Thursday 19 December 2013

Online Audio Converter



ကျွန်တော် ဒီနေ့တော့ Mp3 သီချင်းတွေ ဒေါင်းယူလို့ အဆင်ပြေမယ့် နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။

Mp3 သီချင်းတွေ တင်ပေးနေတဲ့ဆိုဒ် တော်တော်များများက Audio Bitrate 128kbps နဲ့ တင်ပေးကြတာများတယ်။

တစ်ချို့ဆို 192kbps နဲ့ တစ်ချို့ဆို 320kbps နဲ့ပါ တင်ပေးတတ်ပါသေးတယ်။ အဲဒါက quality တော့ ကောင်းတယ်။

သီချင်းဖိုင်ဆိုဒ်ကျတော့ အရမ်းကြီးသွားပါတယ်။ ကျွန်တော်တို့ သီချင်းတင်ရင် 64kbps နဲ့ပဲ ဆိုဒ်ချုံ့ပြီး တင်ပေးတယ်။

အဲဒီတော့ Upload တင်ရတာမြန်တယ်။ လိုင်းပေါ်မှာတင်နားထောင်တာရော ဒေါင်းယူတာရော အရမ်း အဆင်ပြေတယ်။

သီချင်း ဆိုဒ်ချုံ့တာက 64kbps နဲ့ဆို အသံ quality ကို မထိခိုက်ပါဘူး။ အလွန်ဆုံး အသံနည်းနည်း တိုးသွားလောက်ပါပဲ။

ဘယ်နေရာမှာ သိသိသာသာ ကွာသွားသလဲဆိုတော့ လိုင်းမကောင်းပဲနဲ့ သီချင်းတွေ ဒေါင်းချင်တဲ့အခါ ဘယ်လောက်

မြန်ဆန် လွယ်ကူသလဲဆိုတာ သိလာပါလိမ့်မယ်။ ခု ဒီနည်းကလည်း လိုင်းမကောင်းတဲ့လူတွေအတွက်ပဲ အဓိကထား

ရည်ရွယ်ပြီးတော့ ပြောပြခြင်း ဖြစ်ပါတယ်။ လိုအပ်မယ်ဆိုရင်တော့ ဆက်ပြီး လေ့လာကြည့်ပါ။ အကျိုးရှိပါလိမ့်မယ်....။

ပထမဦးဆုံး Mp3 သီချင်းတွေ တစ်ပုဒ်ချင်း ဒေါင်းလုပ်လင့် တင်ပေးတဲ့ဆိုဒ်တွေမှာ ကိုယ်လိုချင်တဲ့ သီချင်းကို သွားပြီး

ရှာပါ။ လောလောဆယ် ကိုယ်ပိုင် Hosting တွေနဲ့ ဒါရိုက် ဒေါင်းလုပ်လင့်တွေ တင်ပေးနေတဲ့ ဆိုဒ် ၂ ခုကို ပြောပြပါမယ်။

ပထမ တစ်ဆိုဒ်က http://www.myanmarsongs.net/ ပါ။ နောက်တစ်ဆိုဒ်က http://www.ciwar.com/ ဖြစ်ပါတယ်။

Files Hosting ဆိုဒ်တွေထဲမှာတော့ http://www.mediafire.com/ နဲ့ http://www.solidfiles.com/ တွေကနေပြီးတော့

တင်ပေးတဲ့ Mp3 သီချင်းတွေ အပြင် Facebook Video တွေကိုပါ Mp3 64kbps နဲ့ ဆိုဒ်ချုံ့ပြီးတော့ ဒေါင်းယူနိုင်ပါတယ်။

 အရင်ဆုံး http://audio.online-convert.com/convert-to-mp3 ကို သွားပါ။ ပြီးတော့ ခုနတုန်းက ပြောခဲ့တဲ့

ဆိုဒ်တွေက ဒေါင်းလုပ်လင့်တွေကို Right Click >> Copy Link Loction ကို နှိပ်ပြီးတော့ အောက်ကပုံလေးမှာ ဝိုင်းပြ

ထားတဲ့ အကွက်ထဲကို ထည့်ပါ။ Change audio bitrate: မှာ 64 kbps ကို ရွေးပြီးတော့ Convert file ကို နှိပ်လိုက်ပါ။



Convert လုပ်ချိန် စက္ကန် 30 လောက်တော့ စောင့်ရပါမယ်။ လိုင်းကောင်းရင် Convert file ကို နှိပ်ပြီးတာနဲ့

တစ်ခါတည်း ဒေါင်းလုပ်ဘောက်စ်လေး တက်လာပါတယ်။ Save File ကို ရွေးပြီး OK နှိပ်ပါ။ ဒါဆိုရင်တော့

ကိုယ်လိုချင်တဲ့သီချင်းကို Audio Bitrate: 64 kbps နဲ့ ဆိုဒ်ချုံ့ပြီး ဒေါင်းနေပါပြီ။ အဆင်ပြေမယ်လို့ ထင်ပါတယ်။



http://www.mediafire.com/ က ဒေါင်းမယ်ဆိုရင် အောက်က ပုံလို ဒေါင်းလုပ်လင့်ကို ကော်ပီကူးထည့်ရမှာပါ။

http://www.solidfiles.com/ ကဆိုရင်လည်း အဲဒီဆိုဒ်က ဒေါင်းလုပ်လင့်ကို ကော်ပီကူးပြီး ထည့်ရမှာ ဖြစ်ပါတယ်။



Facebook က Video တွေဆိုရင်တော့ အဲဒီ Video ဖိုင် စာမျက်နှာရဲ့ လင့်ကို ကော်ပီကူးထည့်ရမှာ ဖြစ်ပါတယ်။



ဒါ့အပြင် အဲဒီဆိုဒ်မှာ Flash Song .swf ဖိုင်တွေနဲ့ FLV, Mp4 စတဲ့ Video ဖော်မက်တွေနဲ့ Audio ဖော်မက်အစုံကို

ဒါရိုက် လင့်တွေရှိမယ်ဆိုရင် လိုင်းပေါ်မှာတင် Audio Bitrate: 64 kbps နဲ့ ဆိုဒ်ချုံ့ပြီးတော့ ဒေါင်းယူနိုင်ကြောင်းပါ။

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။