Friday 12 July 2013

မိမိ Blog ကို စိတ်ကြိုက် ပြင်ဆင်နည်း အစုံအလင်

ကျွန်တော်တို့ Blog တွေမှာ တော်တော်များများက ကိုယ့် Blog မှာ သုံးဖို့ Template တွေကို အဆင်သင့်သုံးလို့ရတဲ့

Template တွေ တင်ပေးတဲ့ ဆိုဒ်တွေက ဒေါင်းယူပြီး သုံးကြပါတယ်။ အဲဒီ Template တွေမှာ ကိုယ် မကြိုက်တာတွေ၊

တစ်ခြား မလိုအပ်တဲ့ အပို Gadget တွေ၊ Css , JavaScript ကုတ်တွေ ထည့်ပေးထားတာတွေလည်း ရှိပါလိမ့်မယ်။

နောက် သူတို့က အလှအပကို ဦးစားပေးပြီး ဖန်တီးပြုလုပ်ထားတဲ့အတွက် Web Page Loading ဖတ်တာကလည်း

ကြာပါလိမ့်မယ်။ အဲဒီ Template ကို ကိုယ့်စိတ်ကြိုက် ၊ ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင် ပြန်ပြင်ဖို့လည်း ခက်ပါတယ်။

အဲဒီတော့ ကိုယ့် Blog ကို ကိုယ့်စိတ်ကြိုက် လိုချင်တဲ့ ပုံစံရအောင် ဖန်တီးချင်တယ်ဆိုရင် Blogger မှာ တင်ပေးထားတဲ့

Template တွေက အကောင်းဆုံးပါပဲ။ ရိုးရှင်းပြီး အဓိက လိုအပ်တဲ့ ကုတ်တွေလောက်နဲ့ပဲ  ဖန်တီးထားတဲ့ အတွက်ပါ။

ကဲ အဲဒီတော့ ပြောချင်တာက ကိုယ့် Blog ကို ကိုယ့်စိတ်တိုင်းကျ ပုံစံလေး ကိုယ်တိုင် ဖန်တီးချင်တယ်ဆိုရင်......



( ၁ ) www.blogger.com ကို သွားပြီး Sign In လုပ်ပါ။ ( Blog မရှိသေးသူများ ဒီနေရာလေးမှာ သွားဖတ်ပြီး လုပ်ပါ။ )

( ၂ ) Template ကို နှိပ်ပါ။





ကိုယ့် Blog ကို ဖွင့်ပြီး Design မှတဆင့် Template ကို နှိပ်လည်း ရပါတယ်။ အဆင်ပြေသလို သွားပါ။





( ၃ ) Template စာမျက်နှာရဲ့ ညာဘက် အပေါ်ထောင့်မှာ Backup / Restore ဆိုတဲ့ Button လေး ရှိပါတယ်။

အဲဒါကို နှိပ်ပြီး လက်ရှိသုံးနေတဲ့ Template ကို ဒေါင်းပြီး သိမ်းထားပါ။ နောက်ပိုင်း အဲဒါကို ပြန်သုံးချင်တဲ့အခါ..

Browse.. ကို နှိပ်ပြီး ဒေါင်းထားတဲ့ Template ကို ရွေးပြီး Upload ကို နှိပ်ပါ။ ဒါဆို အရင်အတိုင်း ပြန်ဖြစ်ပါတယ်။

Template တွေ ပြောင်းတဲ့အခါ အဲလို လုပ်ထားဖို့ လိုအပ်ပါတယ်။ ဒါမှ မကြိုက်ရင် ပြန်သုံးလို့ ရမှာ ဖြစ်ပါတယ်။





အဲဒါတွေ လုပ်ပြီးသွားပြီဆိုရင် Blogger က Template အသစ်တစ်ခုကို ရွေးဖို့ လုပ်ပါ။

ဒီအောက်မှာ ပြထားတဲ့ ပုံတွေလိုပဲ Template တွေရဲ့ နမူနာ ဒီဇိုင်း ပုံလေးတွေကို ပြပေးထားပါတယ်။

