Tuesday 23 October 2012

Flash Song လုပ်တတ်ချင်လို့ပါ..

ကဲ ဒီနေ့တော့ ကျွန်တော့်ကို အကောင့်လာအပ်ပြီး Flash Song လုပ်နည်းလေး သိချင်လို့ပါ။

Flash Song လုပ်တတ်ချင်လို့ပါဆိုတဲ့ သူငယ်ချင်းတွေအတွက်ပါ..ကျွန်တော်လည်း

ဒီ Flash Song ကို စိတ်ဝင်စားလို့ ဝါသနာပါလို့သာ Flash Song နဲ့ ပက်သက်တာလေးတွေကို

ရှာဖွေလေ့လာရင်းနဲ့ တွေ့ရှိ သိခဲ့တာလေးတွေကို တစ်ခြား ဝါသနာတူ သူငယ်ချင်းတွေအတွက်

တစ်နေရာတည်းမှာ အစုံ လာပြီးတော့ လေ့လာနိုင်အောင် ဆိုပြီးတော့ ဒီ ဆိုဒ်လေးကို လုပ်ဖြစ်ခဲ့တာပါ။

ကျွန်တော့်မှာ ရှိတာ သိတာဆို ဘာမှ ချန်မထားပါဘူး။ တစ်ခု သိရင်၊ ရှိရင် အဲဒါကို

ချက်ချင်း တင်ပေးပါတယ်။ အခုတစ်လော ကျွန်တော့်ကို အကောင့်လာအပ်ပြီးတော့

Flash Song လုပ်နည်းလေး သိချင်လို့ လုပ်တတ်ချင်လို့ ဆိုပြီးတော့ လာမေးကြတယ်။

ဒီဆိုဒ်မှာလည်း အရင် Flash Song လုပ်နည်းတွေ တင်ပေးထားတာ ရှိပါတယ်။

အဲဒါကို သေချာရှာမဖတ်ကြဘူးထင်တယ်။ ပြီးတော့ ပညာပဲ စမ်းချင်ကြတာလား ဘာလဲတော့

သေချာ မသိဘူးပေါ့။ ခဏ ခဏပါပဲ။ Flash Song ဒေါင်းနည်းကိုတောင် လာမေးနေတဲ့လူတွေက

ရှိပါသေးတယ်။ ဒီဆိုဒ်မှာဆိုရင် Flash Song နဲ့ ပက်သက်တာပဲ အဓိက ထားပြီး တင်တာပါ။

တစ်ခြား အပိုမဆလာတွေ ရှုပ်မှာစိုးလို့ Flash Song နဲ့ မဆိုင်တာဆို တင်ကို မတင်ပါဘူး။

ပြီးတော့ ကျွန်တော့် Gmail အကောင့်ကလည်း ဆိုဒ်မှာပဲ အခက်အခဲတစ်ခုခု ရှိရင်ပဲဖြစ်ဖြစ်

ကျွန်တော့်ကို ပြောချင်တာလေးတွေ ရှိရင် ဆက်သွယ်လို့ ရအောင်ဆိုပြီးတော့ ရေးပေးထားတာပါ။

အဲဒါကို အကောင့်တော့ လာအပ်ပြီး မင်းအပ်တာလား? ငါ့အကောင့် ဘယ်ကရတာလဲလို့တောင်

မေးတဲ့လူတွေ ရှိပါတယ်။ ပညာစမ်းချင်လို့ လာပြီး အကောင့်အပ်တာ မေးတာဆိုရင်တော့

Sorry ပါလို့ ခုကတည်းက ကြိုပြောထားချင်ပါတယ်။ ကျွန်တော် ဘာမှ မသိ၊ ဘာမှ မတတ်ပါဘူးလို့ပဲ

ဝန်ခံချင်ပါတယ်။  ဝါသနာနဲ့ စေတနာကို အဓိက ထားပြီးတော့ ကိုယ့်လိုပဲ ဝါသနာတူ သူငယ်ချင်းတွေ

