Friday 24 May 2013

Blog မှာ မြန်မာဖောင့်အလှတွေ ရေးလို့ရအောင် စမ်းထားတာပါ။

ကျွန်တော် ညတုန်းက Blog မှာ မြန်မာဖောင့်အလှတွေ ရေးလို့ရအောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတာနဲ့

စာတွေ လိုက်ဖတ်ပြီး စမ်းလုပ်ကြည့်တာ။ ပထမဦးဆုံး ကိုယ့်စက်မှာတော့ ဖတ်လို့ရအောင် လုပ်နိုင်ခဲ့ပါတယ်။နောက်

သူငယ်ချင်းတွေကို ပေးပြီး ဖတ်ကြည့်ခိုင်းတော့ စာတွေက အင်္ဂလိပ်လိုတွေနဲ့ပဲ ပေါ်ပြီး ဘာစာတွေမှန်း မသိတော့ဘူး။

အဲဒါနဲ့ ဒီဖောင့်မရှိတဲ့ စက်တွေမှာလည်း ဖတ်လို့ ရဖို့ ကုတ်တွေထပ်ရှာပြီး လုပ်ကြည့်တော့မှ အဆင်ပြေခဲ့ပါတယ်..။

ခုက သူငယ်ချင်းတို့ကို ကျွန်တော် စမ်းထားတာလေး အောင်မြင်လို့ အသိပေးရင်းနဲ့ ကြွားလိုက်တာပေါ့ဂျာ :)

အောက်မှာ Screenshot ရိုက်ပြပေးထားပါတယ်..



Bobby Soxer ရဲ့ ရင်ခုန်သံမပြောင်းလဲကြေးဆိုတဲ့ သီချင်းလေးနဲ့ပါ..




နမူနာကို အောက်မှာ ကြည့်ပါ။ အပေါ်မှာ ပြထားတဲ့ပုံ ပေါ်ကြလားဆိုတာလေးရော ပြောပေးကြဦးနော်..

သူငယ်ချင်းတို့ စက်ထဲမှာ Win Yangon ဖောင့်မရှိလည်း ဒီစာတွေကို ဖတ်လို့ ရအောင် လုပ်ထားပါတယ်..။



ကြည့်ရ ဖတ်ရတာလည်း အဆင်ပြေတယ်။ သူငယ်ချင်းတို့ Blog တွေမှာပါ ခုလိုမျိုး မြန်မာဖောင့်အလှလေးတွေနဲ့

ရေးချင်တယ်ဆိုရင် C-Box မှာပဲ ဖြစ်ဖြစ် ပြောသွားခဲ့ပါ။ နောက်နေ့ကျရင် ကျွန်တော် လုပ်နည်းတင်ပေးပါမယ်..

မှတ်ချက်။ ။ မြန်မာလိုသာ ရေးလို့ ရပါမယ်။ အင်္ဂလိပ်စာတွေ ရေးလို့ မရပါဘူးနော်............

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။