Saturday 16 November 2013

မြန်မာသီချင်းစာသား ဝဘ်ဆိုဒ်များ

Flash Song တစ်ပုဒ်ဖန်တီးတော့မယ်ဆိုရင် ကိုယ်လုပ်မယ့် သီချင်းရဲ့ စာသားတွေကို YouTube က ဗွီဒီယိုတွေမှာ

သွားကြည့်ပြီးတော့ ကူးရေးလို့လည်း ရပါတယ်။ စာသားပါတဲ့ သီချင်းတွေက များပါတယ်။ တစ်ချို့ ရှာလို့မရတဲ့

သီချင်းတွေကျတော့ အသံကို နားထောင်ပြီးတော့ ရေးရတာတွေလည်း ရှိပါတယ်။ အဲဒါမျိုးတွေကျတော့ သီချင်း

စာသားတွေ ၊ စာလုံးပေါင်းတွေ မှားနေကြတာ များတယ်။ ပြီးတော့ ရေးရတာလည်း အချိန်တော်တော်ကြာပါတယ်။

ဒီနေ့တော့ ကျွန်တော်ရှာတွေ့တဲ့ မြန်မာသီချင်းစာသားတွေ တင်ပေးနေတဲ့ ဆိုဒ်လေးတွေကို ပြောပြချင်ပါတယ်။


[ 1 ]  http://www.mmlyrics.com/

ဒီဆိုဒ်လေးက သီချင်းစာသားတွေကို Guitar Chords တွေနဲ့ရော တင်ပေးထားတဲ့အတွက် ဖလပ်သီချင်းလုပ်နေတဲ့

သူငယ်ချင်းတွေအတွက် အသုံးဝင်မှာ ဖြစ်သလို Guitar တီးနေတဲ့ သူငယ်ချင်းတွေအတွက်လည်း အဆင်ပြေပါလိမ့်မယ်။

အငဲ ၊ ဗဒင် ၊ ဒိုးလုံး ၊ ထူးအိမ်သင် ၊ ခင်မောင်တိုး ၊ ခင်ဝမ်း ၊ လေးဖြူ ၊ မဒီ ၊ မာရဇ္ဖ ၊ မျိုးကြီး ၊ မျိုးကျော့မြိုင် စတဲ့

အဆိုတော်တွေရဲ့ သီချင်းတွေ အများကြီး ရှိပါတယ်။ ခုခေတ် အဆိုတော်တွေတော့ တင်ထားတာ သိပ်မရှိပါဘူး။


[ 2 ] http://mmlyric.blogspot.com/


ဒီဆိုဒ်လေးကို ကျွန်တော် တော်တော်လေးကို သဘောကျတယ်။ သူက သီချင်းစာသားတွေကို တစ်ခြားဆိုဒ်တွေလို

ပုံတွေမှာ စာရေးထားတာမဟုတ်ပဲ စာသားတွေကို ရိုက်တင်ပေးထားတာဆိုတော့ Flash Song လုပ်ရင် ကော်ပီကူးပြီး

ထည့်လိုက်ရုံပဲ။ အဆိုတော် 220+ ရဲ့ မြန်မာသီချင်းစာသားသီးသန့် (1300++) ပုဒ် တင်ထားပါတယ် တဲ့။ အဲဒီတော့

သူငယ်ချင်းတို့အတွက် ဒီဆိုဒ်လေးက တော်တော်လေးကို အသုံးဝင်မှာပါ။ တစ်ခြားသီချင်းစာသားဆိုဒ်လင့်တွေရော

တင်ပေးထားတာ တွေ့ရပါတယ်။ တစ်ကယ်လို့ ကိုယ်လိုချင်တဲ့သီချင်းက သူ့ဆိုဒ်မှာ မရှိရင် ထပ်ပြီး ရှာလို့ရတာပေါ့။


[ 3 ] http://lyrics.mtvmyanmar.net/

http://www.mtvmyanmar.net/ ရဲ့ ဆိုဒ်ခွဲတစ်ခုပါပဲ။ မြန်မာသီချင်းအသစ်တွေရဲ့ စာသားတွေ အများကြီးရှိပါတယ်။

ပြီးတော့ မြန်မာ Mp3 သီချင်းတွေကို အသစ်ထွက်တိုင်း တင်ပေးနေသလို အင်္ဂလိပ်သီချင်းတွေလည်း ရှိပါတယ်ဗျာ။

သီချင်း Album လိုက်တွေရော ၊ အဆိုတော်တွေရဲ့ Song Collection တွေရော အစုံဆုံးလို့ ပြောလို့ရတဲ့ ဆိုဒ်တစ်ခုပါပဲ။


[ 4 ] http://myanmarguitarchords.wordpress.com/

ဒီဆိုဒ်မှာလည်း အဆိုတော် တော်တော်များများရဲ့ သီချင်းစာသားတွေ တင်ထားတာ တွေ့ရပါတယ်။ Album လိုက်ရော ၊

တစ်ပုဒ်ချင်းစီ စာသားတွေရော တော်တော်လေးကို စုံပါတယ်။ ဟိုအရင်က သီချင်းတွေရော ခုနောက်အသစ်ထွက်တဲ့

သီချင်းတွေပါ ရှိပါတယ်။ Guitar Chords တွေရော ပါတာဆိုတော့ Guitar တီးတဲ့လူတွေအတွက်ရော အဆင်ပြေမှာပါ။

ကဲ အဲလောက်ဆို ကိုယ်ကြိုက်တဲ့ သီချင်းရဲ့ စာသားတွေ ရှာလို့ ရလောက်ပြီ ထင်ပါတယ်။အားလုံးပဲ အဆင်ပြေကြပါစေ။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။