Sunday 19 May 2013

သီချင်း ချစ်သူများအတွက် ကွန်ပျူတာ Gadget အလန်း ၂ ခု



ဒီနေ့ MYMC ကို သွားလိုက်တာ MYMC ရေဒီယို ကွန်ပျူတာ Gadget လေး တင်ပေးထားတာ တွေ့တာနဲ့ ဒေါင်းပြီးတော့

ဖွင့်ကြည့်လိုက်တာ.. မိုက်တယ်ဗျာ.. သီချင်းကောင်းတွေကို တစ်နေ့လုံးပဲ လွှင့်ပေးနေတာ။ နားထောင်လို့ မငြီးဘူး..။

အင်္ဂလိပ် သီချင်းတွေရောပဲ ။  ကိုယ့်စက်ထဲမှာ ရှိတဲ့ သီချင်းတွေက အဲလောက် စုံမှာ မဟုတ်သလို ဟို Folder ထဲက

သီချင်းတွေ လိုက်ဖွင့်လိုက်၊ ဒီ Folder ထဲက သီချင်းတွေလိုက်ဖွင့်လိုက်နဲ့ အလုပ်တွေ ရှုပ်နေဦးမယ်။ ခု ဒီ Gadget လေး

ရှိရုံနဲ့ သီချင်းတွေ အများကြီးကို နေ့တိုင်း မရိုးအောင် တင်ဆက်ပေးနေတာကို အဆင်သင့် ဖွင့်ပြီး နားထောင်ရုံပါပဲ။

အောက်က တစ်ခုကတော့ Volume Control Gadget လေးပါ။ ရိုးရိုးအတိုင်း သီချင်းနားထောင်တာထက် ဒီကောင်လေး

ကြည့်ပြီး နားထောင်ရတာ ခံစားမှု ပိုကောင်းတယ်လို့ ထင်ပါတယ်။ လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းယူနိုင်ပါတယ်။


Download: MYMC ရေဒီယို & Volume Control Gadget

အရင်က တင်ပေးထားတဲ့ ကွန်ပျူတာ Gadget လေးတွေ မဒေါင်းရသေးဘူးဆိုရင် အောက်မှာ ၆ မျိုးစလုံး စုပြီးတော့

ထပ်တင်ပေးထားပါတယ်...။  လိုချင်တယ်ဆိုရင် ဒီနေရာလေးကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်။အားလုံးပဲ ပျော်ရွှင်ကြပါစေ..




No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။