Friday 17 May 2013

Google Drive မှ Flash Song များကို Upload တင်နည်း Video

ခုနောက်ပိုင်း Ning ဆိုဒ်တွေက Flash Song တွေ လင့်ချိတ်ဖို့ စိတ်မချရတော့ပါဘူး။ ကိုယ်က အဲဒီဆိုဒ်ကနေပြီးတော့

အပြီး ထွက်လိုက်လို့ လင့်ပျက်တာတွေနဲ့ ခု သူတို့ဆိုဒ်တွေ ပျက်တော့မှာဆိုတော့ Ning ဆိုဒ်တွေမှာ လင့်ချိတ်ဖို့က

ဘယ်လိုမှ မကောင်းတော့ပါဘူး။ ပြီးတော့ ဖိုင်ဆိုဒ်ကလည်း ကန့်သတ်ထားသေးတယ်။ ကိုယ့်သုံးနေတဲ့ အင်တာနက်

လိုင်းက သိပ်မကောင်းရင်လည်း လင့်က မကျတော့ပဲနဲ့ Error ပဲ တက်လာတတ်ပါတယ်။ Google Drive မှာက

အဲဒီ အချက်တွေအားလုံး ကောင်းပါတယ်။ လင့်တွေ ကြာရှည်ခံဖို့ စိတ်ချရတယ်။ ဖိုင်ဆိုဒ် အကြီးကြီးတွေပါ တင်လို့

ရတယ်။ Upload တင်နေရင်း လိုင်းနှေးသွားလို့ ပြုတ်မကျသွားပါဘူး။ Upload တင်တာ ပြီးတဲ့အထိ ဖြေးဖြေးချင်း

Loading ဖြစ်နေပေးပါတယ်။ Flash Song တင်မဟုတ်ပဲ ဆော့ဝဲလ်တွေ၊ mp3 သီချင်းတွေ၊ .css .js .html ဖိုင်တွေရော

အကုန် တင်လို့ ရပါတယ်။ သင့်အနေနဲ့ Gmail အကောင့် တစ်ခုရှိရုံနဲ့ 5GB အထိ Upload တင်လို့ ရပါတယ်နော်..

ကျွန်တော်အရင်က ရေးထားတဲ့ Files Upload & Sharing with Google Drive [ Second Edition ] ကိုလည်း သွားပြီး

ဖတ်စေချင်ပါတယ်။ အဲဒီမှာ ပုံတွေနဲ့ သေချာရှင်းပြပေးထားတာပါ။ ဒါပေမယ့် တစ်ချို့က သိပ်နားမလည်သေးဘူးဆိုလို့

ခု Video ဖိုင်လေးနဲ့ အစကနေ အဆုံးထိ သေချာလုပ်ပြထားပါတယ်။ အသံတွေတော့ ဆူညံနေတယ်ဗျာ..စပီကာတွေ၊

နားကြပ်တွေ ပိတ်ပြီးမှ အောက်က Google Drive မှ Flash Song များ Upload တင်နည်း ကြည့်ရန် ကို နှိပ်ကြည့်ပါ။



လင့်ပြောင်းရန် >> https://googledrive.com/host/ဒီမှာ ဖိုင် id ထည့်ပါ...

နမူနာ မူရင်းလင့် >> https://drive.google.com/folderview?id=0Bx7YgjnkuKWQcFpmOTZsck9zQVE&usp=sharing

နမူနာ ပြင်ပြီးလင့် >> https://googledrive.com/host/0Bx7YgjnkuKWQcFpmOTZsck9zQVE

နမူနာ Flash ဖိုင်လင့် >> https://googledrive.com/host/0Bx7YgjnkuKWQcFpmOTZsck9zQVE/1.swf

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။