Monday 2 December 2013

Android ဖုန်းမှာ ပုံတွေကြည့်ဖို့ အကောင်းဆုံး QuickPic App



ကျွန်တော် ဒီနေ့တော့ Android ဖုန်းတွေမှာ ဓါတ်ပုံတွေ ကြည့်ဖို့အကောင်းဆုံး QuickPic App လေးကို တင်ပေးချင်ပါတယ်။

ကိုယ့်ဖုန်းထဲမှာရှိတဲ့ ဓါတ်ပုံတွေအားလုံးကို ဒီ App လေးနဲ့ တစ်နေရာတည်းမှာ အလွယ်တကူ ကြည့်ရှုလို့ အဆင်ပြေပါတယ်။

ဆိုဒ်အရမ်းကြီးနေတဲ့ ဓါတ်ပုံတွေကို Zoom ဆွဲကြည့်တဲ့နေရာမှာလည်း မူရင်းပုံအတိုင်း ကြည်လင်ပြတ်သားစွာ မြင်ရတယ်။


အကြိုက်ဆုံးကတော့ ဓါတ်ပုံတွေကို ဆလိုက်ရှိုးကြည့်တာမှာ ဒီဇိုင်းတွေ ၄ ၅ ၆ မျိုးနဲ့ တော်တော်လေးကို ကြည့်ကောင်းတယ်။

သူ့အကြောင်း သေချာလေ့လာချင်တယ်ဆိုရင်တော့ Google Play မှာ သွားဖတ်ကြည့်နိုင်ပါတယ်။ ဖရီးပေးသုံးတာဆိုပေမယ့်

ကြော်ငြာမပါပါဘူး။ လိုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းသွားပါ။ Screenshot လေးတွေလည်း ပြပေးထားပါတယ်ဗျာ.။

Download: Android ဖုန်းမှာ ပုံတွေကြည့်ဖို့ အကောင်းဆုံး QuickPic App






No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။