Saturday 31 August 2013

Flash Song များ၏ Resolution နှင့် ပက်သက်၍ အကြံပေးခြင်း

ကျွန်တော် အခုတလောမှာ Flash Song တွေရဲ့ Resolution နဲ့ ပက်သက်ပြီးတော့ နည်းနည်း လိုက်ပြီး လေ့လာမိတယ်။

Flash Song လုပ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် သီချင်းတွေလုပ်တဲ့အခါ Width နဲ့ Height တွေ မတူကြပါဘူး။

တစ်ချို့က ကိုယ်ထည့်မယ့် ပုံတွေ ၊ Effect တွေနဲ့ အဆင်ပြေမယ့် Width, Height နဲ့ လုပ်ကြတယ်။ တစ်ချို့ကျတော့

ကိုယ်လေးစား အားကျတဲ့ Flash Song Creator တွေ လုပ်တဲ့ Width, Height ကို ကြည့်ပြီး လုပ်ကြတာလည်း ရှိပါတယ်။

 နောက်ပြီး ကိုယ်တိုင်ပဲ Width, Height တွေ လိုက်စမ်းကြည့်ပြီး ကိုယ်ကြိုက်တဲ့ Resolution နဲ့ လုပ်တာတွေရောပေါ့..။

 အဲဒီလို ကြည့်တဲ့ နေရာမှာလည်း ကိုယ့် ကွန်ပျူတာ ၊ ကိုယ် သုံးနေတဲ့ Browser တွေ အပေါ် မူတည်ပြီး Resolution က

ပေါ်တာချင်း မတူတာပါဘူး။ ကိုယ်ကတော့ ကိုယ့်ကွန်ပျူတာနဲ့ ဖွင့်ကြည့်ပြီး ဒီဆိုဒ်ကတော့ ကြည့်လို့ကောင်းတယ်ဆိုပြီး

လုပ်လိုက်ပေမယ့် တစ်ခြား Resolution မတူတဲ့ ကွန်ပျူတာ တစ်ခုက ကြည့်မယ်ဆိုရင်တော့ ကြည့်ရတာ ကောင်းချင်မှ

ကောင်းတော့မှာပါ။ အဲဒီတော့ ကွန်ပျူတာတိုင်းမှာ ကြည့်လို့ အဆင်ပေမယ့် Resolution တစ်ခုတော့ ရှိသင့်တယ်ဆိုပြီး


ကျွန်တော် စဉ်းစားမိတယ်။ ဒါနဲ့ Google မှာ လိုက်ရှာလိုက်တော့ ကျွန်တော် တို့ အမြဲလိုလို ရောက်ဖြစ်တဲ့ YouTube မှာ

တင်ထားတဲ့ Video တွေရဲ့ Width, Height ကို နမူနာ အဖြစ် သတ်မှတ်လိုက်တာက အားလုံးအတွက် အဆင်ပြေမယ်လို့

ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ YouTube ဆိုရင် နိုင်ငံတော်တော်များများက လူတွေ သန်းပေါင်းမြောက်မြားစွာ

အသုံးပြုနေကြတာပါ။ ရုပ်ရှင် ဇာတ်ကားတွေ ၊ သီချင်းတွေ ၊ Software နဲ့ ပက်သက်တဲ့ Video ဖိုင်တွေ ၊ နည်းပညာနဲ့

ပက်သက်တဲ့ Tutorial  တွေ အစုံအလင် Video ဖိုင်တွေ Upload တင်ကြ ၊ ပြန်ရှယ်ကြတဲ့ မြန်မာပြည်က လူတွေရော

တစ်ခြား နိုင်ငံတွေကပါ အသုံးပြုနေကြတယ်ဆိုတာ အင်တာနက် အသုံးပြုနေတဲ့ သူငယ်ချင်းတွေ သိပြီးသား ဖြစ်မှာပါ။

အဲဒီမှာ ကိုယ် ကြည့်ချင်တဲ့ ဇာတ်ကားတွေ ၊ သီချင်းတွေ ကို ရှာဖွေပြီး ကြည့်တဲ့အခါ Width: 640; Height : 360 နဲ့ပဲ

ပေါ်ပေးပါတယ်။ အဲဒီ Resolution က တစ်ယောက်စိတ်ကြိုက် မဟုတ်ပဲ မြန်မာနိုင်ငံကလူတွေတင်မက တစ်ခြားနိုင်ငံက

လူတွေ အားလုံး ကြည့်နေကြတာဆိုတော့ ဒါက လူအများ ကြည့်ရှုလို့ အဆင်ပြေနေတယ်ဆိုတာ သိနိုင်လောက်ပါတယ်။

နမူနာ ကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ Day and Night ဆိုတဲ့ ကိုရီးယား သီချင်းလေးကို တင်ပေးလိုက်ပါတယ်။




ဒီ Video ရဲ့ Width က 640 ဖြစ်ပြီး Height ကတော့ 360 ပါ။ အောက်က Player က Height 30 ဖြစ်ပါတယ်။

အဲဒါက ဆိုဒ်တွေမှာ ကုတ်နဲ့ထည့်တဲ့အခါ ကြည့်ရတာ အရမ်းကို အဆင်ပြေပါတယ်။ Flash Song တွေဆိုရင်တော့

Browser တွေမှာ လင့်ကို နှိပ်ကြည့်ကြတာ များတော့ အဲဒီ Resolution ရဲ့ ၂ ဆ နဲ့ လုပ်မယ်ဆိုရင် အဆင်ပြေနိုင်တယ်။

သီချင်း လုပ်မယ်ဆိုရင် Width: 1280; Height: 720; နဲ့ လုပ်ပြီး နောက်  ကုတ်နဲ့ ထည့်တင်တဲ့အခါ  Width: 640;

Height: 360; နဲ့ တင်လိုက်ပေါ့ ။ ဒါဆို အနော်တို့ လုပ်တဲ့ Flash Song လေးက Browser မှာ ဖွင့်ကြည့်ရင်ရော၊ ကုတ်နဲ့

ထည့်တင်ရင်ပါ အကုန် အဆင်ပြေနိုင်မယ်လို့ ကျွန်တော်ရဲ့ အတွေးလေးကို သူငယ်ချင်းတို့ကို ပြောပြပေးလိုက်ပါတယ်။

အောက်က Flash Song လေးကတော့ ကျွန်တော် ဒီ သီချင်းလေးကို Resolution စမ်းထားတာလေးပါ။  အနော်ကတော့

 ထည့်မယ့် Effect လေးတွေနဲ့ အဆင်ပြေအောင် Width: 1280; Height: 780; နဲ့ လုပ်ထားတာပါ။ ကုတ်နဲ့ထည့်ပြီး

တင်တာကတော့ Width: 640; Height 390; နဲ့ပါ။ ကြည့်ရှု နားထောင်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

သီချင်းနာမည်က Day and Night ပါ။ အဆိုတော်တွေက T-ARA ဖြစ်ပါတယ်။ You Tube လင့်ကတော့ ဒီနေရာမှာ ပါ။




ဒီ သီချင်း လင့်လေး လိုချင်တယ်ဆိုရင်တော့ အောက်မှာ Play/ Stop ပါတာနဲ့ မပါတာ ၂ ခု လုပ်ထားပါတယ်။

Day and Night  [ Flash Song Link ]

Day and Night with Button [ Flash Song Link ]

Special Thank for Watching, Created by Thurainlin :)

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။