Wednesday 4 September 2013

Media Player Classic နှင့် Screenshot ရိုက်နည်း



ဒီနည်းလေးက Video ဖိုင်တွေ တင်ပေးနေတဲ့ သူငယ်ချင်းတွေအတွက် လိုအပ်မယ်လို့ ထင်ပါတယ်။ ကိုယ်တင်ပေးတဲ့

ဇာတ်ကားတွေ ၊ သီချင်း စတဲ့ Video ဖိုင်တွေကို မကြည့်ခင်မှာ ပုံလေးတွေနဲ့ အမြည်းသဘော ပြထားတဲ့ ပုံစံလေးပေါ့။

ဖွင့် ကြည့်မယ့်သူတွေကိုလည်း ပိုပြီး စိတ်ဝင်စားမှု ဖြစ်စေမယ်လို့လည်း ထင်ပါတယ်။ Screenshot ရိုက်ဖို့အတွက်တော့

Media Player Classic ဆိုတဲ့ Player ဆော့ဝဲလ်လေး လိုအပ်ပါတယ်။ မရှိသေးဘူးဆိုရင်တော့ အောက်မှဒေါင်းယူလိုက်ပါ။


Download: Media Player Classic


Media Player Classic နှင့် Screenshot ရိုက်နည်း

[ 1 ] ပထမဦးဆုံး Media Player Classic ဆော့ဝဲလ်လေးကို ဖွင့်လိုက်ပါ။ ပြီးရင် View ကနေပြီး Option ကို နှိပ်ပါ။



[ 2 ] Output ကနေ VMR9 (windowed) ကို ရွေးပြီး OK နှိပ်ပါ။



[ 3 ] ကိုယ် Screenshot ရိုက်ချင်တဲ့ Video ဖိုင်ကို Player ထဲ မောက်နဲ့ ဖိဆွဲပြီး ထည့်လိုက်ပါ။



[ 4 ] File ကနေ Save Thumbnails... ကို နှိပ်ပါ။ ပြီးရင် Screenshot ရိုက်ထားတဲ့ ပုံကို သိမ်းဖို့ နေရာရွေးပြီး OK နှိပ်ပါ။



အဲဒါဆို ဒီလို ပုံလေး ရလာပါလိမ့်မယ်။ နမူနာပြထားတဲ့ သီချင်းလေး နားထောင်ချင်တယ်ဆိုရင်တော့ ဒီနေရာကို နှိပ်ပါ။



မှတ်ချက်။        ။ Screenshot ရိုက်လို့ ရလာတဲ့ပုံများဟာ ဖိုင်ဆိုဒ်ကြီးနေတတ်ပါတယ်။ ဒီနေရာလေးက ဆော့ဝဲလ်နဲ့

ဖိုင်ဆိုဒ် ပြန်ချုံ့လိုက်ပါ။ အနော့်တုန်းက မူရင်းပုံ 2 MB ကျော်ကို ချုံ့လိုက်တာ 300KB ကျော်ကျော်ပဲ ရှိပါတော့တယ်။

သူငယ်ချင်းများ အားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ.. လာလည်ကြတဲ့အတွက်အထူးပဲ ကျေးဇူးတင်ရှိပါတယ်..။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။