Tuesday 23 July 2013

ကိုယ့် Blog က ပို့စ်တွေကို ကော်ပီမကူးစေချင်ရင်

ဒီနောက်ပိုင်း ကိုယ်ပိုင် Blog လေးတွေ အရမ်းကိုများပြားလာနေပါတယ်။ Blog လုပ်တာကတော့ တစ်ယောက်နဲ့

တစ်ယောက် ရည်ရွယ်ချက်ချင်းတော့ တူချင်မှတူမှာပါ။ ဒါကတော့ ကိုယ်ဝါသနာပါရာပေါ့နော်..။  ကဗျာလေးတွေ ၊

စာပေလေးတွေ ၊ ဓါတ်ပုံလေးတွေ ၊ ကိုယ့်ရင်ထဲကခံစားချက်လေးတွေ ၊ အတွေ့အကြုံတွေ ကို ရေးတင်ကြတာရော

နောက် နည်းပညာပို့စ်တွေ ၊ ဆော့ဝဲလ်တွေ ၊ Video တွေ ၊ Mp3 သီချင်းတွေ ဖုန်းမှာသုံးတဲ့ ဆော့ဝဲလ်တွေ စသည်ဖြင့်

အမျိုးအစား အစုံတင်ကြတာလည်း ရှိပါတယ်။ အဲဒီအထဲမှာ ပြောစရာလေးတစ်ခုက ရှိလာတယ်။ လူတစ်ယောက်က

ဆော့ဝဲလ်တစ်ခုကို သူကိုယ်တိုင် စမ်းသပ်ပြီး ကောင်းတာနဲ့ Upload တင်ပြီးတော့ အသုံးပြုနည်းလေးတွေကိုရော

သေချာရေးပြီး တင်ပေးလိုက်တယ်။ အဲဒါကို နောက်ထပ်လူတစ်ယောက်က ကြိုက်တာနဲ့ သူ့ Blog မှာ ပြန်ရှယ်ပါတယ်။

ပို့စ်အောက်ခြေမှာတော့ သူ့နာမည်ကြီးနဲ့ပါ။ ဒါကို မူရင်းပို့စ်ပိုင်ရှင်က တွေ့သွားတယ်ပေါ့။ အဲဒီမှာ စကားများပါတယ်။


ကူးယူတဲ့လူကလည်း တစ်ခြားလူတွေကို သုံးစေချင်လို့ (သို့ ) သိစေချင်လို့ ပြန်ရှယ်ပေးတာပါပေါ့။ ကျွန်တော်တို့ဆို

သူများတွေလို Blog မှာ ကြော်ငြာတွေထည့်ပြီး ငွေမရှာသလို ၊ ဒေါင်းလုပ်လင့် စတာတွေမှာလည်း AdFly , adfoc စတဲ့

ဆိုဒ်တွေကနေ လင့်ထည့်ပြီးတော့လည်း ငွေမရှာပါဘူး။ ပြောချင်တာက ကျွန်တော်တို့က စီးပွားရေးလုပ်နေတာမျိုး

မဟုတ်ပဲ တစ်ကယ် စေတနာသီးသန့်နဲ့ပဲ ကိုယ်လေ့လာလို့ သိထားတဲ့ နည်းပညာလေးတွေရေးတင်တယ်။ နောက်..

ကိုယ်သုံးနေတဲ့ ဆော့ဝဲလ်လေးတွေ ကောင်းတယ်ဆို သူငယ်ချင်းတွေကိုလည်း သုံးစေချင်တာနဲ့ တင်ပေးနေတာပါ။

နည်းပညာပို့စ်တစ်ပုဒ်ရေးဖို့ အချိန်တွေအများကြီးပေးပြီး လေ့လာခဲ့ရသလို ရေးတဲ့အခါမှာလည်း အများနားလည်ဖို့

အတတ်နိုင်ဆုံး ကြိုးစားပြီး ပုံလေးတွေနဲ့ တစ်ချို့ဆို Video ဖိုင်တွေနဲ့ အချိန်ကုန်ခံ ၊ အပင်ပန်းခံပြီး လုပ်ပေးပါတယ်။

ဒါကို တစ်ချို့က တစ်ချက်လေး ကော်ပီလုပ်တင်ပြီး ကိုယ့်ရေးထားသလိုလိုဖြစ်အောင် ကိုယ့်နာမည်တပ်ဖို့ လုပ်တယ်။

တစ်ကယ်ဆိုရင် သူတစ်ပါးအများအတွက် ဘာမျှော်လင့်ချက်မှ မထားပဲ လုပ်ပေးခဲ့တဲ့ စေတနာကို နည်းနည်းလေးတော့

လေးစားမှုလေးတစ်ခုနဲ့ မူရင်းဘယ်ဆိုဒ်က ကူးယူမျှဝေပါတယ်ဆိုတာလေးတော့ ရေးပေးသင့်ပါတယ်။ အဲဒီလိုဆိုရင်

မူရင်းပို့စ်ပိုင်ရှင်ကလည်း နားလည်ပေးပါတယ်။ ခုတော့ Blog တွေ Ning ဆိုဒ်တွေ တော်တော်များများမှာ ကော်ပီပို့စ်

