Thursday 31 October 2013

သီချင်း ချစ်သူများအတွက် သတင်းကောင်း

ကျွန်တော် ဆိုဒ်မှာ Mp3 သီချင်းတွေကို Album လိုက်ဖြစ်ဖြစ် အဆိုတော် တစ်ယောက်ရဲ့ သီချင်းတွေ သီးသန့်စုစည်းမှု

တစ်ခုဖြစ်ဖြစ် လုပ်ပြီး တင်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ Mp3 သီချင်းတွေ တင်ပေးနေတဲ့ ဆိုဒ်တွေကတော့

အများကြီးပါ။ သူတို့က သီချင်းကို ကွာလတီကောင်းကောင်း အနည်းဆုံး 128 kbps နဲ့ တင်ပေးတာကြတာ များတယ်။

တစ်ချို့ဆို 192 kbps နဲ့ နောက် 320 kbps နဲ့ပါ တင်ပေးတဲ့ဆိုဒ်တွေလည်း ရှိပါတယ်။ အဲဒီတော့ သီချင်းတစ်ပုဒ်တင်

4 MB, 7 MB , 10 MB အဲလိုတွေ ဖြစ်နေတာဆိုတော့ လိုင်းမကောင်းတဲ့ သူငယ်ချင်းတွေအတွက် အဆင်မပြေနိုင်ဘူး။

ကျွန်တော်ကတော့ mp3 သီချင်းတွေကို 64 kbps နဲ့ ဆိုဒ်ချုံ့လိုက်တော့ အလွန်ဆုံး 3 MB လောက်ပဲ ရှိတော့တယ်။

တစ်ချို့သီချင်းတွေဆို 1 MB ကျော်ကျော်လေးပါပဲ။ ကွာလတီက သိပ်တော့မကွာပါဘူး။ အသံလေးပဲ နည်းနည်းလေး

တိုးသွားတာ ဖြစ်နိုင်ပါတယ်။ တစ်ပုဒ် နှစ်ပုဒ်က မသိသာပေမယ့် သီချင်းတစ်ပုဒ်ကို 4 MB နဲ့ 10 ပုဒ် ဒေါင်းမယ်ဆိုရင်


 40 MB ဖြစ်သွားပါလိမ့်မယ်။ 2 MB ပဲရှိမယ်ဆိုရင် 10 ပုဒ်ကို 20 MB ပေါ့။ အပုဒ် 20 တောင် ဒေါင်းလို့ ရနိုင်ပါတယ်။

အဲဒီတော့ လိုင်းသိပ်မကောင်းလည်း သီချင်းအပုဒ်ရေ အများကြီး ဒေါင်းယူလို့ ရနိုင်တယ်။ ခု စဉ်းစားမိတာတစ်ခုက

ကျွန်တော် 64kbps နဲ့ တင်ပေးထားတဲ့ သီချင်းတွေကို Converter နဲ့ 128 kbps ပြန်ပြီး ပြောင်းလိုက်မယ်ဆိုရင်ရော

ကွာလတီက မူရင်း 128 kbps အတိုင်း ပြန်ဖြစ်လာနိုင်သလား ဆိုတာကိုပါ။ အဲဒါဆိုရင်တော့ သူငယ်ချင်းတို့အတွက်

အကောင်းဆုံးပေါ့။ ကျွန်တော့် အင်တာနက်လိုင်းကလည်း အရမ်းကြီးတော့ မကောင်းဘူး။ သီချင်းက လိုင်းပေါ်ကပဲ

ရှာဒေါင်းပြီးတော့ ပြန်တင်ပေးရတာဆိုတော့ Download က 20 MB ဆို Upload တင်တာကလည်း 20 MB အဲလိုမျိုး

လိုင်းစားမယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆိုဒ်ကို လာလည်ကြတဲ့ သူငယ်ချင်းတွေ ကိုယ်လိုချင်တဲ့

သီချင်းလေးတွေကို ဆိုဒ်မှာတင်ပဲ နားထောင်လို့ရော ဒေါင်းယူလို့ လွယ်ကူအောင် လုပ်ပေးချင်တဲ့ စိတ်လေးနဲ့

ခုလိုမျိုး မြန်မာအဆိုတော်တွေရဲ့ သီချင်း Album လိုက်ဖြစ်ဖြစ် သူတို့သီချင်း စုစည်းမှုလေးတွေဖြစ်ဖြစ် လုပ်ပြီး

တင်ပေးဖို့ အစီအစဉ်လေး လုပ်လိုက်တာပါ။ အဲဒီတော့ သူငယ်ချင်းတို့ အရမ်းကြိုက်တဲ့ အဆိုတော်တွေရဲ့ သီချင်း

Album တစ်ခုခု ဒါမှမဟုတ် သူ့ရဲ့သီချင်းလေးတွေ သီးသန့်စုတင်ပေးတာမျိုးကို ဒီနေရာလေးမှာ တောင်းဆိုနိုင်ပါပြီ။

အင်္ဂလိပ်သီချင်းတွေ လိုချင်ရင်တော့ တစ်ပုဒ်စီပဲ ရပါမယ်။ Album လိုက် မတင်ပါ။ အားလုံးကို ကျေးဇူးအထူးပါ..။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။