ကိုယ်ကြိုက်တဲ့ ဒီဇိုင်း တစ်ခုကို ရွေးပြီးတော့ Apply To Blog ကို နှိပ်ပါ။ Preview အစမ်းကြည့်လို့လည်း ရပါတယ်။

ကျွန်တော် အကြံပေးချင်တာက ကိုယ့်စိတ်ထဲ ကောင်းမယ်ထင်တဲ့ Template တစ်ခုကို ရွေးသုံးပြီးမှ ဖွင့်ကြည့်ဖို့ပါ။

Preview ကြည့်တာက Web Page အပြည့် မမြင်ရတဲ့အတွက် သေချာ မြင်ရမှာ မဟုတ်ပါဘူး။ ပြီးမှ မကြိုက်ရင်

တစ်ခြား တစ်ခုကို ပြောင်းသုံးပေါ့နော်..။ အဲဒီမှာ Template တွေ အများကြီး ရှိတာပဲ။ အကြိုက်ဆုံး တစ်ခုကို ရွေးပါ။

တစ်ခု အသိပေးထားချင်တာက Dynamic Views Template တွေကို မရွေးကြဖို့ပါပဲ။ ပြင်ဖို့ မလွယ်ကူပါဘူးနော်..။







ကဲ အခု သူငယ်ချင်းတို့က ကိုယ်အကြိုက်ဆုံး Template တစ်ခုကို ရွေးပြီး သုံးထားလိုက်ပြီပေါ့။ ပထမဦးဆုံး ပြင်ဖို့

လိုတာကတော့ ဝဘ်ဆိုဒ်တစ်ခုရဲ့ အခြေခံအကျဆုံး Layout ဒီဇိုင်းပါပဲ။ ဆိုဒ် ဘားကို ဘယ်ဘက်မှာ ထားချင်လား၊

ညာဘက်မှာ ထားမလား ။ အောက်ခြေပိုင်းကိုရော ကော်လံ တစ်ခုလား ၊ နှစ်ခုလား ၊ သုံးခုလား စသည်ဖြင့်ပေါ့..

အဲဒါတွေ လုပ်ဖို့ Design ကနေ Layout ကို နှိပ်ပါ။





ပြီးရင် အောက်မှာ ဝိုင်းပြထားတဲ့ Template Designer ကို နှိပ်ပါ။



အဲဒီမှာ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းမျိုး ရွေး နှိပ်ပါ။




 ခုနက Layout ကို စိတ်တိုင်းကျ ပြောင်းပြီးရင် Blog ရဲ့ ပို့စ်နေရာ ဆိုဒ်ဘား အကျယ်တွေကို ပြင်ယူလိုက်ပါ။



နောက်ခံပုံ ထည့်ချင်ရင်လည်း အဲဒီမှာ ရှိပြီးသားပါ။ ကိုယ့်စက်ထဲက ပုံကို တင်မယ်ဆိုလည်း ရပါတယ်...။



Advanced ကတော့ Blog တစ်ခုလုံးနဲ့ ပက်သက်ပြီး အသေးစိတ် ပြင်ယူလို့ ရပါတယ်။ ဆိုဒ်နောက်ခံ အရောင် ၊ လင့်

ဘလော့ ခေါင်းစီး ၊ စတာတွေ အရောင်ပြောင်းတာ၊ ဖောင့်တွေ ပြောင်းတာ စတာတွေ တစ်ခုစီ လိုက်ပြင်လို့ ရပါတယ်။



CSS ကုတ်ထည့်ချင်တယ်ဆိုရင်လည်း Add CSS ကို နှိပ်ပြီး ထည့်လို့ ရပါတယ်။



အားလုံး ကိုယ့်စိတ်တိုင်းကျ ပြင်ပြီးသွားပြီဆိုရင် ညာဘက်အပေါ်ထောင့်က Apply to Blog ကို နှိပ်လိုက်ပါတော့..

