အသုံးဝင်တဲ့ ပိုစ့်လေးမို့ပြန်share လိုက်ပါတယ်။
IDM ကတော့ Downloader တွေထဲမှာ အသုံးများဆုံးနဲ့ အကောင်းဆုံး downloaderပါပဲ။
{Credit >>>>http://www.winkabarkyaw.net/2014/08/download-manager-resume.html
အားလုံးပဲ မင်္ဂလာပါခင်ဗျာ.....
ဒီနေ့ PC က IDM မှာ ဆွဲထားတဲ့ဖိုင်တွေ Resume Download လုပ်လို့မရတော့တဲ့အခါ ရအောင်လုပ်မည့်နည်းလေးကို တင်ပေးလိုက်ပါတယ် ။
တကယ်ရပါတယ်နော် ပြောထားသလိုပဲ လုပ်ကြည့်လိုက်ပါ။
ကဲစရအောင် ပထမဆုံးသားတို့Resume လုပ်ချင်တဲ့ ဖိုင်ဆီကို Download Manager ကနေတဆင့်သွားလိုက်ပါ ။
ရောက်ပြီဆိုရင် ဖိုင်ကို ထောက် Right Click >>>>>Reflesh download adress ဆိုတာလေးကိုနှိပ်လိုက်ပါ ။

Broswer ကနေ သွားနေပါလိမ့်မယ် ခဏလေးစောင့်ပါ
အဲ့မှာ အရင်ဆွဲထားတဲ့ ဖိုင်ဆီရောက်သွားရင် Download အသစ်ထပ်ဆွဲပါ IDM နဲ့ ပဲပြန်ဆွဲနော်
0k ဆွဲနေပြီဆိုရင် pause ထားပါ Downlaod Manager ဆီပြန်သွား ဆွဲနေတဲ့ အသစ်ပေါ်မှာ Right Click >>>Properties ထဲက

ပြီးရင် အနီနဲ့ ၀ိုင်းပြထားတဲ့ Link တွေ အကုန်လုံးကို Copy လုပ်ပါ ။
ok ပြီးရင် အရင် Resume လုပ်မရတဲ့ဖိုင်ကိုသွား Right Click >>>>> Propertiesခုနက ပြတဲ့နေရာလိုမျိုးမှာပဲ လင့်တွေအားလုံး Paste လုပ်လိုက်ပါ
ပြီးရင် ok ပေးလိုက်ပါ။ ပြီးရင်အဲ့ဖိုင်ကို Resume လုပ်လိုက်ပါ။

အဆင်ပြေစွာနဲ့ ဆက်ဒေါင်းနေပါလိမ့်မယ် အဲ့ဒါဆို
ဘယ်လောက်ပဲဆိုဒ်ကြီးကြီးကြောက်စရာမလိုတော့ပါဘူးပေါ့
ရှင်းရှင်းပြောရရင်တော့ ဗျာ အဟောင်းကဆွဲမယ့် လင့်ကိုအသစ်က ဆွဲမယ့် လင့်နဲ့အစားထိုးလိုက်တာပဲ
အဆင်ပြေပါစေ.........................Min Oke Kar (ဘီလူးကျွန်းသားလေး)}
No comments:
Post a Comment
Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။