Sunday 15 September 2013

Xilisoft YouTube Video Converter



ဒီ ဆော့ဝဲလ်လေးက YouTube Video တွေကို Download လုပ်နိုင်ပြီးတော့ ကွန်ပျူတာထဲက Video ဖိုင်တွေကိုလည်း

Convert လုပ်နိုင်ပါတယ်။ YouTube ကတော့ ကျွန်တော်တို့ ဇာတ်ကားတွေ ၊ သီချင်းတွေ ကြည့်ချင် ၊ ဒေါင်းချင်ရင်

အမြဲ သွားနေတာပဲ။  နိုင်ငံပေါင်းစုံကလူတွေ သုံးနေတာဆိုတော့ ဇာတ်ကားတွေ ၊ သီချင်းတွေကလည်း စုံတယ်လေ။

တစ်ချို့က သူတို့ ပြောပြချင်တဲ့ နည်းပညာလေးတွေကို  Video ရိုက်ပြီး Youtube မှာ Upload တင်တယ်။ ပြီးတော့မှ


 ဆိုဒ်တွေမှာ ပြန်ရှယ်တာပေါ့။ ဇာတ်ကားတွေ သီချင်းတွေ တင်ပေးနေတဲ့ Burmese Classic လို ဆိုဒ်တွေဆိုရင်လည်း

အဲလိုပဲ လုပ်ပြီး သူ့ဆိုဒ်မှာ ပြန်တင်တာပါ။ မြန်မာပြည်က လူတွေအတွက်ကတော့ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားတွေကို

အလွယ်တကူ ငှားကြည့်လို့ ရတယ်။ သီချင်းခွေတွေဆိုလည်း ဈေးပေါပါတယ်။ ကျွန်တော်တို့ နိုင်ငံခြား ရောက်နေတဲ့

လူတွေအတွက်ကျတော့ ခုလိုမျိုး အွန်လိုင်းပေါ်မှာ ပြန်ရှယ်မှပဲ ကြည့်လို့ ၊ နားထောင်လို့ လွယ်တာပါ။ ကိုယ်ကြိုက်တဲ့

သီချင်းတွေ တွေ့ရင်လည်း ဖုန်းနဲ့ နားထောင်လို့ ရအောင် ဒေါင်းယူထားချင်တယ်။ အဲဒီမှာ မဒေါင်းတတ်တော့ အဆင်

မပြေတော့ဘူးပေါ့ဗျာ။ ခုဒီ Xilisoft YouTube Video Converter လေးကတော့ Youtube Video တွေကို ဒေါင်းယူလို့ရော

နောက် Mp3, Mp4 စတဲ့ ဖော်မက်မျိုးစုံကိုလည်း ပြန်ပြောင်းလို့ ရပါသေးတယ်။ လိုချင်တယ်ဆိုရင်တော့ အောက်မှာ

ဒေါင်းယူနိုင်ပါတယ်။ မူရင်းဆိုဒ်မှာဆိုရင် ဒီဆော့ဝဲလ်ကို $29.95 နဲ့ ရောင်းစားတာပါ။  Free ဆိုရင် Trial Version ပဲ

ရပါတယ်။ ကျွန်တော်က ဒီကောင်လေးကို Full Version ဖြစ်အောင် လုပ်ပြီးမှ Portable လေး လုပ်ပေးလိုက်တာပါ။

Download: Xilisoft YouTube Video Converter

Version: 3.5.3 Build 20130712 [ Full Portable ]


Size: 30.4 MB

YouTube Video တွေကို ဒေါင်းယူနည်း

ကျွန်တော် Min Ga Lar Par ဆိုတဲ့ သီချင်းလေးကို အစမ်းဒေါင်းကြည့်ထားတာလေးကို နမူနာ ကြည့်လိုက်ပါနော်..။

ပထမဦးဆုံး ဆော့ဝဲလ်ကို  ဖွင့်ပြီးတော့ YouTube Logo ရဲ့နောက်က Search Box ထဲမှာ လိုချင်တဲ့ သီချင်းနာမည်ကို

ရိုက်ထည့်ပြီး ကီးဘုတ်က Enter ကီးကို နှိပ်လိုက်ပါ။ ဇာတ်ကားလိုချင်ရင်လည်း ဇာတ်ကား နာမည်ပေါ့..။



အဲဒါဆိုရင် ခုလို ကိုယ်ရှာလိုက်တဲ့ နာမည်နဲ့ သီချင်းတွေ ထွက်လာတာပေါ့။ အပေါ်ဆုံးမှာ တွေ့နေရပါပြီ..။


အဲဒီလင့်ကို နှိပ်ပြီးတော့ Video လေးကို နားထောင်ကြည့်လိုက်တယ်။ ကြိုက်တယ်ဆိုတော့ ဒေါင်းမယ်ပေါ့..



