Thursday 7 November 2013

Firefox 22.0 နှင့် Update မတက်အောင် လုပ်နည်း



ကျွန်တော်တို့ အင်တာနက်သုံးပြီး ဝဘ်ဆိုဒ်တွေကို ဝင်ရောက်ကြည့်ရှုဖို့ အသုံးပြုကြတဲ့ Browser တွေထဲမှာဆိုရင်

လူသုံးအများဆုံးက Google Chrome နဲ့ Mozilla Firefox ပါ။ ကျွန်တော်ကတော့ အင်တာနက်စသုံးကတည်းက

Mozilla Firefox နဲ့ပဲ သုံးခဲ့တာ ခုထက်ထိ အဲဒါပဲ အမြဲ သုံးပါတယ်။ သုံးရတာ ရိုးရှင်းပြီး လွယ်ကူ အဆင်ပြေတယ်။

အရမ်းကို အသုံးဝင်တဲ့ Add On တွေ အများကြီးရှိတယ်။ ပြီးတော့ Theme လှလှလေးတွေလည်း အများကြီးပေါ့။

ကျွန်တော် နောက်နေ့ကျရင် Firefox Add On တွေထဲက အသုံးဝင်တဲ့ Add On တစ်ချို့အကြောင်းရေးပါဦးမယ်။

Firefox က ဒီနောက်ပိုင်း Version အသစ်တွေ မကြာခဏထွက်တာ ခု Latest Version ဆိုရင် 26 တောင်ရှိပါပြီ။

အဲဒါကို ဘာလို့ ဗားရှင်းအဟောင်းဖြစ်တဲ့ Firefox 22.0 ကြီးကို လာတင်ရတာလဲဆိုတော့ အကြောင်းရှိတယ်ဗျ။

ကုတ်ရေးတဲ့သူငယ်ချင်းတွေဆို သိမှာပါ။ စာသားတွေခုန်တဲ့ text-decoration: blink; or <blink></blink> က

23 ဆို မခုန်တော့ဘူး။ ကိုယ်က ခုန်နေတာလေးကို သဘောကျလို့လေ။ အဲဒါကြောင့် Version 22 ပဲသုံးတယ်။

ပြီးတော့ Java ကုတ်တွေ အလုပ်မလုပ်အောင် လုပ်တဲ့ Enable JavaScript က 23 အထက်ကို မပါတော့ပါဘူး။

တစ်ချို့ဆိုဒ်တွေက ပို့စ်တွေ ၊ ကုတ်တွေ ကူးမရအောင် Java ကုတ်နဲ့ ပိတ်ထားတာဆို အဲဒါလေးနဲ့ ဖွင့်ပြီးတော့

ကူးလို့ရတယ်။ အဲ တော်ကြာ ခိုးနည်းသင်ပေးတယ် ဖြစ်နေဦးမယ်။ ဒါက Firefox Version နဲ့ဆိုင်လို့ ပြောပြတာ။



ကိုယ်က Version အဟောင်းလေးသုံးနေကျဆိုတော့ အဆင်ပြေနေတုန်း Latest Version ကို Update ဖြစ်သွားရင်

Firefox က Version အသစ်ဖြစ်သွားရောပေါ့။ အဲဒီမှာ အရင်က သုံးနေတဲ့ Add On တွေ သုံးမရတော့တာတို့ နောက်

အရင်နဲ့ မတူတဲ့ ပုံစံတွေ ပြောင်းသွားတာတွေလည်း ရှိတယ်။ တစ်ခါတစ်လေ မြန်မာဖောင့် မပေါ်တာမျိုးတွေရောပေါ့။

အဲဒီကြောင့် ခု Firefox 22.0 နှင့် Update မတက်အောင် လုပ်နည်းလေးကို သူငယ်ချင်းတွေကို မျှဝေပေးလိုက်တာပါ။

ကဲ ပထမဦးဆုံး Firefox 22.0 မရှိသေးရင်တော့ http://filehippo.com/ မှာ အောက်က လင့်မှာ သွားဒေါင်းလိုက်ပါ။

Download: Firefox 22.0

Size: 20.83 MB

အပေါ်မှာ ပေးထားတဲ့လင့်ကို သွားရင် အောက်က စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ မြားထိုးပြတာကို နှိပ်ဒေါင်းပါ။




ပြီးရင် Firefox ကို Install လုပ်ပြီးတော့ Tools >> Options ကို နှိပ်ပါ။



Options Box လေးတက်လာပြီဆိုရင် ညာဘက်အစွန်ဆုံးက Advanced ကို နှိပ်ပြီး Never check for updates ကို

ရွေးပြီး OK နှိပ်ပါ။ ဒါဆို အဲဒီ Firefox က ဘယ်တော့မှ Update မတက်တော့ပါဘူး။ အားလုံးပဲ အဆင်ပြေကြပါစေ..

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။