Monday 8 July 2013

Google.com.mm မှာ မြန်မာလို ဖတ်လို့ရအောင် လုပ်နည်း



Google က မြန်မာပြည်အတွက် www.google.com.mm ဆိုတဲ့ မြန်မာဘာသာနဲ့ ဖတ်ရှုရှာဖွေလို့ရတဲ့ စာမျက်နှာတစ်ခု

ဖွင့်ပေးခဲ့တာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် သုံးထားတဲ့ ဖောင့်တွေက Myanmar3 Unicode ဖောင့်ဖြစ်နေတဲ့အတွက်

ဇော်ဂျီဖောင့်သုံးတဲ့ ကျွန်တော်တို့ ဖတ်ရတာ အဆင်မပြေခဲ့ပါဘူး။ ဒါနဲ့ Myanmar3 ဖောင့်ကို Install လုပ်ကြည့်တယ်။

အဲဒါလည်း မရဘူးဗျ။ နောက် ဆိုဒ်တွေကို လိုက်မွှေကြည့်လိုက်တော့ Myanmar Font Tagger ဆိုတဲ့ Firefox Add-ons

လေးက Unicode ဖောင့်ရော Zawgyi-One ရော နှစ်မျိုးစလုံး ဖတ်ရတာ အဆင်ပြေတယ်ဆိုတာနဲ့ စမ်းကြည့်လိုက်တာ..


www.google.com.mm လိုပဲ တစ်ခြား Unicode နဲ့ ရေးထားတဲ့ ဝဘ်ဆိုဒ်တွေက စာတွေကိုလည်း ဖတ်ရတာ အရမ်းကို

အဆင်ပြေသွားပါပြီ။ ကဲ ကျွန်တော့် သူငယ်ချင်းတွေရော ကိုယ်လိုချင်တာတွေရှာဖို့ Google.com.mm ကို သုံးတဲ့အခါ

မြန်မာလို အဆင်ပြေစွာ ဖတ်ရှုနိုင်ဖို့ ဒီစာမျက်နှာလေးကို အရင် သွားလိုက်ပါ။ Add to Firefox ကို နှိပ်ပြီး နောက်ထပ်

Box လေး တက်လာရင် Install Now ကို နှိပ်ပါ။ ပြီးရင် Restart Now ကို ထပ်နှိပ်လိုက်ပါ။ အဲဒါဆိုရင် အဆင်ပြေပါပြီ။





ကျွန်တော်လို့ လိုချင်တာတွေရှိတဲ့အခါ မြန်မာဘာသာနဲ့ ဖော်ပြထားတဲ့ www.google.com.mm မှာ ရှာနိုင်ပါပြီ။



No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။