
ကျွန်တော်တို့ နည်းပညာ ဘလော့လေးတွေ ရေးတဲ့အခါ စာတွေနဲ့ချည်း ပြောပြရင် သိပ်နားမလည်ကြပါဘူး။ လုပ်ပုံ၊
လုပ်နည်းလေးတွေကို ဓါတ်ပုံရိုက်ပြီး ပုံလေးတွေနဲ့ သေချာရှင်းပြမှ မသိသေးတဲ့လူတွေအတွက် ပိုပြီးတော့ နားလည်
သဘောပေါက် လွယ်တာပါ။ ပုံလေးတွေနဲ့ဆိုတော့ ကိုယ်ရေးတဲ့ ပို့စ်လေးကိုလည်း ပိုပြီး စိတ်ဝင်စားမှု ဖြစ်စေပါတယ်။
Screen Capture ဆော့ဝဲလ်တွေထဲမှာတော့ FastStone Capture ကို အကြိုက်ဆုံးပါပဲ။ ပုံတွေ Screenshot ရိုက်လို့
ရတယ်။ ပြီးတော့ ပုံလေးတွေကို ဘောင်ခတ်တာ၊ မြားလေးတွေထိုးပြတာ၊ နောက်ထပ် ပုံလေးတွေ ထပ်ထည့်တာ၊
စာလေးတွေ ရေးတာ စသည်ဖြင့် အများကြီး လုပ်လို့ ရပါတယ်။ Video ရိုက်ချင်ရင်လည်း ရပါတယ်။ မူရင်းဆိုဒ်မှာ
သွားဒေါင်းမယ်ဆိုရင် Tutorial Version ပဲ ရပါလိမ့်မယ်။ ခု တင်ပေးတဲ့ ဆော့ဝဲလ်ကိုတော့ Full Version ဖြစ်အောင်
ကျွန်တော် လုပ်ထားပြီးသားဖြစ်လို့ အဆင်ပြေပြေနဲ့ တန်းသုံးလို့ ရပါတယ်။ လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းပါ။
Download: FastStone Capture 7.3 Full Version
အသုံးပြုနည်း
ဆော့ဝဲလ်ကို ဖွင့်လိုက်ရင် အောက်က ပုံမျိုးလေး ပေါ်လာပါလိမ့်မယ်..။

1 နဲ့ 5 က ကွန်ပျူတာ Screen တစ်ခုလုံး ကို အပြည့်ရိုက်ယူတာပါ။
2 နဲ့ 6 က ကိုယ်ဖွင့်ထားတဲ့ Box လေးတွေ ၊ Gtalk ဖွင့်ထားရင် Gtalk စတဲ့ တစ်နေရာစီကို အော်တို ချိန်ရိုက်တာပါ။
3 ကတော့ ကိုယ်လိုချင်တဲ့ နေရာလေးတွေကို ဖြတ်ပြီး ရိုက်တဲ့အခါမှာ သုံးပါတယ်။
4 ကတော့ အတွန့်အခေါက်လေးတွေကို နည်းနည်းစီ ရွေ့ပြီး ဖြတ်ရိုက်လို့ ရပါတယ်။
7 ကတော့ Video ရိုက်တာပါ။ Setting ထဲမှာ ဝင်ပြီးတော့ Screen တစ်ခုလုံး သို့မဟုတ် ကိုယ်ရိုက်ချင်တဲ့နေရာတွေကို
ရွေးပြီး ရိုက်နိုင်ပါတယ်။ အသုံးအများဆုံးကတော့ 1 နဲ့ 3 ပါပဲ။ ဓါတ်ပုံ တစ်ပုံရိုက်လိုက်ရင် ခုလိုမျိုးလေး ပေါ်လာပါတယ်။
ကျွန်တော်က အပေါ်ပိုင်း Tools တွေလောက်ပဲ ပြပေးထားပါတယ်နော်။ ဘာမှ မလုပ်ပဲ သိမ်းမယ်ဆို Save As ပါ။
ဘောင်လေးတွေ ခတ်ပြမယ် ၊ မြားလေးတွေ ထိုးပြချင်တယ် ၊ စာလေးတွေ ရေးချင်တယ်ဆိုရင် Draw ကို နှိပ်ပါ။

ဒီအောက်မှာ ပြထားတဲ့ပုံက Version အဟောင်းတုန်းက ပါတဲ့ Tools တွေ ပါ။ ခု အသစ်မှာ အဲဒီထက် ပို စုံလာပါတယ်။
လုပ်လို့ ရတာလေးတွေ ပိုပါလာတယ်ပေါ့။ အသုံးများတာလေးတွေပဲ ပြပေးလိုက်ပါတယ်။ တစ်ခြား Tools တွေကိုတော့
သူငယ်ချင်းတို့ ကိုယ်တိုင်ပဲ စမ်းကြည့်လိုက်ပါတော့နော်..။ ဒီ ဆော့ဝဲလ်လေးက သုံးရတာ တော်တော်လွယ်ပါတယ်။

အားလုံးပဲ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ လာရောက် အားပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်။
မှတ်ချက်။ ။ ပုံလေးတွေကတော့ အနော် လိုင်းပေါ်ကနေ ရှာပြီး လုပ်ထားရတာပါ။ ခု တင်ပေးတဲ့ ဆော့ဝဲလ်က
နမူနာ ပြထားတဲ့ ပုံတွေက သုံးထားတဲ့ ဆော့ဝဲလ်ထက် Version ပိုမြင့်သလို Tools တွေလည်း အသစ်တွေ ပါလာပါတယ်။
Full Version ဖြစ်အောင် အနော်ကိုယ်တိုင် လုပ်ထားတာပါ။ ဒီပို့စ်လေးကို လွတ်လပ်စွာ ကူးယူမျှဝေနိုင်ပါတယ်.......။
No comments:
Post a Comment
Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။