Saturday 30 November 2013

သူငယ်ချင်းများသို့ အသိပေးစာ

ကျွန်တော်ဒီဆိုဒ်လေးကို လာရောက် လည်ပတ်ကြတဲ့ သူငယ်ချင်းတွေကို ကြိုတင်ပြီး အသိပေးချင်တာလေး ရှိပါတယ်။

အဲဒါကတော့ 02/01/2014 နေ့ကျရင် ကျွန်တော် မြန်မာပြည်ကို အပြီးပြန်တော့မယ့်အကြောင်းပါ။ ဒီနေ့ မနက်လေးကပဲ

လေယာဉ်လက်မှတ် ဖြတ်ထားပါပြီ။ ပြန်ဖို့ရက်ကတော့ ၁ လလောက် လိုပါသေးတယ်။ ဒီကြားထဲမှာ တတ်နိုင်သလောက်

ပို့စ်လေးတွေ တင်ပေးပါဦးမယ်။ နောက်ပိုင်းကျရင်တော့ သူငယ်ချင်း မိုးကဗျာက သူ ကောင်းမယ်ထင်တဲ့ ပို့စ်လေးတွေ

ဆက်တင်ပေးပါလိမ့်မယ်။ သူကတော့ Flash Song လုပ်တာကျွမ်းတော့ Flash Song နဲ့ပက်သက်တဲ့ နည်းပညာတွေ ၊

Flash Effect တွေ ၊ ပုံလေးတွေ များများတင်ပေးနိုင်ပါလိမ့်မယ်။ အသုံးဝင်မယ့် ဆော့ဝဲလ်တွေနဲ့ ၊ Mp3 သီချင်းလေးတွေ

တင်ပေးဖို့လည်း ပြောထားပါတယ်။ နောက်ပိုင်းကတော့ သူ့ကိုပဲ အားကိုးရမှာပါ။ ဒီဆိုဒ်နဲ့ ပက်သက်တာတွေ အားလုံးကို

သူပဲ တာဝန်ဆက်ယူပါလိမ့်မယ်။ ကျွန်တော်တို့က နည်းပညာရှင်တွေ မဟုတ်သလို ၊ စာအရေးအသားလည်း သိပ်တော့

မကောင်းပါဘူး။ ဒါပေမယ့်လည်း ကိုယ်လေ့လာလို့ သိထားတဲ့ နည်းပညာတွေ ၊ ကိုယ်ရှာဖွေပြီး သုံးကြည့်လို့ ကောင်းတဲ့

ဆော့ဝဲလ်တွေ ၊ သူငယ်ချင်းတွေအတွက် အသုံးဝင်မယ်ထင်တာလေးတွေကို စေတနာနဲ့ ပြန်လည် မျှဝေပေးနေတာပါ။

ဒါ့ကြောင့် ကျွန်တော်တို့ကို ပညာစမ်းတာ ၊ လှောင်ပြောင်တာ ၊ နှောက်ယှက်တာတွေ မလုပ်ဖို့ အထူး မေတ္တာရပ်ခံပါတယ်။

လာရောက် လည်ပတ် အားပေးနေကြတဲ့ သူငယ်ချင်း မောင်နှမများ အားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်.. Thurainlin

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။