အောက်မှာ ဝိုင်းပြထားတဲ့ Download ပုံ လေးကို နှိပ်လိုက်တယ်ဆိုရင် အောက်ကလို တက်လာပါလိမ့်မယ်။

File Name ကို ပြောင်းချင်ရင်ပြောင်းပေါ့ ၊ Quality ကတော့ 720p, 480p, 360p, 240p,144p စတာတွေနဲ့ ဒေါင်းလို့

ရပါတယ်။ အဲဒါက Video ဖိုင်ရဲ့ Resolution ပါ။ Resolution ကြီးလေ Video ရဲ့ Size ကြီးလေပါ။ Min Ga Lar Par ဆိုတဲ့

သီချင်းဆိုရင် 720p ကို ဖိုင်ဆိုဒ် 97.29 MB , 360p ကို ဖိုင်ဆိုဒ် 22.76 MB နဲ့ 144p ဆိုရင် 2.57 MB ပဲ ရှိပါတယ်။

အဲဒီမှာ ကိုယ် တစ်ချက် စဉ်းစားရမှာက Video ကြည့်မှာလား ။ သီချင်း နားထောင်မှာလားပေါ့။ ရုပ်ကြည့်မယ်ဆိုရင်တော့

Quality ကောင်းဖို့ လိုအပ်ပါတယ်။ အနည်းဆုံး 360p နဲ့ ဒေါင်းပါ။ သီချင်း နားထောင်ချင်လို့ ဒေါင်းတာဆိုရင်တော့

144p နဲ့ ဒေါင်းပါ။ 2.57 MB ပဲ ရှိတယ်လေ။ အနော်ဆို အဲဒါနဲ့ ဒေါင်းပြီး mp3 ဖော်မက် ပြောင်းဖို့ လုပ်ထားလိုက်တယ်။

Save Download File to: ကတော့ ဒေါင်းပြီးရင် သိမ်းထားပေးမယ့်နေရာပါ။ Browse.. ကို နှိပ်ပြီး သိမ်းမယ့်နေရာကို

ရွေးပါ။ Convert ကတော့ ကိုယ်ဒေါင်းထားတဲ့ Video ကို ဘယ်လို ဖော်မက် ပြောင်းမလဲပေါ့။ အနော်ကတော့ mp3 ပါ။




အောက်မှာ အနော်ဒေါင်းထားတဲ့ Min Ga Lar Par ဆိုတဲ့ သီချင်းလေး ဒေါင်းလို့ ပြီးသွားပါပြီဗျာ.. ပြီးရင် တစ်ခါတည်း

သူက ကိုယ် Convert Format to မှာ ရွေးထားတဲ့  ဖော်မက်ကို တန်းပြောင်းပေးပါတယ်။ အဆင်ပြေကြပါစေဗျာ..



နောက် ကိုယ့်စက်ထဲက Mp4, Flv စတဲ့ Video ဖော်မက်တွေကိုလည်း ကိုယ်ပြောင်းချင်တဲ့ ဖော်မက် ပြောင်းနိုင်ပါတယ်။

အောက်မှာ ကျွန်တော် ဝိုင်းပြထားတဲ့ ပုံလေးကို နှိပ်ပြီးတော့ ကိုယ်ပြောင်းချင်တဲ့ Video ဖိုင်ကို ရွေးပြီး Open နှိပ်ပေါ့။



ပြီးရင် ကိုယ်ပြောင်းချင်တဲ့ ဖော်မက်လေး ရွေးပြီး ပြောင်းလိုက်ပေါ့ဗျာ။ ပြောင်းပြီးသားတွေက Converted မှာ ကြည့်ပါ။

ဒီဆော့ဝဲလ်လေးက သုံးရတာ တော်တော်လွယ်ပါတယ်။ မသိသေးတဲ့လူတွေအတွက် သေချာလေး ရှင်းပြပေးတာပါ။

အားလုံးပဲ အဆင်ပြေ ပျော်ရွှင်ကြပါစေဗျာ..။ လာလည်ကြတဲ့ သူငယ်ချင်းတွေကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။