Monday 23 September 2013

Zawgyi Font For Window 7 32 Bit/ 64 Bit / Window 8/ Android



ကျွန်တော်တို့ မြန်မာတွေရဲ့ ကွန်ပျူတာတွေ ဖုန်းတွေမှာ  မြန်မာစာတွေ ရေးဖို့ ဖတ်ဖို့ဆိုရင် ဇော်ဂျီ မြန်မာဖောင့်က

မရှိမဖြစ် လိုအပ်ပါတယ်။ အင်တာနက်သုံးပြီဆိုရင်လည်း ဂျီတော့ နဲ့ Facebook က ပြောစရာတောင် မလိုပါတော့ဘူး။

ကွန်ပျူတာတွေ ဖုန်းတွေကို စကိုင်လိုက်ပြီဆိုတာနဲ့ အရင်ဆုံးဖွင့်ကြတာပါပဲ။ ကိုယ့်ချစ်သူ ၊ ကိုယ့်သူငယ်ချင်းတွေနဲ့

စကားပြောမယ် ၊ နည်းပညာတွေ လေ့လာမယ်ဆိုရင်လည်း မြန်မာဝဘ်ဆိုဒ်တွေအားလုံးလိုလို ဇော်ဂျီမြန်မာဖောင့်ကိုပဲ

သုံးကြပါတယ်။ အဲဒီတော့ ကိုယ့် ကွန်ပျူတာ ကိုယ့်ဖုန်းမှာ ဇော်ဂျီ မြန်မာဖောင့် ရှိမှပဲ မြန်မာစာတွေ ဖတ်လို့ ရတာပါ။

မဟုတ်ရင် လေးထောင့်အတုံးလေးတွေပဲ ပေါ်နေတာများပါတယ်။ အဲဒါတွေ အားလုံး အဆင်ပြေချင်တယ်ဆိုရင်တော့


အောက်မှာ ကွန်ပျူတာအတွက် ဇော်ဂျီ မြန်မာဖောင့်ကို Window 7 32 Bit နဲ့ 64 Bit အပြင် Window 8 မှာပါ သုံးလို့ 

ရတာရော Android ဖုန်းတွေအတွက် Apk လေးတွေကိုပါ အစုံ တင်ပေးလိုက်ပါတယ်။ လိုအပ်ရင် ဒေါင်းယူလိုက်ကြပါ။

ကိုယ့်ကွန်ပျူတာကို 32 Bit လား 64 Bit လားဆိုတာ သိချင်တယ်ဆိုရင်တော့ Computer ကို Right Click လုပ်ပြီးတော့

Properties ကို ကလစ်ပါ။ System type: မှာ 64-bit Operating System ဆိုရင် 64 Bit ပေါ့ဗျာ။ ဒါဆို သိလောက်ပါပြီ။



Download: Zawgyi Font For Window 7 32 Bit / 64 Bit

Download: Zawgyi Keyboard [ Winodw 7 64 Bit/ Window 8 ]

Download: Zawgyi Font For Android App

Download: FrozenKeyboard

Window 7 32 Bit ဆိုရင် အပေါ်ဆုံးက ဒေါင်းလုပ်လင့်က ဆော့ဝဲလ်ကို Install လုပ်ပြီးတာနဲ့ မြန်မာလို ရေးလို့ ဖတ်လို့

ရပါပြီ။ Window 7 64 Bit နဲ့ Window8 ဆိုရင်တော့ Zawgyi Keyboard ကိုပါ Install ထပ်လုပ်ပေးဖို့ လိုအပ်ပါတယ်။

မဟုတ်ရင် မြန်မာစာကို ဖတ်လို့ပဲ ရပြီး ရေးလို့ ရမှာမဟုတ်ပါဘူး။ အောက်မှာ အနော် မြားပြထားတဲ့ ဆော့ဝဲလ်ကို

Install လုပ်ပေးပါ။ Android ဖုန်းတွေကို ဇော်ဂျီဖောင့်ထည့်နည်း မသိဘူးဆိုရင် ဒီနေရာလေးကို သွားဖတ်လိုက်ပါ။



အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ.. လာလည်တဲ့အတွက် ကျေးဇူးအထူးပါ။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။