တွေ ထပ်နေပေမယ့် မူရင်းတင်ခဲ့သူ ဘယ်သူလဲဆိုတာတောင် သိဖို့မလွယ်တော့ပါဘူး။ အကြောင်းကတော့ ပထမဆုံး

စတင်ကူးယူခဲ့သူက မူရင်းကို လင့်ပြန်ညွှန်းပေးထားတာမျိုး မရှိခဲ့လို့ပါပဲ။ ဒီလိုနည်းနဲ့ ကျွန်တော့် Blog က ပို့စ်တွေ

တစ်ခြားဆိုဒ်တွေမှာ တွေ့နေရပါတယ်။ ဒါပေမယ့် ကျွန်တော် ဘာမှ မပြောခဲ့ပါဘူး။ အစကတည်းက အများအတွက်

သိစေချင်လို့ ၊ သုံးစေချင်လို့ တင်ပေးခဲ့တဲ့ နည်းပညာပို့စ် ၊ ဆော့ဝဲလ်ပို့စ်တွေ ဖြစ်တာကြောင့်ပါ။ ဒါပေမယ့် ကိုယ်တိုင်

ရေးထားတဲ့ ပို့စ်လေးတွေအောက်မှာ သူတို့နာမည်တွေ တပ်ထားတာမြင်ရင် စိတ်ထဲမှာတော့ မကောင်းပါဘူး။ ဒါကို

ကိုယ်တိုင်ရေးပို့စ်တွေ တင်လေ့ရှိတဲ့ သူငယ်ချင်းတွေ နားလည်မှာပါ။ ဒီနေ့တော့ အဲဒီလို ကိုယ့် Blog က ပို့စ်တွေကို

တစ်ခြားဆိုဒ်တွေမှာ ကော်ပီကူးပြီး  မတင်စေချင်ကြတဲ့ သူငယ်ချင်းတွေအတွက် နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်။

ပထမဦးဆုံး မိမိ Blog ကို Sign In လုပ်ပြီးတော့ Design >> Layout >> Add a Gadget >> HTML/JavaScript မှာ

အောက်မှာ ပေးထားတဲ့ကုတ်ကို ထည့်ပြီးတော့ Save လုပ်ပါ။ အဲဒီကုတ်က Right Click, Select နှစ်မျိုးစလုံး လုပ်လို့

မရအောင် ကာကွယ်ပေးပါလိမ့်မယ်။ ဒါပေမယ့် ဒီနည်းက ကော်ပီမကူးနိုင်ဖို့ 50% လောက်သာ ကာကွယ်နိုင်မှာပါ။

ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်မရေးပဲ သူများပို့စ်တွေကို လိုက်ပြီး ကော်ပီကူးလေ့ရှိတဲ့သူတွေက ဒီနည်းလမ်းကို

ဖွင့်တဲ့နည်း သိထားတတ်ကြလို့ပါ။ အဲဒီအတွက်လည်း အောက်မှာ နောက်ထပ်ကုတ်တစ်ခု ထပ်ပေးထားပါတယ်။

<script language="JavaScript">
<!-- Disable
function disableselect(e){
return false
}
function reEnable(){
return true
}
//if IE4+
document.onselectstart=new Function ("return false")
document.oncontextmenu=new Function ("return false")
//if NS6
if (window.sidebar){
document.onmousedown=disableselect
document.onclick=reEnable
}
//-->
</script>

အပေါ်က ကုတ်ကို ထည့်ပြီးသွားပြီဆိုရင် နောက်ထပ် နည်းလမ်း Design >> Template >> Edit HTML ကိုနှိပ်ပြီး

Template ကုတ်တွေထဲက </head> ကို ကီးဘုတ်က Ctrl + F ( သို့ ) F3 နှိပ်ပြီးတော့ Search Box မှာ ရိုက်ရှာလိုက်ပါ။

ကုတ်တွေ မပေါ်ဘူးဖြစ်နေရင်တော့  ကီးဘုတ်က F11 ကို ၂ ချက်နှိပ်လိုက်ပါ။ ဒါဆို ကုတ်တွေ ပေါ်လာပါလိမ့်မယ်။

အဲဒီမှာ </head> ကိုတွေ့ပြီဆိုရင် အောက်မှာ ပေးထားတဲ့ကုတ်လေးတွေကို </head> ရဲ့ အပေါ်မှာ ထည့်ပြီးတော့

Save ကို နှိပ်ပါ။ ဒါဆို သင့် Blog က သင်ကိုယ်တိုင် ရေးထားတဲ့ပို့စ်တွေကို သူတစ်ပါး ကော်ပီမလုပ်နိုင်တော့ပါကြောင်း..

<style>
body {
-moz-user-select: -moz-none; 
-khtml-user-select: none; 
-webkit-user-select: none; 
-o-user-select: none; 
user-select: none;
}
</style>

မှတ်ချက်။       ။ 80% သာ အာမခံနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပိတ်နည်းရှိလျှင် ဖွင့်နည်းလည်း ရှိပါသည်။

ကိုယ်တိုင်ရေး ပို့စ်များ တင်သောသူများ၏ မျက်နှာကိုထောက်ကာ ထိုနည်းကို သိလျှင်လည်း  ပြန်မရှယ်ကြပါနဲ့လို့...

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။