Thursday 19 September 2013

Picasa Photo Viewer



ကျွန်တော်တို့ ကွန်ပျူတာထဲက ပုံလေးတွေကို ကြည့်တဲ့အခါ များသောအားဖြင့်တော့ Window Photo Viewer ကိုပဲ

အသုံးများကြပါတယ်။ ကျွန်တော်ကတော့ Google ရဲ့ Product တစ်ခုဖြစ်တဲ့ Picasa Photo Viewer ကို အသုံးပြုပါတယ်။

တစ်ခြား Photo Viewer တွေထက် Picasa Photo Viewer ရဲ့ အားသားချက်တွေက အများကြီးပါ။ လောလောဆယ်မှာ

ကျွန်တော် သိရသလောက်ကတော့  ကိုယ့်ကွန်ပျူတာထဲက ဓါတ်ပုံတွေ ကြည့်လို့ရတယ်။ ကြည့်လို့ ရတယ်ဆိုတာက


ဓါတ်ပုံ တစ်ပုံချင်းစီတင် မဟုတ်ပဲ Picasa Photo Viewer ဆော့ဝဲလ်ကို ဖွင့်လိုက်တာနဲ့ ကိုယ့်စက်ထဲက ပုံတွေအားလုံးကို

တစ်နေရာထဲမှာ ကြည့်လို့ ရတာက ထူးခြားချက် တစ်ခုပါ။ ပုံတွေကို Print ထုတ်လို့ရတယ်။ Edit လုပ်လို့ရော ရတယ်။

ပြီးတော့ ကိုယ့်သူငယ်ချင်းတွေဆီကို မေးလ် ပို့ပြီး ရှယ်လို့ ရတယ်၊ Upload တင်လို့လည်း ရပါတယ်။ အွန်လိုင်းပေါ်မှာ

Picasa Web Album လေးတွေ လုပ်ထားလို့လည်း ရပါတယ်။ ကျွန်တော်တို့ Blog မှာ ပို့စ်တွေရေးတဲ့အခါ ဓါတ်ပုံတွေ

တင်မယ်ဆိုရင် Picasa Web Album ကိုရွေးပြီး တင်လို့လည်း ရပါတယ်။ အောက်မှာ Screenshot လေးတွေ ကြည့်ပါ။













Picasa Photo Viewer ဆော့ဝဲလ်လေးကို သုံးချင်တယ်ဆိုရင်တော့ မူရင်းဆိုဒ်မှာရော အောက်မှာပါ ဒေါင်းယူနိုင်ပါတယ်။

Download: Picasa Photo Viewer 

Version: 3.9


Size: 14 MB

အားလုံးပဲ အဆင်ပြေ ပျော်ရွှင်ကြပါစေ.. ဒီပို့စ်လေးကို ပြန်ရှယ်မယ်ဆိုရင် ကျွန်တော့်ဆိုဒ်ကို Credit ပြန်ပေးကြပါလို့..။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။