Friday 11 October 2013

Google Play Store က Android App တွေကို ကွန်ပျူတာနဲ့ ဒေါင်းယူနည်း



ကျွန်တော် ဒီနေ့ Google Play Store က Android App တွေကို ကွန်ပျူတာနဲ့ဒေါင်းယူတဲ့နည်းလေးကို ပြောပြမှာပါ။

ပုံမှန်အတိုင်းဆိုရင် Google Play က App တွေကို ဖုန်းတွေနဲ့ပဲ တစ်ခါတည်း Install လုပ်တဲ့နည်းနဲ့ ဒေါင်းယူရပါတယ်။

တစ်ချို့ဆော့ဝဲလ်ကောင်းလေးတွေကျတော့ ပိုက်ပိုက်ပေးမှ ဒေါင်းလို့ရတာလေ။ ဒီဆော့ဝဲလ်လေးကတော့ အားလုံးကို


အလွယ်တကူ ရှာဖွေ ဒေါင်းယူလို့ ရပါတယ်။ သူငယ်ချင်းတွေကို ပြန်ရှယ်မယ်ဆိုရင်လည်း လွယ်တာပေါ့နော်။ ဖုန်းနဲ့ဆို

Install လုပ်ထားတဲ့ App တွေကို Apk ဖိုင်လေးတွေ ရအောင် Backup လုပ်တဲ့ ဆော့ဝဲလ်လေးတွေ ထပ်သုံးရသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကွန်ပျူတာပဲ အသုံးများတာဆိုတော့ ဒီလို Google Play Store က App တွေကို

ကွန်ပျူတာနဲ့ ဒေါင်းယူနိုင်တဲ့ နည်းလေးကို တော်တော်လေးသဘောကျတာနဲ့ သူငယ်ချင်းတွေကို ပြန်ရှယ်ပေးတာပါ။

ခု ကျွန်တော် ဒေါင်းတဲ့နည်းက ဆော့ဝဲလ် ၃ ခုအသုံးပြုဖို့ လိုအပ်ပါတယ်။ အောက်မှာ ဒေါင်းယူပြီး လုပ်ကြည့်လိုက်ပါ။

ပထမဦးဆုံး သင့်ကွန်ပျူမှာ Java 7 Update 40 ဆော့ဝဲလ်ကို ဒီနေရာလေးမှာ ဒေါင်းပြီးတော့ Install လုပ်ပါ။ ပြီးရင်..

Real APK Leecher v1.3.6 ကို ဒီနေရာမှာ ဒေါင်းပြီးတော့ မြားလေးထိုးပြထားတာတဲ့ ဆော့ဝဲလ်ကို ၂ ချက် ကလစ်ပါ။



General Info မှာ သင့်ဖုန်းမှာ Sign In လုပ်ထားတဲ့ Email လိပ်စာ ၊ Password နဲ့ Device ID ကို ရေးထည့်ရပါမယ်။

Default language/country မှာ ကိုယ်နေထိုင်တဲ့ နိုင်ငံရွေးပါ။ Choose default folder to save downloaded apps:

ဒေါင်းပြီးတဲ့ App ကို သိမ်းမယ့်နေရာရွေးပါ။ ပြီးရင် Save ကို နှိပ်လိုက်ရင် ရပါပြီ။ ကိုယ်သုံးနေတဲ့ဖုန်းရဲ့ Device ID  ကို

အလွယ်တကူသိဖို့အတွက်က  ဒီနေရာမှာ Device ID ဆိုတဲ့  App လေးကို ဖုန်းမှာ Install လုပ်ပြီး ကြည့်နိုင်ပါတယ်။



Device ID App Screenshot



အပေါ်က အဆင့်တွေ အားလုံးလုပ်ပြီးသွားပြီဆိုရင်တော့ ဒီအတိုင်းလေး ပေါ်လာပါလိမ့်မယ်။ အောက်က ဝိုင်းပြထားတဲ့

နေရာမှာ ကိုယ်လိုချင်တဲ့ App ကို Vendor name, Package name, Custom ရွေးပြီး ရှာပါ။  ပေါ်လာပြီဆိုရင်တော့

Right Click >> Download this app ကို နှိပ်လိုက်တာနဲ့ စပြီး ဒေါင်းနေပါလိမ့်မယ်။ အားလုံးပဲ အဆင်ပြေကြပါစေလို့..




ဒေါင်းပြီးသွားရင်တော့ ဒီလိုမျိုးလေးပေါ့။ ကိုယ်သိမ်းဖို့ ရွေးထားတဲ့နေရာမှာ သွားကြည့်လိုက်တော့။ ရောက်နေပြီေိေိ



ဒီပို့စ်ကို ပြန်လည်မျှဝေမယ်ဆိုရင် ကျွန်တော့်ဆိုဒ် http://itwebcrazyboy.blogspot.com/ ကို Credit ပြန်ပေးကြပါရန်။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။