Sunday 20 October 2013

Web Page တစ်ခုက ပုံတွေအားလုံးကို တစ်ချက်တည်းနဲ့ ဒေါင်းယူနည်း



ကျွန်တော် ဒီနေ့ ပြောပြမှာက Web Page တစ်ခုက ပုံတွေအားလုံးကို တစ်ချက်တည်းနဲ့ ဒေါင်းယူတဲ့နည်းလေးပါ။

ဆိုဒ်မှာ Flash Song နဲ့ ပက်သက်တာလေးတွေ စုံအောင် တင်မယ်ဆိုတော့ ပုံလေးတွေ တင်ဖို့ရော ရှာဖြစ်ပါတယ်။

အရင်တုန်းကတော့ ဆိုဒ်တွေက ဟိုတစ်ပုံ ဒီတစ်ပုံ လှတယ် ထင်တာလေးတွေ လိုက်ဒေါင်းပြီး စုထားရတာပေါ့။ နောက်


သူငယ်ချင်း မိုးကဗျာ တော့ သူ့ Flash Song လေးတွေထဲမှာ သုံးထားတဲ့ ပုံလေးတွေဆိုရင် ပန်းချီဆန်ဆန်လေးတွေနဲ့..

အနော် သဘောကျတာနဲ့ ဘယ်ဆိုဒ်တွေက သွားဒေါင်းတာလဲ မေးတော့ သူက ဆိုဒ်လင့်တစ်ခုပေးတယ်။ အဲဒီမှာဆိုရင်

ဒီအောက်က ပုံမျိုးလေးတွေချည်း တင်တာဆိုတော့ အနော်ဆို ပုံတွေ အားလုံးလိုလို ဒေါင်းပြီး သိမ်းထားဖြစ်သွားတယ်။





ကိုယ်က Flash Song မလုပ်ပေမယ့် ဒီလို ပုံလေးတွေကို အရမ်းသဘောကျလို့ပါ။ ပြီးတော့ သူငယ်ချင်းတွေကို ပြန်ပြီး

ရှယ်ပေးချင်လို့။ အနော့်တုန်းကဆို တစ်ပုံချင်းစီ ဒေါင်းခဲ့ရတာပါ။ အများကြီးဆိုတော့ လက်အံတွေကို သေသွားတာပဲ။

နောက်နေ့တွေကျရင် အဲလို ပုံလေးတွေကို ပုံ ၃၀ လောက်စီ ပြန်တင်ပေးမှာပါ။ အရင်ကတော့ သူငယ်ချင်း မိုးကဗျာက

သူ ဖြတ်ထားတဲ့ ပုံလေးတွေ တင်ပေးသေးတယ်။ ဖြတ်ထားတာ သေသပ်သလို အဆင်သင့် တန်းသုံးလို့ ရတာပေါ့နော်။

သူက တစ်ပုံချင်း အချိန်တွေ အများကြီးပေးပြီး ဖြတ်ထားရတာလေးတွေဆိုတော့ အဲဒီတုန်းက ဒီ Web Page တစ်ခုက

 ပုံတွေအားလုံးကို တစ်ချက်တည်းနဲ့ ဒေါင်းယူနည်းလေး ကို မပြောပြခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အလွယ်ရရင် တန်ဖိုး

မထားကြတော့မှာ စိုးလို့ပါ။ သူကတော့ ဘယ်လိုရှယ်ရှယ် ခွင့်ပြုပါတယ်တဲ့။ ဘာပဲဖြစ်ဖြစ် စေတနာကို တန်ဖိုးထားပြီး

လေးစားပေးကြစေချင်ပါတယ်။ အရမ်းတော်တဲ့ ပညာရှင်ကြီးတွေဆိုရင် ဘယ်သူမှ အဲလောက် စေတနာမကောင်းပါဘူး။

ခုတော့ သူလည်း အလုပ်တွေများနေတာဆိုတော့ ပုံတွေအများကြီးကို မဖြတ်ပေးနိုင်တော့ပါဘူး။ ပုံ ဖြတ်နည်းပဲ ရေးပြီး

တင်ပေးတော့မယ်ပြောတယ်။ သူရေးပြီးရင်တော့ ဆိုဒ်မှာ ရှယ်ပေးဖို့ ပြောပါဦးမယ်။ ခုဒီနေ့တော့ Web Page တစ်ခုက

ပုံတွေအားလုံးကို တစ်ချက်တည်းနဲ့ ဒေါင်းယူနည်းလေး ပြောပြပေးပါမယ်။ ပုံလေးတွေ ဒေါင်းဖို့ ဒီနေရာလေး ကို သွား။

အဲဒီ ပို့စ်မှာ ကျွန်တော် ပုံလေးတွေကို Google Drive က ရှယ်ပေးထားပါတယ်။ ပုံမှန်အတိုင်းဆို တစ်ပုံချင်းပဲ ဒေါင်းပြီး

ယူရမှာပါ။ ခုနည်းလေးနဲ့ဆို တစ်ချက်ကလစ်ရုံနဲ့ တစ်ခါတည်း ဒေါင်းသွားပါလိမ့်မယ်။ ကဲ ပထမဦးဆုံး ဒီနေရာလေးကို

သွားလိုက်ပါ။ DownThemAll ဆိုတဲ့ Firefox Add On လေး ကို + Add to Firefox ကို နှိပ်ပြီး ဒေါင်းလိုက်ပါ။ ပြီးရင်...



ဒုတိယ အဆင့်အနေနဲ့ Install Now ဆိုတဲ့ Button လေးကို နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် ရပါပြီ။



ပုံတွေ ဒေါင်းမယ်ဆိုရင် ကိုယ် ဒေါင်းယူမယ့် ဝဘ်ဆိုဒ်မှာ Right Click >> DownThemeAll ! ကို နှိပ်ပါ။



Save Files in: မှာ ကိုယ် ပုံတွေ သိမ်းမယ့်နေရာ ရွေးပေးပါ။  ပြီးရင် Start ကို နှိပ်လိုက်ပါ။ ဒါဆို စဒေါင်းနေပါလိမ့်မယ်။

( မှတ်ချက် ။      ။ 
မလိုချင်တဲ့ ပုံတွေဆိုရင် အမှတ်ခြစ်ဖြုတ်ပြီး မဒေါင်းပဲ ထားနိုင်ပါသည်။ )



ကဲ ခုဆို တစ်ပုံချင်း စဒေါင်းနေပါပြီဗျာ။ သီချင်းလေး နားထောင်ရင်း ထိုင်ကြည့်နေရုံပါပဲ။ လွယ်လိုက်တာ ဟဲဟဲ



အကုန်လုံးဒေါင်းပြီးသွားပြီ ဆိုရင်တော့ ကွန်ပျူတာထဲက ကိုယ်ရွေးထားတဲ့ နေရာလေးမှာ ဒီလိုလေး တွေ့ရပါပြီ။

ဒီနည်းအတိုင်း ဘယ်ဝဘ်ဆိုဒ်က ပုံတွေကို မဆို တစ်ချက်ကလစ်ရုံနဲ့ ဒေါင်းယူနိုင်ပါကြောင်း။ အဆင်ပြေကြပါစေဂျာ။



မှတ်ချက်။            ။ ဒီပို့စ်လေးကို ကူးယူမယ်ဆိုရင် အနော့်ဆိုဒ်ကို ပြန်လည် Credit ပေးကြပါရန်။ ကျေးဇူးအထူးပါ ။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။