Friday 4 October 2013

မိုးကဗျာရဲ့ Flash Song ထဲမှ ပုံလေးများ ၂



ဒီနေ့တော့ Flash Song လေးတွေကို ဒီဇိုင်းလှလှလေးတွေနဲ့ ဖန်တီးတတ်တဲ့ သူငယ်ချင်း မိုးကဗျာက သူဖြတ်ထားတဲ့

ပုံလေးတွေကို တစ်ခြား Flash Song ဝါသနာရှင်တွေ အသုံးပြုနိုင်အောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အရင်က

ဒီနေရာလေးမှာ လည်း သူဖြတ်ထားတဲ့ ပုံလှလှလေးတွေ တင်ပေးခဲ့ဖူးပါသေးတယ်။ ခုက နောက်ထပ် အသစ်တွေပါ။

ဖြတ်ထားပြီးသားလေးတွေဆိုတော့ အဆင်သင့် သုံးရုံပါပဲ။ လိုချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ ဒေါင်းယူနိုင်ပါတယ်။

လောလောဆယ်တော့ ၁၃ ပုံပဲ တင်ထားရပါသေးတယ်တဲ့ ။ နောက်ဖြတ်ပြီးရင်လည်း အဲဒီလင့်မှာပဲ ထပ်တင်ပေးမှာပါ။

ပြီးတော့ ကျွန်တော် သဘောကျတဲ့ ကောင်မလေးပုံလေးတွေကို ဖြတ်ပေးထားတာတွေကိုလည်း တင်ပေးလိုက်ပါတယ်။

လိုချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ ဒေါင်းယူကြပါ။ အောက်မှာ အနော်အကြိုက်ဆုံး တစ်ပုံ တင်ပေးထားပါတယ်.. ။





ပုံလေးတွေကို စိတ်ရှည်ရှည်နဲ့ သေချာလေး ဖြတ်ပေးတဲ့ သူငယ်ချင်း မိုးကဗျာကို ကျေးဇူးအများကြီး တင်ပါတယ်လို့..။

Flash Song ဝါသနာရှင်များအားလုံး အစစအရာရာ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။