Flash Song နဲ့ ပက်သက်ပြီး လေ့လာချင်တာတွေ လိုအပ်တာလေးတွေ အစုံ လိုချင်တဲ့အခါ

အစစ အရာရာ အဆင်ပြေအောင်ဆိုပြီးတော့ လုပ်ပေးနေတာပါ။ အဲဒီတော့ တစ်ကယ်ဝါသနာပါတယ်ဆိုရင်

ဒီ Flash Song ကို တစ်ကယ် လုပ်တတ်ချင်တယ်ဆိုရင် ကိုယ်တိုင် လေ့လာ စမ်းကြည့် လုပ်ကြည့်ပါ။

မသိလို့ မေးတာဆို သိတဲ့လူတွေကလည်း ပြောပြပေးမှာပါ။ ပညာစမ်းတာဆိုရင်တော့

မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ နောက် တစ်ကယ်အခက်အခဲရှိတဲ့လူတွေ မေးတဲ့အခါ

ဘယ်သူကမှ ဖြေပေးချင်တော့မှာ၊ ကူညီချင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တွေ အားလုံးက

ငွေကြောင့် လုပ်ပေးနေတာ မဟုတ်ပါဘူး။ စေတနာသပ်သပ်နဲ့သာ ဆိုတာကို သိစေချင်ပါတယ်။

အဲဒီတော့ Flash Song လုပ်နည်းသိချင် တတ်ချင်တဲ့သူတွေအတွက် ဒီ Myanmar Flash Song ဆိုတာကို

ပထမဦးဆုံး စတင်ပြုလုပ်ပြီး သူကိုယ်တိုင် Flash Song လုပ်တာကို  တစ်ကယ် ကျွမ်းကျင်တဲ့

Flash Song Creator - Double Tun ရေးထားတဲ့ Flash Song လုပ်နည်းစာအုပ် ဒေါင်းပြီးဖတ်ပါ။

ဒါကတော့ ဘဝမီးအိမ် ဆိုဒ်က ကိုသူရ(မိုးသောက်ပန်း)ရေးထားတဲ့ Flash Song လုပ်နည်းစာအုပ် လေးပါ။

ဟောဒါကတော့ MM-Flash Songs ဆိုဒ်က ယစ်ထုပ်ကြီးရေးထားတဲ့ Flash Song လုပ်နည်း စာအုပ်ပါ။

အဲဒီမှာ Flash Song လုပ်နည်းစာအုပ်ကို ဒေါင်းပြီး ဖတ်။ ပြီးရင် စမ်းပြီး လုပ်ကြည့်ပါ။

နေရာတကာ လိုက်မေးမနေကြပါနဲ့။ ကိုယ်တိုင်လည်း နည်းနည်းပါးပါး ကြိုးစားပြီး လုပ်ကြပါဦး။

Flash Song လုပ်ဖို့ SWiSH Max ဆော့ဝဲလ်တွေနဲ့ Effect တွေကိုတော့ ဟောဒီနေရာမှာ သွားဒေါင်းပါ။

Flash Song ဒေါင်းနည်းက အဲဒီနေရာမှာ သွားပြီးဖတ်ပါ။သူများအသီးသီးက သိချင် လိုချင် တတ်ချင်လွန်းလို့

Google ကနေပြီးတော့တောင် သေချာ ရှာပြီးတော့ လာကြပါတယ်။ တစ်ချို့ကျတော့လည်း

ဆိုဒ်ထဲ ရောက်တာတောင် သေချာ မရှာကြည့်ကြပါဘူး။ ရော့  ဟောဒီမှာပါလို့ ပြမှ သဘောကျချင်တယ်လို့

ထင်ပါတယ်။ အဲလောက် အသက်သာကျိုးနေမယ်ဆိုရင် ဘာမှ မလုပ်ပဲ ထိုင်နေ။

ဒါမှမဟုတ် အိပ်နေလိုက်ပါ။ ဆိုဒ်ထောင်တာ ဘာရလဲလို့ မေးချင်ကြသေးတဲ့သူတွေ ရှိသေးရင်

ရပါတယ်လို့..အများကြီးကို ရနေတာပါ။ နောင်တတွေ ပါဂျာ ..:D

သူငယ်ချင်းများအားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ.....

စေတနာများစွာဖြင့်.. ဘာမှ မတတ်သော......Thurainlin

No comments:

Post a Comment

Comment များအား စစ်ဆေးပြီးမှသာ အတည်ပြုပေးမည်။