ဟိုအရင်တုန်းက Double Tun ရဲ့ မာတီပလိုင်းဆိုဒ်မှာ သူငယ်ချင်းတစ်ယောက် ပြောထားတာလေး သတိရမိတယ်။
သူလုပ်ထားတဲ့ Flash Song SWF ဖိုင် လင့်ထုတ်ပြီး ဖွင့်တော့ ဒေါင်းလုပ်ပဲ ကျနေတယ်တဲ့။ ပုံမှန်ဆို .swf ဖိုင်တွေက
Ning ဆိုဒ်က လင့်ထုတ်တာဆိုရင် တစ်ခါတည်း နားထောင်လို့ ရပါတယ်။ တစ်ခါတစ်လေ ဘာကြောင်မှန်း မသိဘူး။
ကျွန်တော့်လည်း ခုနောက်ပိုင်း အဲလိုတွေပဲ ဖြစ်နေတယ်။ သူငယ်ချင်းတစ်ယောက်လည်း အတူတူပဲ။သူလုပ်ထားတဲ့
Flash Song တွေ လင့်ထုတ်ရင် ဒေါင်းလုပ်ပဲကျနေလို့ အနော့် Google Site က တင်ပေးရသေးတယ်။ ဟိုအရင်နေ့က
MM-Flash Songs ဆိုဒ်ထဲ ဝင်ကြည့်မိရင်း Flash Songs {10} မှာ Double Tun လုပ်ထားတဲ့ ရွှေတိဂုံ(၂) ဖလပ်သီချင်း
လင့်ပျက်နေတယ်ဆိုတာနဲ့ ကျွန်တော်ဒေါင်းထားတာ ရှိလို့ လင့်အသစ်ထုတ်တင်ပေးတာ ဖွင့်ကြည့်တော့ ဒေါင်းလုပ်ပဲ
ကျနေတယ်။ ဒီနေရာကို နှိပ်ပြီး ဖွင့်ကြည့်။ အဲဒါကို ကျွန်တော် HTML ကုတ်နဲ့ Web Page လုပ်ပြီး လင့်ချိတ်ကြည့်တော့
အဆင်ကို ပြေနေတာပဲဗျာ.. ဒီနေရာလေးကို နှိပ်ပြီး ဖွင့်ကြည့်လိုက်နော်..
ကျွန်တော် ဒီအောက်က ကုတ်လေးနဲ့ လုပ်ထားတာပါ။
ပေးထားတဲ့ ကုတ်တွေကို NotePad ထဲကိုထည့်ပြီးတော့ အနီရောင်နဲ့ ပြထားတဲ့နေရာလေးတွေကို ပြင်ရေးထည့်ပါ။
သိမ်းတဲ့အခါ ဖိုင်နာမည်ရဲ့နောက်မှာ .html နဲ့ Encoding မှာ UTF-8 ဖြစ်ရပါမယ်။ အားလုံးပဲ အဆင်ပြေကြပါစေ...

<html> <head> <title> shwedagon5.swf </title> <style> body {background-color: #000000; padding: 0px; margin: 0px;} </style> </head> <body> <center> <EMBED src="http://....../shwedagon5.swf" quality="high" bgcolor="#000000" WIDTH="80%" HEIGHT="100%" TYPE="application/x-shockwave-flash" PLUGINSPAGE="http://www.macromedia.com/go/getflashplayer"></EMBED> </center> </body> </html>
ပေးထားတဲ့ ကုတ်တွေကို NotePad ထဲကိုထည့်ပြီးတော့ အနီရောင်နဲ့ ပြထားတဲ့နေရာလေးတွေကို ပြင်ရေးထည့်ပါ။
သိမ်းတဲ့အခါ ဖိုင်နာမည်ရဲ့နောက်မှာ .html နဲ့ Encoding မှာ UTF-8 ဖြစ်ရပါမယ်။ အားလုံးပဲ အဆင်ပြေကြပါစေ...
No comments:
Post a Comment
Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။