Tuesday 12 November 2013

Screen Capture Shortcut for Android



ဖုန်းနဲ့ ပက်သက်တဲ့ App တွေ နည်းပညာတွေ တင်တဲ့ သူငယ်ချင်းတွေဆိုရင် အသုံးပြုနည်းတွေ ၊ လုပ်နည်းတွေကို

ဓါတ်ပုံလေးတွေ ရိုက်ပြီးတော့ ရှင်းပြ ၊ တင်ပြပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း လေ့လာတဲ့လူတွေအတွက် ပိုပြီးတော့

လွယ်ကူသွားတာပေါ့နော်..။ ကိုယ်တင်ပေးတဲ့ App လေးတွေအပေါ် စိတ်ဝင်စားမှုလည်း ပိုဖြစ်မယ်လို့ ထင်ပါတယ်။

ဖုန်းမှာ ဘာဆော့ဝဲလ်မှ မသုံးပဲ ဓါတ်ပုံရိုက်ချင်ရင်  Home Key နဲ့ Power ခလုတ် ကို တွဲနှိပ်ပါ။ အဲဒါဆို ရပါတယ်။

တစ်ချို့သူငယ်ချင်းတွေကျတော့လည်း အဲလိုရိုက်တာ အဆင်မပြေဘူးဆိုလို့ အရင်ကသုံးဖူးတဲ့ ဆော့ဝဲလ်လေးပြန်ပြီး

ရှာကြည့်တာ ကံကောင်းချင်တော့ Buy မှ သုံးရတာလေးတွေ့သွားတယ်။ အရင်က သုံးဖူးတာက Free မကောင်းဘူး။

ရောင်းတဲ့ App လေးဆိုတော့ ရှယ်ပါပဲ။ ဓါတ်ပုံရိုက်ရတာလည်း တော်တော်လွယ်တယ်။ လိုချင်တယ်ဆိုရင်တော့...

Download: Screen Capture Shortcut for Android

ဒီ App လေးကို သုံးမယ်ဆိုရင် Capture from notification မှာ Yes ကိုရွေးထားပါ။ အဲဒါဆိုရင် ဘားတန်းပေါ်မှာ

Screen Capture Shortcut ပုံလေး ပေါ်လာပါလိမ့်မယ်။ အောက်ကတော့ ဓါတ်ပုံရိုက်တဲ့ အချိန် ကန့်သတ်တာပါ။

 နှိပ်ပြီး 5 စက္ကန့်ဆိုရင် ရိုက်ပါပြီ။ အောက်မှာလည်း ရှိသေးတယ်။ ကျန်တာတွေကိုတော့ စမ်းကလိကြည့်လိုက်ပါ။



ဖုန်း အပေါ်ဘားတန်းကို ဆွဲချပြီးတော့ Screen Capture Shortcut ကို နှိပ်လိုက်ရုံပါပဲ။ 5 စက္ကန့်ဆို ရိုက်ပါပြီ။



မှတ်ချက်။ ။ ဒီ App လေးက ကျွန်တော်ကိုယ်တိုင် အချိန်ကုန် အပင်ပန်းခံ ရှာဖွေ စမ်းသပ်ပြီးမှ တင်ပေးထားတာပါ။
 ကူးယူမျှဝေမယ်ဆိုရင် ကျွန်တော့်ဆိုဒ်ကို Credit ပြန်ပေးကြဖို့ တောင်းဆိုပါတယ်။ အားလုံးကို ကျေးဇူးအထူးပါ။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။