Monday 23 December 2013

Flash Song ဝါသနာရှင်များအတွက် ပန်းချီပုံ ဆိုဒ်



ကျွန်တော် ဒီနေ့တော့ Flash Song တွေ ဖန်တီးနေတဲ့ သူငယ်ချင်းတွေအတွက် ပန်းချီပုံလှလှလေးတွေ တင်ပေးနေတဲ့

ဆိုဒ်တစ်ခုကို လမ်းညွှန်ပေးပါမယ်။ အရင်တုန်းကတော့ ကိုယ်တိုင် ဒေါင်းပြီးတော့မှပဲ ကောင်းမယ်ထင်တာလေးတွေကို

တစ်ခါတင်ရင် အပုံ 50 လောက်စီ တင်ပေးမလို့ စိတ်ကူးထားတာပါ။ နောက်တော့ ကျွန်တော် အပျင်းထူသွားတာရယ်

အင်တာနက်လိုင်းက သိပ်မကောင်းတော့တာရယ်ကြောင့် မူရင်းဆိုဒ်ကိုပဲ ပြောပြပေးဖို့ လုပ်လိုက်တာပါ။ အားလုံးပဲ

စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ Flash Song လုပ်တဲ့အခါ ဒီပုံလေးတွေကို Photoshop နဲ့သေချာဖြတ်ပြီးတော့

Flash Effect လေးတွေနဲ့ ရောသုံးပြီး သီချင်းနဲ့ လိုက်ဖက်တဲ့ စာသား Effect တွေနဲ့ လုပ်လိုက်ရင် အရမ်းကောင်းတဲ့

Flash Song တစ်ပုဒ် ရရှိလာပါလိမ့်မယ်။ ကဲ အရမ်းလှတဲ့ ပန်းချီပုံလေးတွေကို လိုချင်တယ်ဆိုရင်တော့ အောက်မှာ

ပေးထားတဲ့ ဆိုဒ်ကို ကိုယ်တိုင်သာ အမြန်သွားပြီး ဒေါင်းယူလိုက်ပါ။ အားလုံးပဲ ပျော်ရွှင်ကြလိမ့်မယ်လို့ ထင်ပါတယ်။

Art Paintings - wallcoo.net

http://www.wallcoo.net/paint/index.htm

ကျွန်တော့်ဆိုဒ်လေးကို လာရောက်လည်ပတ် အားပေးကြတဲ့ သူငယ်ချင်းများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်..။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။