည်းလေး ပြောပြချင်ပါတယ်။သိပြီးသားလူတွေတော့ များမှာပါ။

ခုက မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။ ရိုးရိုးအတိုင်းက ပုံမှန်ဆို မြားပုံလေးဖြစ်ပြီး

လင့်ကို ထောက်လိုက်ရင် လက်ဝါးပုံလေးပေါ်ပါတယ်။အဲဒီ မောက် Cursor ၂ ခုကို ကိုယ်ကြိုက်တဲ့ ပုံလေးတွေ ပြောင်းပြီး

သုံးချင်ရင်ပါ။ နမူနာကြည့်ချင်ရင် ကျွန်တော့်ဆိုဒ်မှာလည်း သုံးထားပါတယ်။ ကြိုက်တယ်ဆိုရင် ဒီအောက်က ကုတ်ကို

Design >> Layout >> Add a Gadget >> HTML/Javascript  မှာ သွားပြီး ထည့်ပေးလိုက်ရုံပါပဲ..။

အသုံးပြုရန် CSS ကုတ်

<style>
body {
cursor: url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOWgp52KjroqpVaEEqCieFpBXJpo7QuBULBU6bSeXl_RAeUFhyIVuILCX2wDGtZYRQnNV2iI7ELzdZkEHB3F6v_6deiLmdGcmrWbq_oVVfo_guqLYkoyC5si9QJ6ujdQ4p6G-wdqDgNFCq/s1600/11317.png), default;}

a:hover {
cursor: url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihr7KN5qRfA5-EbATcn5ukPgKiedJN-yDVzqbaHREqmrDFIkLpMnovF2J9BCg4TfKloyDKBmS5FbpbfhdX0NyiORiy496BxBw9WHde_aHHRfryvLax7YUDx8pgirJ73WuebBdQVh6z9wRS/s1600/005.png), pointer;}
</style>

ပုံကတော့ ကိုယ် ကြိုက်နှစ်သက်တဲ့ ပုံလင့်ပြောင်းထည့်ပြီး သုံးနိုင်ပါတယ်။ အောက်မှာ ကျွန်တော် စုထားတဲ့ ပုံလေးတွေ

တင်ပေးလိုက်ပါတယ်နော်..။ ဒေါင်းလုပ်ဆွဲပြီးတော့ ကိုယ်ကြိုက်တဲ့ ပုံကို လင့်ထုတ်ပြီး ပြောင်းသုံးလိုက်ပါ။

အသည်းပုံလေးတွေ ဒေါင်းရန် ဒီနေရာလေးကို နှိပ်ပါ။

လက်ဝါးပုံလေးတွေလိုချင်ရင် ဒီနေရာလေးကို နှိပ်ပါ။

အောက်မှာပြထားတဲ့  ပုံလေးတွေ လိုချင်တယ်ဆိုရင် ဒီနေရာလေးကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်...။

မှတ်ချက်။       ။ ဒီကုတ်ကို CSS ကုတ် အလုပ်လုပ်တဲ့ ဘယ်ဆိုဒ်မှာ မဆို သုံးလို့ ရပါတယ်နော်..



သူငယ်ချင်းများ အားလုံးပဲ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပျော်ရွှင်ပါစေ..

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။