အဲဒီနေရာမှာ Apply to Blog မနှိပ်ပဲ ဒီအတိုင်း ပြန်ထွက်လာမယ်ဆိုရင် ကိုယ်ပြင်ထားတာတွေအားလုံး အတည်မဖြစ်၊

မပြောင်းလဲဘူး ဆိုတာလေး တစ်ခုကိုတော့ သတိထားစေချင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ...



အဓိကကတော့ Blog တစ်ခုကို ပြင်ဆင်မယ်ဆိုရင် Blogger Template Designer ကို အဓိက အသုံးပြုကြဖို့ပါပဲ..

Template ပြောင်းတာက အစ အစုံ ကိုယ့်စိတ်ကြိုက် ပြင်ယူလို့ အလွယ်ကူဆုံးပါပဲ...



အပေါ်မှာ ပြောပြထားတာတွေအားလုံး လုပ်ပြီးသွားပြီဆိုရင် Design >> Layout မှာ ပြင်ဆင်လို့ ရပါသေးတယ်။

Favicon ဆိုတာ ကိုယ့် Blog လိပ်စာရှေ့က Icon ပုံလေးကို ပြောတာပါ။ ကိုယ်ကြိုက်တဲ့ပုံ ပြောင်းတင်လို့ ရပါတယ်။

Navbar ဆိုတာက ကိုယ့် Blog ရဲ့ အပေါ်ဆုံးက Bar တန်းကို ပြောတာပါ။ Header မှာတော့ ကိုယ့် Blog ခေါင်းစီး

စာသား ၊ ပုံ စတာတွေ တင်လို့ ရပါတယ်။ Blog Post မှာလည်း Edit ကို နှိပ်ပြီး ပြင်လို့ ရပါတယ်။ Side Bar မှာ

လိုအပ်တဲ့ Gadget တွေ ထည့်မယ်ဆိုရင် Add a Gadget ကို နှိပ်ပြီး ကိုယ်နှစ်သက်ရာ ရွေးထည့်ရုံပါပဲ..




Blog လိပ်စာရှေ့က B ဆိုတဲ့ ပုံလေးတွေကနေ ကိုယ့်စိတ်ကြိုက် ပုံလေးတွေ တင်လို့ ရပါတယ်။



Navbar အရောင်မျိုးစုံ ရှိပါတယ်။ မလိုချင်ရင် OFF ကို နှိပ်ပါ။ ဒါဆို ပျောက်နေပါလိမ့်မယ်။



Gadget တွေကလည်း အတော်လည်း စုံလင်ပါတယ်။ ( အပြင် Blog တွေမှာလည်း တင်ပေးထားတာ ရှိတတ်ပါတယ်။ )



 Blog Post နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ ပြင်တဲ့ နေရာပါ။ မြန်မာလို ပြင်ရေးလို့လည်း ရပါတယ်။




တစ်ခြား Blog ဆိုင်ရာ နည်းပညာတွေကို http://kp3family.blogspot.com/ မှာလည်း လေ့လာနိုင်ပါတယ်။

ကျွန်တော် သိသလောက် တင်ပေးထားတာတွေကိုတော့ http://itwebcrazyboy.blogspot.com/ မှာ လာကြည့်ပါ။

နောက်ထပ် သူငယ်ချင်းတို့ သိချင်တဲ့ Blog နဲ့ ပက်သက်တဲ့ နည်းပညာ အချို့ကို မေးမြန်းချင်တယ်ဆိုရင်

ဒီနေရာလေးမှာ သွားပြောနိုင်ပါတယ်..။ ဒီပို့စ်လေးက Blog တစ်ခုကို ပြင်ဆင်တဲ့နေရာမှာ အသုံးဝင်မယ်လို့

ယုံကြည်မျှော်လင့်ရင်း. ကျွန်တော့်ရဲ့ မိမိ Blog ကို စိတ်ကြိုက် ပြင်ဆင်နည်း အစုံအလင် ကို နိဂုံးချုပ်လိုက်ပါတယ်..။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။